၂၀၁၈-၂၀၁၉ အရောင်ပြေးစမတ်ဖုန်းခေတ်ရေစီးကြောင်းကို အဆင့်မြှင့်တင်မည့် OPPO F11 Pro ကို အိန္ဒိယတွင် မိတ်ဆက်

ပုံသေတစ်သမတ်တည်းဖြစ်သော အရောင်ဒီဇိုင်းနှင့် စမတ်ဖုန်း များ ထုတ်လုပ်နေမှုလမ်းကြောင်းမှ ဖောက်ထွက်ကာ အရောင်များကို ဟန်ချက်ညီညီ ပေါင်းစပ်ထားသည့်  အရောင်ပြေးကာလာ ဒီဇိုင်းများဖြင့် စမတ်ဖုန်းရောင်းအားကို မြင့်တက်စေခဲ့ပြီး ပထမဆုံးအရောင်ပြေးစမတ်ဖုန်း ဒီဇိုင်းများကိုထုတ်လုပ်ခဲ့သည့် ကုမ္ပဏီမှာ OPPOပင်ဖြစ်သည်။

OPPO သည် ၂၀၁၃ခုနှစ်မှစ၍ အရောင်စပ် စမတ်ဖုန်းဒီဇိုင်းများဖြင့် R Series နှင့် F Series များကို ဦးဆောင်ထုတ်လုပ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း အရောင်ပြေးဒီဇိုင်းများကို ၂၀၁၈ခုနှစ်တွင် F9 Series ဖြင့် ဝင်ရောက်လာခဲ့ရာ Starry Purple၊ Jade Green၊ Sunrise Red နှင့် Twilight Blue အရောင်များဖြင့် စမတ်ဖုန်းအသုံးပြုသူများအကြား အောင်မြင်မှုများရရှိခဲ့သည်။

OPPO သည် သုံးရောင်စပ် F11 Pro စမတ်ဖုန်းနှင့်အတူ ၎င်းတို့၏ အရောင်ပြေးစမတ်ဖုန်းခေတ်ရေစီးကြောင်းကို အဆင့်မြှင့်တင်တော့မည်ဖြစ်သည်။ OPPO F11 Pro စမတ်ဖုန်းတွင် Panoramic Screen ဒီဇိုင်းအပြင် 48MP rear camera နှင့် စမတ်ဖုန်းအလယ်မှ ထွက်ရှိလာသည့် Pop-up selfie camera တို့ ပါရှိမည်ဖြစ်ပြီး VOOC 3.0 အမြန်အားသွင်းစနစ်လည်း ပါရှိမည်ဖြစ်သည်။

ဆန်းပြားသည့် 3Dအရောင်ပြေးဒီဇိုင်းနှင့် ထွက်ရှိလာမည့် OPPO F11 Pro ကို မတ်လ (၅) ရက်တွင် အိန္ဒိယနိုင်ငံ၌ စတင်မိတ်ဆက်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင်လည်း လာမည့်မတ်လအတွင်း မိတ်ဆက်သွားဖွယ်ရှိရာ F11 Pro သည် ယင်းနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံသို့လည်း ဝင်ရောက်လာမည်ဟု ခန့်မှန်းရသည်။

#Oppo Myanmar

{Unicode}

%d bloggers like this: