PC အသစ် ဝယ်ပြီးရင် App တွေကို အမြန်ဆုံး ဘယ်လို Install လုပ်မလဲ ?

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ပဲဖြစ်ဖြစ် ၊ဝင်းဒိုးအသစ်တင်လို့ပဲဖြစ်ဖြစ် Programs တွေ ကို အမြန်ဆုံးအင်စတောလုပ်ပြီးအသုံးပြုနိုင်မယ့်နည်းတွေကို မျှဝေပါတယ်။

Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ဖို့ Ninite ကိုသုံးပါ။

Ninite က Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ပေးနိုင်ပါတယ်။ Installer တစ်ခုထဲကိုအသုံးပြုပြီး Programs တွေကိုအင်စတောလုပ်ပေးနိုင်ပါတယ်။Installation Wizard တွေကိုလည်းသင်မြင်တွေ့ရမှာမဟုတ်တဲ့အတွက်အဆင်ပြေလှပါတယ်။ Programs တွေ နဲ့အတူပါလာတဲ့ Junk Software တွေ၊ Toolbars တွေကိုလည်း Ninite က Block လုပ်ပေးနိုင်ပါတယ်။Ninite က Popular Applications တွေ တော်တော်များများကို အင်စတောလုပ်ပေးနိုင်ပါတယ်။Chrome, Firefox, Skype, Pidgin, iTunes, VLC, Silverlight, Paint.NET, OpenOffice, Microsoft Security Essentials, µTorrent, Dropbox, Steam, 7-Zip အပါအဝင် တစ်ခြား Applications တွေ ကို Ninite ကနေရွေးချယ်ပြီး အင်စတောလုပ်နိုင်ပါတယ်။

Download

Portable Apps တွေ သုံးပါ။

Portable Apps တွေ သုံးခြင်းဖြင့်လည်း အင်စတောလုပ်စရာမလိုဘဲ Programs တွေကိုသုံးနိုင်ပါတယ်။ Portable Apps တွေကို Dropbox လို Cloud Storage မှာသိမ်းထားနိုင်သလို ၊ SmartPhone,USB Stick မှာသိမ်းထားနိုင်ပါတယ်။ Computer အသစ်မှာ Programs တွေကို အသုံးပြုချင်ရင် Cloud Storage Client ကနေ Sync လုပ်ပြီးသုံးနိုင်သလို ၊ USB Stick,Smartphone တွေနဲ့ကွန်ပြူတာကိုချိတ်ဆက်ပြီးသုံးနိုင်ပါတယ်။ Portable Apps တွေဟာ သူတို့ရဲ့Data တွေကို သူတို့ကိုယ်ပိုင်ဖိုဒါတစ်ခုမှာသိမ်းထားတဲ့အတွက် သင်ဘယ်ကွန်ပြူတာကိုအသုံးပြုသည်ဖြစ်စေ Setting ,Program Data တွေကို အသုံးပြုနိုင်တဲ့ အားသာချက်လည်းရှိပါတယ်။ Portable Apps တွေကိုရယူနိုင်မယ့် Website များစွာ ရှိပါတယ်။

PickMeApp ကိုသုံးပါ။

PickMeApp က ကွန်ပြူတာအဟောင်း ၊ ဝင်းဒိုးအဟောင်း မှာ အင်စတောလုပ်ထားတဲ့ Programs တွေကို ကွန်ပြူတာအသစ် ၊ ဝင်းဒိုးအသစ်ကို အလွယ်တကူကူးပြောင်းပေးနိုင်ပါတယ်။ Programs တွေ သာမကဘဲ Files,Program Setting,Windows Setting ,Internet Setting တွေကိုပါ ကူးပေးနိုင်ပါတယ်။PickMeApp က Portable ဖြစ်ပြီး USB Stick ထဲကနေအသုံးပြုနိုင်ပြီး Programs တွေကို ကွန်ပြူတာအသစ်ကို အလွယ်တကူကူးပေးနိုင်ပါတယ်။ ကူးမယ့် Programs တွေကိုလည်းရွေးချယ်နိုင်ပါတယ်။PiceMeApp က Windows 7, Windows Vista and Windows XP မှာ အလုပ်လုပ်ပါတယ်။

Windows Easy Transfer ကိုသုံးပါ။

Microsoft ရဲ့ Windows Easy Transfer Tool ကလည်း PickMeApp လို ပဲ Windows Setting,Program Settings, Files တွေကို Windows အသစ်ကို ကူးပေးနိုင်ပါတယ်။ ဒါပေမယ့် PickMeApp လို Programs တွေ ရွေးချယ်လို့မရသလို Program Setting တွေ ပဲကူးပေးမှာဖြစ်ပြီး Programs တွေကို ပြန်ပြီးအင်စတောလုပ်ရမှာပါ။ Windows Easy Transfer Tool က Windows XP,Windows Vista,Windows 7 က Settings တွေကို Windows 7 တစ်ခု ထဲကိုပဲကူးပေးနိုင်တဲ့ ကန့်သတ်ချက်တော့ရှိပါတယ်။Windows 7 ကို Reinstall လုပ်တာပဲဖြစ်ဖြစ်၊ Windows XP, Windows Vista ကနေ Upgrade လုပ်တာပဲဖြစ်ဖြစ် Windows Easy Transfer Tool ကိုသုံးရင် Program Settings တွေကိုပြန်ပြီး Configure လုပ်စရာမလို တဲ့အတွက်အသုံးဝင်ပါတယ်။

ref: howtogeek

PC အသစ် ဝယ်ပြီးရင် App တွေကို အမြန်ဆုံး ဘယ်လို Install လုပ်မလဲ ?

%d bloggers like this: