သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့ Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။

Mozilla Firefox

Firefox မှာ Browser Extensions တွေ ရဲ ့ Memory Usage ကိုသိနိုင်ဖို့ အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။

Google Chrome

Google Chrome က multi-process browser ဖြစ်ပြီး Browser Extensions တွေကသူတို့ရဲ ့ကိုယ်ပိုင် Process အနေနဲ့Run ကြတာပါ။ Chrome ရဲ့ Task Manager ကိုဖွင့်ကြည့်ရင် Extension တွေရဲ ့Memory Usage ,CPU Usage တွေကိုတွေ့မြင်နိုင်ပါတယ်။ဒါ့အပြင် Chrome Web Apps တွေ ရဲ့ Resources တွေကို အသုံးပြုနေမှုတွေကိုပါသိနိုင်ပါတယ်။

Task Manager ကိုဖွင့်ဖို့အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။

ဒါဆိုရင် Extensions,Web Apps တွေ ရဲ့ Memory Usage တွေကိုတွေ့မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။

Browser’s Safe Mode ကိုအသုံးပြုပါ။

Browser တွေ ရဲ့ Safe Mode ကိုအသုံးပြုရင် Extension တွေအားလုံးကို Disable လုပ်ပေးပါလိမ့်မယ်။အဲဒီအတွက် Extension တွေ အသုံးပြုနေတဲ့အချိန်က Browser ရဲ့Performance နဲ့ Extension တွေ Disable လုပ်ထားတဲ့အချိန်က Browser ရဲ ့Performance ကိုနှိင်းယှဉ်သိနိုင်ပါတယ်။

Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။

Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို –disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့ Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။

Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Ref : makeuseof

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

%d bloggers like this: