ပထမဆုံးစမတ်ဖုန်းကို စတင်ထုတ်လုပ်တော့မယ့် Land Rover

ဗြိတိန်မော်တော်ကားကုမ္ပဏီဖြစ်တဲ့ Jaguar Land Rover ကလည်း အခုဆိုရင် စမတ်ဖုန်းနဲ့ ဆက်စပ် ပစ္စည်းတွေကို စတင်ထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း ကြေငြာလိုက်ပါပြီ။

Ta Ta Motors က ပိုင်ဆိုင်တဲ့ Land Rover ကုမ္ပဏီဟာ UK အခြေစိုက် အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ Bullit Group နဲ့ ပူးပေါင်းကာ စမတ်ဖုန်းစီးရီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၁၇ ခုနှစ်အစောပိုင်းမှာ စတင် ထုတ်လုပ်သွားမှာဖြစ်ကြောင်း၊ Jaguar Land Rover ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့လိုင်စင် ဒါရိုက်တာ Lindsay Weaver က ပြောကြားခဲ့ပါတယ်။

အရင်တုန်းကလည်း Ferrari ၊ Lamborghini ၊ Aston Martin နဲ့ Bentley စတဲ့ ဇိမ်ခံကားကုမ္ပဏီတွေဟာ ကုမ္ပဏီအမှတ်တံဆိပ်နဲ့စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့်၊ အဆိုပါဖုန်းတွေဟာ specs အကောင်းကြီးမဟုတ်သလို၊ ဈေးကလည်းကြီးသေးတဲ့အပြင်၊ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ထဲ တိုးနိုင်လောက်အောင် အရေအတွက်လုံလုံလောက်လောက်မထုတ်ခဲ့တာကြောင့် သိပ်အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒီတစ်ခါတော့ Land Rover စမတ်ဖုန်းက ဒီအစဉ်အလာကို ရိုက်ချိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီစမတ်ဖုန်းမှာ ဘာတွေသုံးစွဲထားမလဲဆိုတာကို လက်ရှိမှာ မသိရသေးပေမယ့်၊ Google ရဲ့ Android OS နဲ့ပဲ လည်ပတ်မှာဖြစ်တယ်လို့တော့ သိထားရပါတယ်။

Land Rover ကားတွေဆိုတာ၊ လမ်းကြမ်းမောင်းနိုင်၊ အကြမ်းခံတဲ့ကားတွေအဖြစ် နာမည်ကျော်တာကြောင့်၊ သူတို့ ထုတ်လုပ်မယ့်စမတ်ဖုန်းမှာလည်း ဒီလိုစွမ်းဆောင်ရည်တွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။

Ref: Tech Times

 

 

%d bloggers like this: