YouTuber များထဲမှာ ၂၀၁၈ ခုနှစ်က ဝင်ငွေအများဆုံး ရသွားတာက Ryan အမည်ရ အသက် ၇ နှစ်အရွယ် ကလေးငယ် ဖြစ်ပါတယ်။ အခုတေ့ သူဟာ တီဗီ ရှိုး ရိုက်နိုင်တဲ့ အထိ အောင်မြင်လာပါပြီ။ Ryan ဟာ Nickelodeon မှာ တီဗီ ရှိုးတစ်ခုကို တင်ဆက်တော့မှာ ဖြစ်ပါတယ်။ Episode ပေါင်း ၂၀ ကို ဒီနှစ်မှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။
သူ့ရဲ့ တီဗီ ရှိုး အမည်မှာ “ Ryan’s Mystery Playdate “ ဖြစ်ပြီး သူ၊ သူ့ မိသားစုနဲ့ ကာတွန်း ဇာတ်ကောင်များက လျှို့ဝှက်ချက်များကို ဖြေရှင်းခြင်း၊ ကစားခြင်းများ ပြုလုပ်တာကို ရိုက်ကူးတင်ဆက်မှာ ဖြစ်ပါတယ်။
Ryan အမည်ရ ကလေးငယ်ဟာ Ryan ToysReview Channel ကို တည်ထောင်ထားပြီး ကလေးကစားစရာ အရုပ်များကို Review ပြုလုပ်တဲ့ ဗီဒီယိုများကို မျှဝေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်မှာ သူဟာ Forbes ရဲ့ ဝင်ငွေ အကောင်းဆုံး YouTube Star စာရင်းမှာ အဆင့် ၈ ကနေ ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။
Ryan ToysReview ဟာ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ဒေါ်လာ ၂၂ သန်း ဝန်းကျင် ရရှိသွားပါတယ်လို့ Forbes က တွက်ချက်ထားပါတယ်။ ဒီပမာဏဟာ ယခင်နှစ်ရဲ့ ၁၁ သန်း ထက်များပြားလာတာ ဖြစ်ပါတယ်။ Ryan ToysReview ဟာ YouTube Star တစ်ဦး ဖြစ်သူ Jake Paul ရဲ့ ဝင်ငွေ ၂၁.၅ သန်းထက် ကျော်လွန်ခဲ့ပါတယ်။
Ryan ToysReview ကို ၂၀၁၅ ခုနှစ် မတ်လမှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄ နှစ်အရွယ်ကစတင်က ရိုင်ရန်ဟာ ကစားစရာများကို ဝေဖန်သုံးသပ်တဲ့ ဗီဒီယိုများကို နှစ်သက်ခဲ့တာ ဖြစ်ပြီး YouTube မှာ ဒီလို ဗီဒီယိုများကို တင်ဖို့ သူက မိဘများအား ခွင့်တောင်းခဲ့တာပါ။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ရိုင်ရန်ဟာ အမေရိကန်မှ Walmart စတိုးပေါင်း ၂၅၀၀ နဲ့ Walmart Website များမှာ Ryan’s World အမည်ရ ကလေး ကစားစရာ ရောင်းတဲ့ ကဏ္ဍကို ထည့်သွင်းဖို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ Ryan ToysReview ဟာ Follower ပေါင်း ၁၇ သန်းနဲ့ သူ့ရဲ့ ဗီဒီယိုများကို ကြည့်ရှုတဲ့ အကြိမ်ဟာ ၂၆ ဘီလီယမ်ကို ရရှိထားပါတယ်။
Ref : thisisinsider
TV Show တင်ဆက်မယ့် အသက် ၇ နှစ်အရွယ် ကလေးငယ်
You must log in to post a comment.