Android Phone မွာ Malware မကူးစက္ေအာင္ ဘယ္လို ကာကြယ္မလဲ ?

ဒီေနရာမွာ Android ေတြလို႔ပဲသံုးလိုက္ရတာက Android က Apple ထက္ကို Malware ဝင္ႏုိင္ေခ်ပိုမ်ားတဲ့ Open Platform တစ္ခုျဖစ္ေနလို႔ပါ။ လက္ရိွမွာေတာ့ Malware ေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔ Google ကေန Google Play Protect ကိုဖန္တီးေနဆဲျဖစ္ေပမယ့္ ထြက္မလာေသးပါဘူး။ Google ထိန္းခ်ဳပ္ေပးတာမေပးတာအျပင္ ေနာက္ထပ္ ကိုယ့္ဖုန္းကို လံုျခံဳေအာင္ Malware ေတြကင္းေအာင္ အလြယ္လုပ္လို႔ရတဲ့နည္းလမ္းေတြရိွပါတယ္။

ဒါဆို Android Malware ဆိုတာဘာလဲ??

Malware ဆိုတဲ့စကားလံုးကိုအရင္ကၾကားဖူးမယ္လို႔ေတာ့ထင္ပါတယ္။ သူကေတာ့ “Malicious Software” ရဲ႕အတိုေကာက္ဗားရွင္းျဖစ္ျပီး Windows ေတြမွာေတြ႔ရေလ့ရိွရံုတင္မကဘဲ Android ေတြမွာပါ ေတြ႔ရတတ္ပါတယ္။ သူကေတာ့ Popup ေၾကာ္ျငာေတြေပၚလာတာ Toolbars ေတြ Install လုပ္သြားတာ စတာေတြကိုလုပ္တဲ့ ေဆာ့ဖ္ဝဲလ္မ်ိဳးမဟုတ္ပါဘူး။

Android မွာ ပုန္းကြယ္ေနတတ္တဲ့ ေဆာ့ဖ္ဝဲလ္ေတြျဖစ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ဒီလို Malware အရႈပ္ထုပ္ေတြ ကိုယ့္ဖုန္းထဲမွာ Install လုပ္ေနတာကို မသိတတ္ၾကပါဘူး။ ကိုယ့္ရဲ႕တရားဝင္ App တစ္ခုခုအျဖစ္ျပရင္ျပေနမယ္ ဒါမွမဟုတ္ ကိုယ္မျမင္ရတဲ့ေနရာမွာေပ်ာက္ေနတာမ်ိဳးပါ။ ဒါေပမယ့္ ေနာက္ကြယ္ကေန တစ္ခ်ိန္လံုး Run ေနျပီး ကိုယ့္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကိုခိုးယူ တစ္ေနရာဆီပို႔ေပး ဒါမ်ိဳးေတြလုပ္တဲ့ေဆာ့ဖ္ဝဲလ္ေတြပါ။ ဒါေပမယ့္ ဒီ Malware ေတြကို Android မွာအလြယ္တကူေရွာင္ရွားႏုိင္တဲ့နည္းလမ္းေလးေတြရိွပါတယ္။

Official Apps ေတြကိုပဲသံုးပါ။

တျခား မိုဘိုင္းလ္ Operating System ေတြနဲ႔ Android နဲ႔မတူတဲ့တစ္ခ်က္က အျပင္တရားမဝင္ App ေတြရႏုိင္ျခင္းပါ။ Sideload App ေတြလို႔ေခၚျပီး Google ရဲ႕ တရားဝင္ Play Store မွာ မရိွတဲ့ App ေတြပါ။ App က ကိုယ့္ႏုိင္ငံမွာမရတာပဲျဖစ္ျဖစ္ ကိုယ့္ဖုန္းအတြက္ ေနာက္ဆံုးဗားရွင္းမထြက္ေသးတာပဲျဖစ္ျဖစ္ အမ်ားစုက အျပင္ Site ေတြကေဒါင္းၾကတဲ့အခါမ်ိဳးမွာ ပါလာတာပါ။

ဒီလိုအျပင္ Site ေတြက App ေတြကိုသြင္းတာက အႏၱရာယ္မ်ားတဲ့အတြက္ Google က Play Store မွာေတြ႔ရတဲ့ Malicious App ေတြေတာ္ေတာ္မ်ားမ်ားကို ေလွ်ာ့ခ်ဖို႔လုပ္ေနဆဲပါ။ ဒါေပမယ့္ ကုိယ္ကုိယ္တုိင္ကမွ Manually Install သြားလုပ္ေနတယ္ဆိုရင္ေတာ့ Malware ကို Install သြားလုပ္ေနသလိုျဖစ္လို႔ ဒုကၡေရာက္ႏုိင္ပါတယ္။ ဒါေၾကာင့္ Google အေနနဲ႔ Sideload ေတြကို Disable လုပ္ဖို႔ Default ထားထားတာျဖစ္ပါတယ္။

တကယ္လုိ႔ Sideload App ေတြကိုလုိခ်င္ပါတယ္ဆိုရင္ေတာ့ ကိုယ္ေဒါင္းလုပ္ဆြဲမယ့္ဝဘ္ဆိုဒ္က ယံုၾကည္ရရဲ႔လားဆိုတာ တစ္ခ်က္စစ္ၾကည့္ပါ။ ဥပမာ Apk Mirror တုိ႔က App ေတြဆို စိတ္ခ်ရျပီး ဝဘ္ဆုိဒ္မွာတင္ခြင့္မျပဳခင္ကကို အတည္ျပဳစစ္ေဆးျပီးသားေတြပါ။ မသိတဲ့ဆုိဒ္ကေန Apk ေတြကိုေဒါင္းလုပ္ခ်မယ္ဆိုရင္ေတာ့ Developer ရဲ႕ ဝဘ္ဆိုဒ္လား Developer ကနာမည္ၾကီးလား စိတ္ခ်ရရဲ႕လား စတာေတြကိုေတာ့ စစ္ၾကည့္သင့္ပါတယ္။ ေနာက္တစ္ခုကေတာ့ ေၾကာ္ျငာေတြပါ။ ဝဘ္ဆိုဒ္မွာေၾကာ္ျငာေတြဘယ္ေလာက္မ်ားသလဲ၊ ဗရုတ္သုတ္ခေၾကာ္ျငာေတြလား အဲ့လိုေၾကာ္ျငာေတြမ်ားေနတဲ့ဆိုဒ္ဆိုရင္ေတာ့ ေဝးေဝးေရွာင္တာေကာင္းပါတယ္။

Third-Party App Stores ေတြကို ေရွာင္ပါ။

Google Play မဟုတ္ဘဲ တျခား Application Download လုပ္တဲ့ App Store ေတြကိုမသံုးပါနဲ႔။ Google Play ကမျပီးျပည့္စံုေသးဘူးဆိုေပမယ့္လည္း Junk File ေတြမ်ားတဲ့တျခား Third-Party Site ေတြထက္ေတာ့စိတ္ခ်ရပါေသးတယ္။ Sideload App ေတြရဲ႕ေနာက္ထပ္ဆုိးတဲ့တစ္ခ်က္က App တစ္ခုသြင္းခ်င္ရင္ သူ႔အရင္ တျခား App ေတြကိုသြင္းမွဆိုတာမ်ိဳးေတြရိွပါေသးတယ္။

App Store ကိုယ္တိုင္ကမွ Malicious ျဖစ္ေနရင္ သူ႔မွာ App ေတြကို Install လုပ္ဖုိ႔အခြင့္အေရးပိုရိွသြားျပီး Malware ေတြကိုသြင္းေနေတာ့မွာပါ။ ဒီလိုနဲ႔ကိုယ့္ဖုန္းထဲမွာ Malware ေပါင္းေသာင္းေျခာက္ေထာင္ေရာက္လာပါလိမ့္မယ္။

Google Play ကိုသံုးရင္ေတာင္ Official Apps ေတြကိုပဲသြင္းပါ။

အေပၚကေျပာထားသလုိ Google Play လည္းျပည့္စံုလြန္းလွတယ္မဟုတ္ပါဘူး။ Play Store မွာေတာင္ App အတုေတြရွိေနပါတယ္။ ဒီျပႆနာကိုေလွ်ာ့ခ်ဖို႔ Google ကလည္း ၾကိဳးစားေနဆဲျဖစ္ျပီး Ap တစ္ခုကိုသြင္းေတာ့မယ္ဆိုတာနဲ႔ Permissions ေတြကိုစစ္၊ Description ေတြကိုဖတ္ျပီး Developer Account ကိုစစ္ၾကည့္မွရပါမယ္။

System ကိုအျမဲ Update လုပ္ပါ။

လံုျခံဳေရးကိုဦးစားေပးလို႔ပဲ Google ကေန Security Patch ေတြလတုိင္းထြက္ေပးေနတာပါ။ System ကိုဝင္လာမယ့္အဖ်က္အစီးေတြကိုကာကြယ္ႏုိင္ဖို႔နဲ႔ စနစ္မွာယိုေပါက္တစ္ခုခုရိွလာျပီဆုိရင္ေတာ့ ေသခ်ာေပါက္ Malware ေတြရဲ႕တုိက္ခိုက္ျခင္းကိုခံထားရပါျပီ။

Features အသစ္အသစ္ေတြပဲယူလာမွာေတာ့မဟုတ္ေပမယ့္ ေနာက္ကြယ္မွာ ဒီလိုတုိက္ခိုက္မႈေတြကိုကာကြယ္ႏုိင္မႈက Security Update တိုင္းမွာပါပါတယ္။

[Unicode]

Android Phone မှာ Malware မကူးစက်အောင် ဘယ်လို ကာကွယ်မလဲ ?

ဒီနေရာမှာ Android တွေလို့ပဲသုံးလိုက်ရတာက Android က Apple ထက်ကို Malware ဝင်နိုင်ချေပိုများတဲ့ Open Platform တစ်ခုဖြစ်နေလို့ပါ။ လက်ရှိမှာတော့ Malware တွေကို ထိန်းချုပ်နိုင်ဖို့ Google ကနေ Google Play Protect ကိုဖန်တီးနေဆဲဖြစ်ပေမယ့် ထွက်မလာသေးပါဘူး။ Google ထိန်းချုပ်ပေးတာမပေးတာအပြင် နောက်ထပ် ကိုယ့်ဖုန်းကို လုံခြုံအောင် Malware တွေကင်းအောင် အလွယ်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

ဒါဆို Android Malware ဆိုတာဘာလဲ??

Malware ဆိုတဲ့စကားလုံးကိုအရင်ကကြားဖူးမယ်လို့တော့ထင်ပါတယ်။ သူကတော့ “Malicious Software” ရဲ့အတိုကောက်ဗားရှင်းဖြစ်ပြီး Windows တွေမှာတွေ့ရလေ့ရှိရုံတင်မကဘဲ Android တွေမှာပါ တွေ့ရတတ်ပါတယ်။ သူကတော့ Popup ကြော်ငြာတွေပေါ်လာတာ Toolbars တွေ Install လုပ်သွားတာ စတာတွေကိုလုပ်တဲ့ ဆော့ဖ်ဝဲလ်မျိုးမဟုတ်ပါဘူး။

Android မှာ ပုန်းကွယ်နေတတ်တဲ့ ဆော့ဖ်ဝဲလ်တွေဖြစ်လို့ လူတော်တော်များများက ဒီလို Malware အရှုပ်ထုပ်တွေ ကိုယ့်ဖုန်းထဲမှာ Install လုပ်နေတာကို မသိတတ်ကြပါဘူး။ ကိုယ့်ရဲ့တရားဝင် App တစ်ခုခုအဖြစ်ပြရင်ပြနေမယ် ဒါမှမဟုတ် ကိုယ်မမြင်ရတဲ့နေရာမှာပျောက်နေတာမျိုးပါ။ ဒါပေမယ့် နောက်ကွယ်ကနေ တစ်ချိန်လုံး Run နေပြီး ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေကိုခိုးယူ တစ်နေရာဆီပို့ပေး ဒါမျိုးတွေလုပ်တဲ့ဆော့ဖ်ဝဲလ်တွေပါ။ ဒါပေမယ့် ဒီ Malware တွေကို Android မှာအလွယ်တကူရှောင်ရှားနိုင်တဲ့နည်းလမ်းလေးတွေရှိပါတယ်။

Official Apps တွေကိုပဲသုံးပါ။

တခြား မိုဘိုင်းလ် Operating System တွေနဲ့ Android နဲ့မတူတဲ့တစ်ချက်က အပြင်တရားမဝင် App တွေရနိုင်ခြင်းပါ။ Sideload App တွေလို့ခေါ်ပြီး Google ရဲ့ တရားဝင် Play Store မှာ မရှိတဲ့ App တွေပါ။ App က ကိုယ့်နိုင်ငံမှာမရတာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းအတွက် နောက်ဆုံးဗားရှင်းမထွက်သေးတာပဲဖြစ်ဖြစ် အများစုက အပြင် Site တွေကဒေါင်းကြတဲ့အခါမျိုးမှာ ပါလာတာပါ။

ဒီလိုအပြင် Site တွေက App တွေကိုသွင်းတာက အန္တရာယ်များတဲ့အတွက် Google က Play Store မှာတွေ့ရတဲ့ Malicious App တွေတော်တော်များများကို လျှော့ချဖို့လုပ်နေဆဲပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကမှ Manually Install သွားလုပ်နေတယ်ဆိုရင်တော့ Malware ကို Install သွားလုပ်နေသလိုဖြစ်လို့ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် Google အနေနဲ့ Sideload တွေကို Disable လုပ်ဖို့ Default ထားထားတာဖြစ်ပါတယ်။

တကယ်လို့ Sideload App တွေကိုလိုချင်ပါတယ်ဆိုရင်တော့ ကိုယ်ဒေါင်းလုပ်ဆွဲမယ့်ဝဘ်ဆိုဒ်က ယုံကြည်ရရဲ့လားဆိုတာ တစ်ချက်စစ်ကြည့်ပါ။ ဥပမာ Apk Mirror တို့က App တွေဆို စိတ်ချရပြီး ဝဘ်ဆိုဒ်မှာတင်ခွင့်မပြုခင်ကကို အတည်ပြုစစ်ဆေးပြီးသားတွေပါ။ မသိတဲ့ဆိုဒ်ကနေ Apk တွေကိုဒေါင်းလုပ်ချမယ်ဆိုရင်တော့ Developer ရဲ့ ဝဘ်ဆိုဒ်လား Developer ကနာမည်ကြီးလား စိတ်ချရရဲ့လား စတာတွေကိုတော့ စစ်ကြည့်သင့်ပါတယ်။ နောက်တစ်ခုကတော့ ကြော်ငြာတွေပါ။ ဝဘ်ဆိုဒ်မှာကြော်ငြာတွေဘယ်လောက်များသလဲ၊ ဗရုတ်သုတ်ခကြော်ငြာတွေလား အဲ့လိုကြော်ငြာတွေများနေတဲ့ဆိုဒ်ဆိုရင်တော့ ဝေးဝေးရှောင်တာကောင်းပါတယ်။

Third-Party App Stores တွေကို ရှောင်ပါ။

Google Play မဟုတ်ဘဲ တခြား Application Download လုပ်တဲ့ App Store တွေကိုမသုံးပါနဲ့။ Google Play ကမပြီးပြည့်စုံသေးဘူးဆိုပေမယ့်လည်း Junk File တွေများတဲ့တခြား Third-Party Site တွေထက်တော့စိတ်ချရပါသေးတယ်။ Sideload App တွေရဲ့နောက်ထပ်ဆိုးတဲ့တစ်ချက်က App တစ်ခုသွင်းချင်ရင် သူ့အရင် တခြား App တွေကိုသွင်းမှဆိုတာမျိုးတွေရှိပါသေးတယ်။

App Store ကိုယ်တိုင်ကမှ Malicious ဖြစ်နေရင် သူ့မှာ App တွေကို Install လုပ်ဖို့အခွင့်အရေးပိုရှိသွားပြီး Malware တွေကိုသွင်းနေတော့မှာပါ။ ဒီလိုနဲ့ကိုယ့်ဖုန်းထဲမှာ Malware ပေါင်းသောင်းခြောက်ထောင်ရောက်လာပါလိမ့်မယ်။

Google Play ကိုသုံးရင်တောင် Official Apps တွေကိုပဲသွင်းပါ။

အပေါ်ကပြောထားသလို Google Play လည်းပြည့်စုံလွန်းလှတယ်မဟုတ်ပါဘူး။ Play Store မှာတောင် App အတုတွေရှိနေပါတယ်။ ဒီပြဿနာကိုလျှော့ချဖို့ Google ကလည်း ကြိုးစားနေဆဲဖြစ်ပြီး Ap တစ်ခုကိုသွင်းတော့မယ်ဆိုတာနဲ့ Permissions တွေကိုစစ်၊ Description တွေကိုဖတ်ပြီး Developer Account ကိုစစ်ကြည့်မှရပါမယ်။

System ကိုအမြဲ Update လုပ်ပါ။

လုံခြုံရေးကိုဦးစားပေးလို့ပဲ Google ကနေ Security Patch တွေလတိုင်းထွက်ပေးနေတာပါ။ System ကိုဝင်လာမယ့်အဖျက်အစီးတွေကိုကာကွယ်နိုင်ဖို့နဲ့ စနစ်မှာယိုပေါက်တစ်ခုခုရှိလာပြီဆိုရင်တော့ သေချာပေါက် Malware တွေရဲ့တိုက်ခိုက်ခြင်းကိုခံထားရပါပြီ။

Features အသစ်အသစ်တွေပဲယူလာမှာတော့မဟုတ်ပေမယ့် နောက်ကွယ်မှာ ဒီလိုတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်မှုက Security Update တိုင်းမှာပါပါတယ်။

%d bloggers like this: