ဒူဘိုင်း လေဆိပ်ကို ဒရုန်း တစ်စီးကြောင့် ယာယီပိတ်လိုက်ရ

လေကြောင်း ကျွမ်းကျင်သူများက ဒရုန်းများဟာ လေယာဉ်အင်ဂျင်ထဲကို ဝင်သွားခဲ့ရင် လေယာဉ်ပျက်ကျနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒီအတွက် လေဆိပ်များ အနီးမှာဒရုန်းများ မောင်းနှင်ခြင်းကို ပိတ်ပင်ထားကြပါတယ်။ ဒါပေမယ့်လည်း လေဆိပ်များ အနီးမှာ ဒရုန်းများ မောင်းနှင်မှုကြောင့် လေဆိပ်များ ယာယီ ပိတ်ခဲ့ရတဲ့ ဖြစ်ရပ်များ ဖြစ်ပွားနေပါတယ်။

အခုလည်း ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ကို ဒရုန်းတစ်စီးကြောင့် ယာယီ ပိတ်လိုက်ရတဲ့ ဖြစ်ရပ် သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၁၃ မိနစ်ကနေ ၁၀ နာရီ ၄၅ မိနစ်အတွင်းမှာ ပြည်ပထွက်မယ့် လေယာဉ်များ ပျံသန်းခြင်းကို ပိတ်လိုက်ရတာ ဖြစ်ပြီး ဆိုက်ရောက်လေယာဉ်များကို လက်ခံခဲ့ပါတယ်။ လေဆိပ်ရဲ့ ၅ ကီလိုမီတာအတွင်းမှာ ဒရုန်းများ ပျံသန်းခြင်းကို ဒူဘိုင်းမှာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်များကြောင့် လေဆိပ်မှာ ဒရုန်း ကာကွယ်ရေး လက်နက်များလည်း တပ်ဆင်လာကြပါတယ်။ Gatwick အပြင် အင်္ဂလန်ရဲ့ နာမည်ကျော် Heathrow လေဆိပ်မှာ ဒရုန်း ကာကွယ်ရေးလက်နက်များ တပ်ဆင်တော့မှာ ဖြစ်ပါတယ်။ စစ်တပ်အဆင့် ဒရုန်း ကာကွယ်ရေး စနစ်ကို ဒေါ်လာ သန်းနဲ့ချီ အကုန်အကျခံပြီး ဝယ်ယူထားတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ စနစ်ကို ဖန်တီးတဲ့ ကုမ္ပဏီကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သတင်းများအရ သူတို့ရဲ့ လက်နက်ဟာ အစ္စရေး ကာကွယ်ရေး လက်နက် ကုမ္ပဏီ Rafael ကနေ ဝယ်ယူထားတာ ဖြစ်ပြီး ဒရုန်းရဲ့ ရေဒီယိုလှိုင်းများကို ဖြတ်တောက်ခြင်းဖြင့် ဒရုန်းကို ပစ်ချတာ ဖြစ်ပါတယ်။

Ref : theverge

ဒူဘိုင်း လေဆိပ်ကို ဒရုန်း တစ်စီးကြောင့် ယာယီပိတ်လိုက်ရ

%d bloggers like this: