Google Maps မှာ Location Sharing ပြုလုပ်နည်း

Google Maps က သင်သွားမယ့် တည်နေရာကို လမ်းညွှန်ပေးရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ ချိန်းထားရင်လည်း သင်ရောက်နေတဲ့ တည်နေရာကို သူတို့အား အချိန်နဲ့ တစ်ပြေးညီ ပေးပို့ထားဖို့အတွက်လည်း သူက အသုံးဝင်ပါတယ်။ သင့်ရဲ့ လုံခြုံရေးအတွက် သင့် တည်နေရာကို မိသားစုဝင်များထံ ပေးပို့ထားနိုင်ပါတယ်။ ဒီလို သင့်ရဲ့ တည်နေရာကို အခြားလူများနဲ့ မျှဝေထားနိုင်တဲ့ လုပ်ဆောင်ချက်ကို Facebook Messenger မှာလည်း သုံးနိုင်ပါတယ်။ ဖုန်းအတော်များများမှာပါတဲ့ Google Maps မှာတော့ သင့်ရဲ့ တည်နေရာကို အချိန်အကန့်အသတ် မရှိ မျှဝေထားနိုင်ပါတယ်။ အဲဒီအတွက် အခြား App များ မလိုအပ်တော့ပါဘူး။

သင့်ဖုန်းမှ Google Maps App ကို ဖွင့်ပါ။ ဘယ်ဘက်ထိပ်မှ Menu ကို ဖွင့်ပြီး Share Location ကို နှိပ်ပါ။

Contacts ကို နှိပ်ပြီး သင် မျှဝေချင်တဲ့ လူများကို ရွေးချယ်ပါ။ သင့်ရဲ့ Google Contacts များကို ရွေးချယ်နိုင်ပါတယ်။ သင့် သူငယ်ချင်းဟာ Google Contacts ထဲမှာ မရှိရင်လည်း လင့်ကို သူ့ထံ ပေးပို့နိုင်ပါတယ်။

သင့်တည်နေရာကို အချိန်အကန့်အသတ် မရှိ မျှဝေနိုင်ပါတယ်။ အချိန်သတ်မှတ်ပြီး မျှဝေချင်လည်း ရပါတယ်။

သင့်တည်နေရာကို မျှဝေထားတဲ့ လူများကို ကြည့်ခြင်း

Menu ကနေ Settings> Location Sharing ထဲသွားပါ။ အဲဒီမှာ သင့်တည်နေရာကို မျှဝေထားတဲ့ လူများကို တွေ့နိုင်ပါတယ်။

Ref : addictivetips

Google Maps မှာ Location Sharing ပြုလုပ်နည်း

%d bloggers like this: