Samsung Galaxy S8 အတွက်ပုံရိပ်များထွက်ပေါ်လာ

Samsung Galaxy S8 အတွက်ပုံရိပ်တွေကို နာမည်ကျော်နည်းပညာဝက်ဘ်ဆိုက် TechnoBuffalo ကနေဖော်ပြခဲ့ပါတယ်။ Samsung Galaxy S7 ကတော့ တကယ်ကောင်းမွန်တဲ့ စမတ်ဖုန်းအသစ်တစ်မျိုးဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ Galaxy S6 ကို အနည်းငယ်သာအဆင့်မြှင့်တင်ထားတာပဲ ဖြစ်ပါတယ်။ Galaxy S7 ထွက်ထားတာ မကြာသေးသော်လည်း နောက်နှစ်ကျရင်ထွက်လာမယ့် Galaxy S8 အတွက် ပုံရိပ်တွေထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။

galaxy-s8-concept2 galaxy-s8-concept12

နောက်နှစ်ကျရင် ထွက်မယ်ဆိုပြီး သတင်းကြီးနေတဲ့ ဒီဖုန်းဟာ ဒီဇိုင်းပုံတွေအဖြစ်နဲ့ သာထွက်ရှိလာခဲ့တာပါ။ ပုံရိပ်တွေအရတော့ S8 ဟာ ဒီဇိုင်းရော လုပ်ဆောင်ချက်တွေပါ အကြီးအကျယ် ဆန်းသစ်ပြောင်းလဲပြီး ထုတ်လုပ်မယ့် အနေအထားရှိနေပါတယ်။ ဖုန်းတစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားမှာဖြစ်ပြီး အောက်ဖက်မှာ စတီးလ်ပုံစံသတ္တုကွပ်ထည့်သွင်းထားတဲ့ ဒီဇိုင်းက ဆန်းသစ်လှပပါတယ်။ အပေါ်နဲ့ အောက်ပိုင်းနေရာအလွတ်တွေကလည်း တော်တော်ပါးလွှာပြီး အောက်ဖက်မှာတံဆိပ်ကပ်ရုံ၊ အပေါ်ဘက်မှာ ရှေ့မျက်နှာကင်မရာ ထည့်ရုံလောက်နေရာချန်ထားတာဖြစ်ပါတယ်။

galaxy-s8-concept9  galaxy-s8-concept13

Home Key ခလုတ်ထည့်သွင်းမထားပဲ iPhone 7 ရဲ့ ကောလဟလလိုမျိုးပဲ Pressure Sensitive စနစ်လိုမျိုးနဲ့ အလုပ်လုပ်မလားဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ပြီးတော့ ထူးခြားမှုတစ်ရပ်အနေနဲ့ S8 ဟာ ပရိုဂျက်တာ တစ်လုံးကို ကင်မရာရဲ့ဘေးနားမှာ ထည့်သွင်းတည်ဆောက်ထားလိမ့်မယ်လို့ သိရပါတယ်။

galaxy-s8-concept3  galaxy-s8-concept4

ဒါဟာတကယ့်သတင်းတစ်ရပ်ဟုတ်မဟုတ် ဆိုတာတော့ ပြောကြားဖို့ ခက်ခဲပေမယ့် တကယ်လန်းတဲ့ ပုံစံတမျိုးဖြစ်ပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ မျက်နှာပြင်ကို ပိုမိုနေရာပေးလိုတာကြောင့် Fingerprint Scanner ကို ဖုန်းရဲ့ကျောဘက်ကို ပြောင်းလဲနိုင်ဖွယ်ရှိနေပါတယ်။

galaxy-s8-concept8  galaxy-s8-concept7

နောက်ဆုံးအနေနဲ့ ပါဝင်လာတဲ့ ပုံရိပ်တွေကတော့ Galaxy S8 ရဲ့ အားသွင်းတဲ့ စနစ်ပဲဖြစ်ပါတယ်။ အရင်ဖုန်းတွေလိုပဲ Wireless စနစ် အားသွင်းစနစ်ကို ထည့်သွင်းတည်ဆောက်ထားမှာဖြစ်ပါတယ်။ Charging Plate ကို “Charge Translator” လို့ခေါ်တဲ့ Wireless စနစ်နဲ့ Charging Port မှတစ်ဆင့် လေထဲကနေ ဓာတ်အားထုတ်လွှင့်ပေးမှာဖြစ်ပြီး ဖုန်းအနေနဲ့ အားသွင်းတဲ့အခါ ဘာနဲ့မှထိတွေ့စရာမလိုတော့တာပဲဖြစ်ပါတယ်။

galaxy-s8-concept15  galaxy-s8-concept16

တကယ်လို့ကောလဟလတွေအတိုင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ Samsung ရဲ့ Galaxy S8 ဟာ ထုတ်လုပ်သမျှဖုန်းတွေထဲမှာ ပြိုင်ဘက်ကင်းစွမ်းဆောင်ရည်၊ ပြိုင်ဘက်ကင်းဒီဇိုင်းနဲ့ ဖုန်းတစ်မျိုးဖြစ်လာမှာပါ။

galaxy-s8-concept20 galaxy-s8-concept18

Ref: TechnoBuffalo

%d bloggers like this: