0 Shares 47 Views

48MP Camera ပါတဲ့ F11 Pro ရဲ့ Teaser Video ကို OPPO ပြသ

Feb 14, 2019
0 47





Ref : gsmarena

[Unicode]

48MP Camera ပါတဲ့ F11 Pro ရဲ့ Teaser Video ကို OPPO ပွသ

ပြီးခဲ့တဲ့ တစ်ပတ်က OPPO F11 Pro ရဲ့ Teaser တစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ Camera Setup အသစ်ကို သုံးထားပြီး အရှေ့ ကင်မရာ မပါလာပါဘူး။ အဲဒီအတွက် Pop-up Selfie Camera ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ တရားဝင် Teaser ကို တွစ်တာမှာ တင်ထားပါတယ်။

ခြောက်စက္ကန့်သာ ကြာမြင့်တဲ့ ဗီဒီယို ဖြစ်ပြီး “ Brilliant Portrait in Low Light “ လို့ ရေးသားထားတဲ့ အတွက် အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာ Portrait Photo တွေ အလွန် ကောင်းမှာ သေချာပါတယ်။ ဒါ့အပြင် 48MP စာသားကို ပြသထားပါတယ်။ မကြာခင်မှာ ကြေညာတော့မယ်လို့ ရေးသားထားပါတယ်။

Vivo NEX S လို Pop-up Camera ကို သုံးထားမှာ ဖြစ်ပေမယ့် F11 Pro ရဲ့ အရှေ့ကင်မရာဟာ အလယ်ကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Vivo NEX S ရဲ့ အရှေ့ ကင်မရာက ဘေးဘက်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ 48MP Camera ဟာ Samsung ISOCELL GM1 or Sony IMX586 Sensor ဖြစ်နိုင်ပါတယ်။ အရှေ့ ကင်မရာက 32MP ဖြစ်နိုင်ပါတယ်။

OPPO က သူ့ကို ကြေညာမယ့် အချိန် အတိအကျကို မပြောသေးပါဘူး။ ဒါပေမယ့် F Series များကို နှစ်နှစ် တစ်ကြိမ် ကြေညာလေ့ ရှိတဲ့ အတွက် သိပ်မလိုတော့ဘူးလို့ ထင်ရပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category