0 Shares 92 Views

လူငယ္မ်ားကို ဆိုးက်ိဳးျဖစ္ေစတဲ့အတြက္ TikTok ကို ပိတ္ပင္မယ့္ အိႏၵိယ

Feb 14, 2019
0 92

အိႏၵိယရဲ႕ ဥေပဒ အရာရွိမ်ားက TikTok ဟာ အိႏၵိယမွာ လူငယ္မ်ား အၾကားမွာ ယဥ္ေက်းမႈကို ထိခိုက္ေစတဲ့ အတြက္ ပိတ္ပင္ဖို႔ အစိုးရအား ေတာင္းဆိုလိုက္ပါတယ္။ အစိုးရကလည္း ဒါကို နားစြင့္ေနပါတယ္။ Tamil Nadu ျပည္နယ္ရဲ႕ သတင္းအခ်က္အလက္ နည္းပညာ ၀န္ႀကီး ျဖစ္သူ M. Manikandan က ျပည္နယ္ အစိုးရက TikTok ကို ပိတ္ပင္ဖို႔ ေထာက္ခံတယ္လို႔ ေျပာပါတယ္။

Nagapattinam ရဲ႕ ဥပေဒ ျပဌာန္းသူ Thamimun Ansari ကလည္း ဒီျပႆနာကို ေထာက္ခံေျပာဆိုပါတယ္။ ပရဟိတ သမားမ်ားက TikTok မွာ လိင္ပိုင္းဆိုင္ရာ ႏိုးၾကြေစတဲ့ အရာမ်ားနဲ႔ အရွက္ရစရာမ်ားကို မွ်ေ၀ေနၾကတယ္လို႔ ေျပာေၾကာင္း သူက The Economic Times ကို ေျပာပါတယ္။ တရားဥပေဒ စိုးမိုးမႈ အတြက္လည္း အႏၱရာယ္ရွိတယ္လို႔ သူက ျဖည့္စြက္ ရွင္းျပပါတယ္။

TikTok မွာ လူအမ်ား ေလွာင္ေျပာင္စရာ ေကာင္းတဲ့ ဗီဒီယိုမ်ားကိုလည္း တင္ေနၾကပါတယ္။ အဲဒီအတြက္ Cyberbullying ျပႆနာမ်ားလည္း ျဖစ္ပြားေနပါတယ္။ အဲဒီ ပလက္ေဖာင္းမွာ ေလွာင္ေျပာင္ တိုက္ခိုက္ခံရတဲ့ အတြက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ တုိင္ၾကားမႈေပါင္း ၃၆ ခု ရွိခဲ့တယ္လို႔ The New Indian Express ရဲ႕ သတင္းတစ္ပုဒ္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။

လူငယ္တစ္ဦးဟာ ဆိုရင္ သူတင္တဲ့ ဗီဒီယိုကို လူေတြ ေလွာင္ေျပာင္ခဲ့တဲ့ အတြက္ ရထား အေရွ႕ကို ခုန္ခ်ခဲ့တယ္လို႔ သိရပါတယ္။ App ကို သံုးလို႔ သူ႕အဖြားက ဆူတဲ့ အတြက္ မြန္ဘိုင္းမွ ဆယ္ေက်ာ္သက္တစ္ဦးကလည္း ကိုယ့္ကိုကိုယ္ သတ္ေသခဲ့ပါတယ္။

Ref : theverge

[Unicode]

လူငယ်များကို ဆိုးကျိုးဖြစ်စေတဲ့အတွက် TikTok ကို ပိတ်ပင်မယ့် အိန္ဒိယ

အိန္ဒိယရဲ့ ဥပေဒ အရာရှိများက TikTok ဟာ အိန္ဒိယမှာ လူငယ်များ အကြားမှာ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ အတွက် ပိတ်ပင်ဖို့ အစိုးရအား တောင်းဆိုလိုက်ပါတယ်။ အစိုးရကလည်း ဒါကို နားစွင့်နေပါတယ်။ Tamil Nadu ပြည်နယ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဖြစ်သူ M. Manikandan က ပြည်နယ် အစိုးရက TikTok ကို ပိတ်ပင်ဖို့ ထောက်ခံတယ်လို့ ပြောပါတယ်။

Nagapattinam ရဲ့ ဥပဒေ ပြဌာန်းသူ Thamimun Ansari ကလည်း ဒီပြဿနာကို ထောက်ခံပြောဆိုပါတယ်။ ပရဟိတ သမားများက TikTok မှာ လိင်ပိုင်းဆိုင်ရာ နိုးကြွစေတဲ့ အရာများနဲ့ အရှက်ရစရာများကို မျှဝေနေကြတယ်လို့ ပြောကြောင်း သူက The Economic Times ကို ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှု အတွက်လည်း အန္တရာယ်ရှိတယ်လို့ သူက ဖြည့်စွက် ရှင်းပြပါတယ်။

TikTok မှာ လူအများ လှောင်ပြောင်စရာ ကောင်းတဲ့ ဗီဒီယိုများကိုလည်း တင်နေကြပါတယ်။ အဲဒီအတွက် Cyberbullying ပြဿနာများလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ ပလက်ဖောင်းမှာ လှောင်ပြောင် တိုက်ခိုက်ခံရတဲ့ အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တိုင်ကြားမှုပေါင်း ၃၆ ခု ရှိခဲ့တယ်လို့ The New Indian Express ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

လူငယ်တစ်ဦးဟာ ဆိုရင် သူတင်တဲ့ ဗီဒီယိုကို လူတွေ လှောင်ပြောင်ခဲ့တဲ့ အတွက် ရထား အရှေ့ကို ခုန်ချခဲ့တယ်လို့ သိရပါတယ်။ App ကို သုံးလို့ သူ့အဖွားက ဆူတဲ့ အတွက် မွန်ဘိုင်းမှ ဆယ်ကျော်သက်တစ်ဦးကလည်း ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။

Ref : theverge

You may be interested

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန
Android, Apple, HUBS
0 shares0 views

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန

Ko Thuya - Jul 21, 2019

စမတ္ဖုန္း အေဟာင္းမ်ားကို အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ BankMyCell ရဲ႕ ေဒတာမ်ားအရ iPhone ကေန Samsung Phone ေျပာင္းကိုင္မႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။ iPhone အေဟာင္း ပိုင္ရွင္မ်ားဟာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ျခင္း မရွိေတာ့ဘဲ အျခား ဘရန္းမ်ားကို…

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်

Ko Thuya - Jul 21, 2019

Redmi က စမတ္ဖုန္းမ်ား အျပင္ ပါ၀ါဘန္႔မ်ားကို ထုတ္လုပ္ေရာင္းခ်လိုက္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ပါ၀ါဘန္႔မ်ား ျဖစ္ပါတယ္။ 10000mAh နဲ႔ 20000mAh Power Bank မ်ား ျဖစ္ၿပီး ၅၉ ယြမ္နဲ႔ ၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။…

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ ႀကီးမားတာကို ျမင္ရပါတယ္။ Ice Universe က အဲဒီ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category