သင့္ ခ်စ္သူ လိင္စိတ္ထတဲ့ အခ်ိန္ကို အသိေပးမယ့္ Gadget
အိမ္ေထာင္ေရး ပညာရွင္မ်ားက လိင္ဆက္ဆံမႈ ပိုမ်ားတဲ့ စံုတြဲမ်ားဟာ အိမ္ေထာင္ေရး ပိုမို ခုိင္ၿမဲၾကတယ္လို႔ ေျပာေနၾကပါတယ္။ ခ်စ္သူ ၊ စံုတြဲ၊ အိမ္ေထာင္သည္မ်ားရဲ႕ အခ်စ္ေရး ခုိင္ၿမဲေအာင္ ကူညီေပးမယ့္ ကိရိယာတစ္ခု ခ်စ္သူမ်ားေန႔အမွီ ေပၚလာပါတယ္။ အိမ္ေထာင္သည္မ်ားဟာ လိင္စိတ္ထတဲ့ အခါမွာ ခ်စ္သူကို အသိေပး ေျပာဆိုဖို႔ အခက္ေတြ႕တတ္ၾကပါတယ္။ အထူးသျဖင့္ မိန္းမသားမ်ားက ကိုယ့္ ခင္ပြန္းကို ေျပာဖုိ႔ ရွက္တတ္ၾကပါတယ္။
အဲဒီလို ကိစၥမ်ားက အိမ္ေထာင္ေရးကို မသာယာျဖစ္ေစပါတယ္။ အဲဒီ ျပႆနာကို ေျဖရွင္းေပးမယ့္ ကိရိယာတစ္ခု ေပၚလာပါတယ္။ သူ႔ရဲ႕ အမည္မွာ LoveSync ျဖစ္ၿပီး ထုတ္လုပ္ေရာင္းခ်ဖို႔ Kickstarter ၀က္ဘ္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ တစ္လအတြင္းမွာ ရန္ပံုေငြ ထည့္၀င္သူေပါင္း ၁၅၀ ထံကေန ယူရို ၆၂၇၀ ရရွိထားၿပီးပါၿပီ။
သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုတစ္ခုလည္း ရွိပါတယ္။ LoveSync မွာ ခလုတ္ ႏွစ္ခုပါပါတယ္။ စံုတြဲတစ္တြဲက တစ္ခုစီကို ယူထားရမွာပါ။ တစ္ေယာက္က ခ်စ္သူနဲ႔ အတူေနခ်င္တဲ့ အခါမွာ ခလုတ္ကို ႏွိပ္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ အျခား ခလုတ္မွာ မီးအလင္းေရာင္နဲ႔ အခ်က္ျပမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ ခ်စ္သူက သူ႔ ပါတနာရဲ႕ အလိုဆႏၵကို သိၿပီး ခ်စ္ပြဲ၀င္လို႔ ရပါၿပီ။
ခလုတ္ကို တစ္ခ်က္ႏွိပ္ရင္ ေနာက္ ၁၅ မိနစ္အတြင္းမွာ အတူေနခ်င္တယ္လို႔ ဆိုလိုပါတယ္။ ႏွစ္ခ်က္ႏွိပ္ရင္ ၂ နာရီနဲ႔ ငါးခ်က္ႏွိပ္ရင္ တစ္ေန႔တာအတြင္း အတူေနခ်င္တာကို ရည္ညႊန္းတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ နည္းပညာဟာ အဆန္းႀကီး မဟုတ္ေပမယ့္ လိင္ကိစၥကို ေျပာဖို႔ အခက္အခဲ ရွိတဲ့ စံုတြဲမ်ားအတြက္ေတာ့ အသံုး၀င္လာမွာပါ။ ၁၀၇ ေဒၚလာနဲ႔ ေရာင္းခ်မွာပါ။
Ref : tnw
[Unicode]
သင့် ချစ်သူ လိင်စိတ်ထတဲ့ အချိန်ကို အသိပေးမယ့် Gadget
အိမ်ထောင်ရေး ပညာရှင်များက လိင်ဆက်ဆံမှု ပိုများတဲ့ စုံတွဲများဟာ အိမ်ထောင်ရေး ပိုမို ခိုင်မြဲကြတယ်လို့ ပြောနေကြပါတယ်။ ချစ်သူ ၊ စုံတွဲ၊ အိမ်ထောင်သည်များရဲ့ အချစ်ရေး ခိုင်မြဲအောင် ကူညီပေးမယ့် ကိရိယာတစ်ခု ချစ်သူများနေ့အမှီ ပေါ်လာပါတယ်။ အိမ်ထောင်သည်များဟာ လိင်စိတ်ထတဲ့ အခါမှာ ချစ်သူကို အသိပေး ပြောဆိုဖို့ အခက်တွေ့တတ်ကြပါတယ်။ အထူးသဖြင့် မိန်းမသားများက ကိုယ့် ခင်ပွန်းကို ပြောဖို့ ရှက်တတ်ကြပါတယ်။
အဲဒီလို ကိစ္စများက အိမ်ထောင်ရေးကို မသာယာဖြစ်စေပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ့် ကိရိယာတစ်ခု ပေါ်လာပါတယ်။ သူ့ရဲ့ အမည်မှာ LoveSync ဖြစ်ပြီး ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ တစ်လအတွင်းမှာ ရန်ပုံငွေ ထည့်ဝင်သူပေါင်း ၁၅၀ ထံကနေ ယူရို ၆၂၇၀ ရရှိထားပြီးပါပြီ။
သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုတစ်ခုလည်း ရှိပါတယ်။ LoveSync မှာ ခလုတ် နှစ်ခုပါပါတယ်။ စုံတွဲတစ်တွဲက တစ်ခုစီကို ယူထားရမှာပါ။ တစ်ယောက်က ချစ်သူနဲ့ အတူနေချင်တဲ့ အခါမှာ ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အခြား ခလုတ်မှာ မီးအလင်းရောင်နဲ့ အချက်ပြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ချစ်သူက သူ့ ပါတနာရဲ့ အလိုဆန္ဒကို သိပြီး ချစ်ပွဲဝင်လို့ ရပါပြီ။
ခလုတ်ကို တစ်ချက်နှိပ်ရင် နောက် ၁၅ မိနစ်အတွင်းမှာ အတူနေချင်တယ်လို့ ဆိုလိုပါတယ်။ နှစ်ချက်နှိပ်ရင် ၂ နာရီနဲ့ ငါးချက်နှိပ်ရင် တစ်နေ့တာအတွင်း အတူနေချင်တာကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ သူ့ရဲ့ နည်းပညာဟာ အဆန်းကြီး မဟုတ်ပေမယ့် လိင်ကိစ္စကို ပြောဖို့ အခက်အခဲ ရှိတဲ့ စုံတွဲများအတွက်တော့ အသုံးဝင်လာမှာပါ။ ၁၀၇ ဒေါ်လာနဲ့ ရောင်းချမှာပါ။
Ref : tnw
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.