397 Shares 113 Views

Xiaomi Mi 9 ရဲ႕ Hands-on Photos ေတြ ထြက္ေပၚလာ

Feb 14, 2019
398 113

မေန႔ကပဲ ေရွာင္မီက ဒီလ ၂၀ ရက္ေန႔မွာ Mi 9 ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ Hands-on Photos မ်ား ထြက္ေပၚလာပါတယ္။ အေနာက္ကင္မရာ သံုးလံုး ပါတာကို ျမင္ရပါတယ္။ အေနာက္ဘက္ အေရာင္ကို ဆန္းသစ္ထားပါတယ္။


အေရွ႕ဘက္မွာ ဆဲလ္ဖီး ကင္မရာအတြက္ Waterdrop Notch ထည့္သြင္းထားပါတယ္။ အရြယ္ေသး Notch ျဖစ္တ့ဲအတြက္ Mi 8 Pro မွာ မိတ္ဆက္ခဲ့တဲ့ 3D Face-scanning နည္းပညာေတာ့ မပါလာနိုင္ပါဘူး။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ပါးလႊာပါတယ္။ ေအာက္ဘက္က ေဘာင္က အျခား ဘက္မွ ေဘာင္မ်ားထက္ အနည္းငယ္ ပိုထူပါတယ္။

Mi 9 မွာ Voice Assistant အတြက္ ခလုတ္တစ္ခုကို စတင္ ထည့္သြင္းေပးထားပါတယ္။ Mi 9 ရဲ႕ ဘယ္ဘက္မွာ Xiaoai Voice Assistant ကို ဆင့္ေခၚႏုိင္တဲ့ ခလုတ္တစ္ခု ပါပါတယ္။ အေနာက္ကင္မရာမ်ားဟာ 48+13+16MP Camera မ်ား ပါမယ္လို႔ သတင္းထြက္ေနပါတယ္။

Mi 9 မွာ ၆.၄ လက္မ 19:9 FHD+ AMOLED Display ထည့္သြင္းထားမွာပါ။ Waterdrop Notch မွာ 24MP Camera တစ္လံုး တပ္ဆင္ထားမွာပါ။ သူ႔မွာ X24 LTE Modem ပါတဲ့ Qualcomm Snapdragon 855 SoC ေမာင္းနွင္ထားမွာ ျဖစ္ပါတယ္။ အနိမ့္ဆံုး အေနနဲ႔ 6GB RAM , 128GB Storage မ်ား ပါလာမွာပါ။ သူ႔ရဲ႕ ေစ်းႏႈန္းဟာ ယြမ္ ၂၉၉၉ ( ၄၃၆ ေဒၚလာ) က်သင့္ႏုိင္ပါတယ္။ လက္ေဗြရာ ကိရိယာကို မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားမွာပါ။

စီအီးအို လီဂြ်န္က သူဟာ Redmi Note 7 ထက္ အားသြင္းျမန္မယ္လို႔ ေျပာထားတဲ့ အတြက္ 27W Fast Charging ပါတဲ့ 3500mAh Battery ထည့္သြင္းထားႏုိင္ပါတယ္။ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါပါဘူး။

Ref : gsmarena

[Unicode]

Xiaomi Mi 9 ရဲ့ Hands-on Photos တွေ ထွက်ပေါ်လာ

မနေ့ကပဲ ရှောင်မီက ဒီလ ၂၀ ရက်နေ့မှာ Mi 9 ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အခုတော့ သူ့ရဲ့ Hands-on Photos များ ထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာ သုံးလုံး ပါတာကို မြင်ရပါတယ်။ အနောက်ဘက် အရောင်ကို ဆန်းသစ်ထားပါတယ်။


အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာအတွက် Waterdrop Notch ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch ဖြစ်တဲ့အတွက် Mi 8 Pro မှာ မိတ်ဆက်ခဲ့တဲ့ 3D Face-scanning နည်းပညာတော့ မပါလာနိုင်ပါဘူး။ မျက်နှာပြင် ဘေးဘောင်များဟာ ပါးလွှာပါတယ်။ အောက်ဘက်က ဘောင်က အခြား ဘက်မှ ဘောင်များထက် အနည်းငယ် ပိုထူပါတယ်။

Mi 9 မှာ Voice Assistant အတွက် ခလုတ်တစ်ခုကို စတင် ထည့်သွင်းပေးထားပါတယ်။ Mi 9 ရဲ့ ဘယ်ဘက်မှာ Xiaoai Voice Assistant ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ်တစ်ခု ပါပါတယ်။ အနောက်ကင်မရာများဟာ 48+13+16MP Camera များ ပါမယ်လို့ သတင်းထွက်နေပါတယ်။

Mi 9 မှာ ၆.၄ လက်မ 19:9 FHD+ AMOLED Display ထည့်သွင်းထားမှာပါ။ Waterdrop Notch မှာ 24MP Camera တစ်လုံး တပ်ဆင်ထားမှာပါ။ သူ့မှာ X24 LTE Modem ပါတဲ့ Qualcomm Snapdragon 855 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး အနေနဲ့ 6GB RAM , 128GB Storage များ ပါလာမှာပါ။ သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၂၉၉၉ ( ၄၃၆ ဒေါ်လာ) ကျသင့်နိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားမှာပါ။

စီအီးအို လီဂျွန်က သူဟာ Redmi Note 7 ထက် အားသွင်းမြန်မယ်လို့ ပြောထားတဲ့ အတွက် 27W Fast Charging ပါတဲ့ 3500mAh Battery ထည့်သွင်းထားနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။

Ref : gsmarena

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category