2196 Shares 120 Views

ဖိလစ္ပုိင္မွာ အခမဲ့ ၀ိုင္ဖိုင္ ထုတ္လႊင့္ေပးမယ့္ Google

Feb 14, 2019
2216 120

Google Station ဟာ ျပည္တြင္းမွ ပါတနာမ်ားနဲ႔ ဂူဂယ္တို႔ ပူးေပါင္းၿပီး ဘူတာရံု၊ ဘတ္စ္ကားဂိတ္တို႔လို လူဦးေရ ထူထပ္တဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ တည္ေနရာမ်ားမွာ အခမဲ့ ၀ိုင္ဖိုင္ကို ထုတ္လႊင့္ေပးတဲ့ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ အိႏၵိယတြင္ ဒီအစီအစဥ္ကို စတင္ခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္မွာ အင္ဒိုနီးရွား၊ မကၠဆီကို၊ ႏိုင္ဂ်ီးရီးယား၊ ထိုင္းမ်ားမွာ ျပဳလုပ္ေပးခဲ့ပါတယ္။ အဲဒီႏိုင္ငံမ်ားမွာ ေဆးရံုနဲ႔ ေကာလိပ္ေက်ာင္း၀င္မ်ားထဲ အထိပါ ၀ိုင္ဖိုင္ အခမဲ့ ထုတ္လႊင့္ေပးခဲ့ပါတယ္။ အခုေတာ့ ဒီ၀န္ေဆာင္မႈကို ဖိလစ္ပိုင္မွာ ျပဳလုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိ က်င္းပေနတဲ့ “ Google for Philippines “ Conference မွာ Google’ Next Billion Users Initiative ရဲ႕ ကမာၻလံုးဆိုင္ရာ ဒါရိုက္တာ ျဖစ္သူ Mahesh Bhalerao က Google Station ရဲ႕ ေအာင္ျမင္မႈမ်ားနဲ႔ ဖိလစ္ပိုင္မွာ ျပဳလုပ္ေပးမယ့္ အေသးစိတ္ အစီအစဥ္မ်ားကို ေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္မွ တည္ေနရာ ၅၀ မွာ ယခုလကုန္တြင္ ၀ိုင္ဖုိင္ အခမဲ့ ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ တစ္နွစ္လံုးမွာ ကြန္ယက္ကို တိုးခ်ဲ႕ေပးသြားမွာ ျဖစ္ပါတယ္။

ဂူဂယ္က PDLT နဲ႔ Smart for Infrastructure နဲ႔ ပူးေပါင္းထားပါတယ္။ ဒါ့အျပင္ Unilever ကို သူ႔ရဲ႕ ပထမဆံုး ေၾကာ္ညာ ပါတနာ အျဖစ္ ေၾကညာထားပါတယ္။ အခမဲ့ ၀ိုင္ဖိုင္လိုင္းမ်ားမွာ ေၾကာ္ညာမ်ားကို ျပသမွာ ျဖစ္ပါတယ္။ Users မ်ားဟာ အခမဲ့ အင္တာနက္ကို တစ္ႀကိမ္လွ်င္ မိနစ္ ၃၀ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ၃၀ မိနစ္ျပည့္ရင္ Sign In ျပန္လုပ္ၿပီး ဆက္သံုးႏုိင္ပါတယ္။

Ref : androidpolice

[Unicode]

ဖိလစ်ပိုင်မှာ အခမဲ့ ဝိုင်ဖိုင် ထုတ်လွှင့်ပေးမယ့် Google

Google Station ဟာ ပြည်တွင်းမှ ပါတနာများနဲ့ ဂူဂယ်တို့ ပူးပေါင်းပြီး ဘူတာရုံ၊ ဘတ်စ်ကားဂိတ်တို့လို လူဦးရေ ထူထပ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တည်နေရာများမှာ အခမဲ့ ဝိုင်ဖိုင်ကို ထုတ်လွှင့်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယတွင် ဒီအစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ အင်ဒိုနီးရှား၊ မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ ထိုင်းများမှာ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံများမှာ ဆေးရုံနဲ့ ကောလိပ်ကျောင်းဝင်များထဲ အထိပါ ဝိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးခဲ့ပါတယ်။ အခုတော့ ဒီဝန်ဆောင်မှုကို ဖိလစ်ပိုင်မှာ ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ “ Google for Philippines “ Conference မှာ Google’ Next Billion Users Initiative ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ Mahesh Bhalerao က Google Station ရဲ့ အောင်မြင်မှုများနဲ့ ဖိလစ်ပိုင်မှာ ပြုလုပ်ပေးမယ့် အသေးစိတ် အစီအစဉ်များကို ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်မှ တည်နေရာ ၅၀ မှာ ယခုလကုန်တွင် ဝိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ ကွန်ယက်ကို တိုးချဲ့ပေးသွားမှာ ဖြစ်ပါတယ်။

ဂူဂယ်က PDLT နဲ့ Smart for Infrastructure နဲ့ ပူးပေါင်းထားပါတယ်။ ဒါ့အပြင် Unilever ကို သူ့ရဲ့ ပထမဆုံး ကြော်ညာ ပါတနာ အဖြစ် ကြေညာထားပါတယ်။ အခမဲ့ ဝိုင်ဖိုင်လိုင်းများမှာ ကြော်ညာများကို ပြသမှာ ဖြစ်ပါတယ်။ Users များဟာ အခမဲ့ အင်တာနက်ကို တစ်ကြိမ်လျှင် မိနစ် ၃၀ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၃၀ မိနစ်ပြည့်ရင် Sign In ပြန်လုပ်ပြီး ဆက်သုံးနိုင်ပါတယ်။

Ref : androidpolice

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category