0 Shares 496 Views

Xiaomi ေခါက္ခ်ိဳးဖုန္းရဲ႕ ပံုေတြထြက္ေပၚလာ

Feb 13, 2019
0 496

Xiaomi က ေခါက္ခ်ိဳးဖုန္းကို ဖန္တီးေနတယ္ဆိုတာ အားလံုး သိၾကပါတယ္။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ ပံုမ်ားကို LetsGoDigital က မွ်ေ၀လိုက္ပါတယ္။ ယခင္ထြက္ေပၚခဲ့တဲ့ သတင္းအခ်က္အလက္မ်ားနဲ႔ ေရွာင္မီရဲ႕ တရား၀င္ ေျပာၾကားခ်က္မ်ားအေပၚ အေျခခံ၍ ပံုမ်ားကို ဖန္တီးထားတာပါ။ ေရွာင္မီက အဲဒီဖုန္း အတြက္ အမည္ ႏွစ္ခုကို စဥ္းစားထားပါတယ္။ တစ္ခုက Xiaomi Dual Flex နဲ႔ ေနာက္တစ္ခုက Xiaomi MIX Flex တို႔ ျဖစ္ပါတယ္။

သူ႔ရဲ႕ အစြန္းႏွစ္ဖက္ကို အေနာက္ဘက္သို႔ ေခါက္ခ်ိဳးၿပီး စမတ္ဖုန္းလို အသံုးျပဳႏုိင္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ တက္ဘလက္လို အသံုးျပဳႏိုင္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။ ျဖန္႔ထားရင္ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာတာကို ျမင္ရပါတယ္။

သူ႔ကို ေခါက္ခ်ိဳးလိုက္တာနဲ႔ User Interface ဟာ သင့္ေတာ္တဲ့ အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။ သူ႔ကို Portrait Mode နဲ႔ အသံုးျပဳရင္ ပါ၀ါ ခလုတ္ဟာ အေပၚဘက္မွာ ရွိပါတယ္။ ကင္မရာကို အလယ္က အပိုင္းမွာ ထည့္သြင္းထားႏုိင္ပါတယ္။ အဲဒါမွ ေခါက္ခ်ိဳးထားခ်ိန္ေရာ ျဖန္႔ထားခ်ိန္မွာပါ ကင္မရာကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

ေအာက္ေျခမွာ USB-C Port ထည့္သြင္းထားၿပီး Earpiece ကို အထက္ေဘာင္မွာ ျမွပ္ထားႏိုင္ပါတယ္။ သူဟာ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ဒီဇိုင္း ကြဲျပားပါတယ္။ ဆမ္ေဆာင္းကလည္း မၾကာခင္မွာ ေခါက္ခ်ိဳး ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi ခေါက်ချိုးဖုန်းရဲ့ ပုံတွေထွက်ပေါ်လာ

Xiaomi က ခေါက်ချိုးဖုန်းကို ဖန်တီးနေတယ်ဆိုတာ အားလုံး သိကြပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ ပုံများကို LetsGoDigital က မျှဝေလိုက်ပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအချက်အလက်များနဲ့ ရှောင်မီရဲ့ တရားဝင် ပြောကြားချက်များအပေါ် အခြေခံ၍ ပုံများကို ဖန်တီးထားတာပါ။ ရှောင်မီက အဲဒီဖုန်း အတွက် အမည် နှစ်ခုကို စဉ်းစားထားပါတယ်။ တစ်ခုက Xiaomi Dual Flex နဲ့ နောက်တစ်ခုက Xiaomi MIX Flex တို့ ဖြစ်ပါတယ်။

သူ့ရဲ့ အစွန်းနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုးပြီး စမတ်ဖုန်းလို အသုံးပြုနိုင်ပါတယ်။ သူ့ကို ဖြန့်ထားရင် တက်ဘလက်လို အသုံးပြုနိုင်ပါတယ်။ သူ့ကို ဖြန့်ထားရင် မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။ ဖြန့်ထားရင် မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာတာကို မြင်ရပါတယ်။

သူ့ကို ခေါက်ချိုးလိုက်တာနဲ့ User Interface ဟာ သင့်တော်တဲ့ အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။ သူ့ကို Portrait Mode နဲ့ အသုံးပြုရင် ပါဝါ ခလုတ်ဟာ အပေါ်ဘက်မှာ ရှိပါတယ်။ ကင်မရာကို အလယ်က အပိုင်းမှာ ထည့်သွင်းထားနိုင်ပါတယ်။ အဲဒါမှ ခေါက်ချိုးထားချိန်ရော ဖြန့်ထားချိန်မှာပါ ကင်မရာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အောက်ခြေမှာ USB-C Port ထည့်သွင်းထားပြီး Earpiece ကို အထက်ဘောင်မှာ မြှပ်ထားနိုင်ပါတယ်။ သူဟာ ဆမ်ဆောင်းရဲ့ ခေါက်ချိုး ဖုန်းနဲ့ ဒီဇိုင်း ကွဲပြားပါတယ်။ ဆမ်ဆောင်းကလည်း မကြာခင်မှာ ခေါက်ချိုး ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category