0 Shares 681 Views

Xiaomi Mi 9 ကို ဒီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ေသခ်ာၿပီ

Feb 13, 2019
0 681

Xiaomi ရဲ႕ စီအီးအို လီဂြ်န္က Mi 9 ကို ဒီလ ၂၀ ရက္ေန႔မွာ ေၾကညာမယ္လို႔ ပိုစတာတစ္ခုကေန အသိေပးလိုက္ပါတယ္။ ၀ီဘိုမွ ပိုစတာမွာ TFBoys မွ Roy Wang က Mi 9 ကို ကိုင္ထားတာကို ျမင္ရၿပီး အေနာက္ကင္မရာ သံုးလံုး ပါပါတယ္။ ကင္မရာမ်ားကို ေဒါင္လိုက္ တပ္ဆင္ထားတာပါ။

သူ႔ရဲ႕ Specs မ်ားလည္း ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အေနာက္ဘက္မွ ပင္မ ကင္မရာဟာ 48MP ျဖစ္မယ္လို႔ သိရပါတယ္။ Sony ရဲ႕ IMX586 Sensor ကို သံုးထားမွာပါ။ သူနဲ႔ အတူ 12MP Camera နဲ႔ 3D TOF Camera မ်ားကို ေပါင္းစပ္ထားမွာပါ။

Mi 9 မွာ ၆.၄ လက္မ 19:9 FHD+ AMOLED Display ထည့္သြင္းထားမွာပါ။ Waterdrop Notch မွာ 24MP Camera တစ္လံုး တပ္ဆင္ထားမွာပါ။ သူ႔ရဲ႕ အေရွ႕ဘက္ဟာ OnePlus 6T နဲ႔ ဆင္တူပါတယ္။ အေနာက္ဘက္ကေတာ့ Huawei P20 Pro နဲ႔ တူပါတယ္။

သူ႔မွာ X24 LTE Modem ပါတဲ့ Qualcomm Snapdragon 855 SoC ေမာင္းနွင္ထားမွာ ျဖစ္ပါတယ္။ အနိမ့္ဆံုး အေနနဲ႔ 6GB RAM , 128GB Storage မ်ား ပါလာမွာပါ။ သူ႔ရဲ႕ ေစ်းႏႈန္းဟာ ယြမ္ ၂၉၉၉ ( ၄၃၆ ေဒၚလာ) က်သင့္ႏုိင္ပါတယ္။ လက္ေဗြရာ ကိရိယာကို မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားမွာပါ။

လီဂြ်န္က သူဟာ Redmi Note 7 ထက္ အားသြင္းျမန္မယ္လို႔ ေျပာထားတဲ့ အတြက္ 27W Fast Charging ပါတဲ့ 3500mAh Battery ထည့္သြင္းထားႏုိင္ပါတယ္။ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါပါဘူး။

Ref : gsmarena

Xiaomi Mi 9 ကို ဒီလ ၂၀ ရက်နေ့မှာ ကြေညာမှာ သေချာပြီ

Xiaomi ရဲ့ စီအီးအို လီဂျွန်က Mi 9 ကို ဒီလ ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ ပိုစတာတစ်ခုကနေ အသိပေးလိုက်ပါတယ်။ ဝီဘိုမှ ပိုစတာမှာ TFBoys မှ Roy Wang က Mi 9 ကို ကိုင်ထားတာကို မြင်ရပြီး အနောက်ကင်မရာ သုံးလုံး ပါပါတယ်။ ကင်မရာများကို ဒေါင်လိုက် တပ်ဆင်ထားတာပါ။

သူ့ရဲ့ Specs များလည်း ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အနောက်ဘက်မှ ပင်မ ကင်မရာဟာ 48MP ဖြစ်မယ်လို့ သိရပါတယ်။ Sony ရဲ့ IMX586 Sensor ကို သုံးထားမှာပါ။ သူနဲ့ အတူ 12MP Camera နဲ့ 3D TOF Camera များကို ပေါင်းစပ်ထားမှာပါ။

Mi 9 မှာ ၆.၄ လက်မ 19:9 FHD+ AMOLED Display ထည့်သွင်းထားမှာပါ။ Waterdrop Notch မှာ 24MP Camera တစ်လုံး တပ်ဆင်ထားမှာပါ။ သူ့ရဲ့ အရှေ့ဘက်ဟာ OnePlus 6T နဲ့ ဆင်တူပါတယ်။ အနောက်ဘက်ကတော့ Huawei P20 Pro နဲ့ တူပါတယ်။

သူ့မှာ X24 LTE Modem ပါတဲ့ Qualcomm Snapdragon 855 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး အနေနဲ့ 6GB RAM , 128GB Storage များ ပါလာမှာပါ။ သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၂၉၉၉ ( ၄၃၆ ဒေါ်လာ) ကျသင့်နိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားမှာပါ။

လီဂျွန်က သူဟာ Redmi Note 7 ထက် အားသွင်းမြန်မယ်လို့ ပြောထားတဲ့ အတွက် 27W Fast Charging ပါတဲ့ 3500mAh Battery ထည့်သွင်းထားနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category