0 Shares 3025 Views


Feb 13, 2019
0 3025




Ref : gsmarena

[Unicode]

Huawei က တန်ဖိုးနည်း Y6 Pro 2019 ကို ကြေညာ

Huawei က ဖိလစ်ပိုင်မှာ Realme C1 , Xiaomi Redmi Go တို့ကို ယှဉ်ပြိုင်မယ့် တန်ဖိုးနည်း ဖုန်း တစ်လုံးကို ကြေညာလိုက်ပါတယ်။ Y6 Pro 2019 လို့ အမည်ပေးထားပြီး Quad-core Helio A22 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ တစ်လုံးသာ ပါပါတယ်။ ၆.၁ လက်မ HD+ Display ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။

သူ့မှာ 3GB RAM , 32GB Storage များ ထည့်သွင်းထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ကင်မရာက 13MP နဲ့ အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ Beautification Mode များ ပါပါတယ်။ Android Pie အခြေပြု EMUI 9.0 ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3020mAh ဖြစ်ပါတယ်။

သူ့အတွက် အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ထားပါတယ်။ ၁၃၅ ဒေါ်လာလောက်သာ ရှိပါတယ်။ ယခုလ ၁၈ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၃ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category