403 Shares 68 Views

360 Degree Camera အသစ္ကို ေၾကညာေတာ့မယ့္ Xiaomi

Feb 13, 2019
404 68

Xiaomi ဟာ စမတ္ဖုန္း ၊ တက္ဘလက္မ်ားသာမက Mi TVs , Mi Band , Mi Air Purifier , Mi Security Camera မ်ားလို Consumer Electronics မ်ားကိုပါ ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ အခုလည္း အိႏၵိယမွာ ထုတ္ကုန္ အသစ္တစ္ခုကို ေၾကညာမယ္လို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ တြစ္တာမွ ဓါတ္ပံုမွာ “ Never take your eyes off “ လို႔ ေရးသားထားၿပီး ဘယ္ဘက္ အေပၚေထာင့္မွာ Record Button တစ္ခုကို ျပသထားတဲ့ အတြက္ ဒီထုတ္ကုန္ဟာ ကင္မရာ တစ္လံုး ျဖစ္ႏုိင္ပါတယ္။

ေရွာင္မီက အိႏၵိယမွာ Mi Action Camera, Mi Sphere Camera , Mi Home Security Camera တို႔လို ကင္မရာ မ်ိဳးစံုကို ေရာင္းခ်ေပးထားပါတယ္။ အဲဒီအထဲက ေမာ္ဒယ္အသစ္တစ္လံုးကို ေရွာင္မီက ေၾကညာႏုိင္ပါတယ္။ အထူးသျဖင့္ ၃၆၀ ဒီဂရီ ျမင္ကြင္းက်ယ္မ်ားကို ရိုက္ကူးေပးႏိုင္တဲ့ Mi Sphere Camera အသစ္ ျဖစ္ႏိုင္ပါတယ္။

ယခင္မ်ိဳးဆက္ Xiaomi Mi Sphere Camera ဆိုတာက 23.88 MP ရိွတဲ့ Sphere ပံုေတြနဲ႔ 3.5k ဗီဒီယုိေတြကို 30fps ႏႈန္းနဲ႔ရိုက္ကူးႏုိင္မယ့္ 360-degree ကင္မရာေလးပါ။ 6-axis EIS( Electronic Image Stabilization) နဲ႔ ေရစိုခံႏုိင္မႈကေတာ့ IP 67 ရထားတဲ့ကင္မရာတစ္လံုးပါ။ တျခား 360-drgree ကင္မရာေတြနဲ႔မတူတဲ့ သူ႔ရဲ႕ဒီဇုိင္းေလးက ေလးထာင့္စက္စက္ကိုယ္ထည္နဲ႔ ျပားျပားေလးျဖစ္ေနတာပါ။ Dimension (3.07× 2.65× 0.47 inches) ရိွျပီး အလူမီနီယမ္နဲ႔ ထိေတြ႔ရႏူးညံ့တဲ့ပလတ္စတစ္နဲ႔ ျပဳလုပ္ထားပါတယ္။ အထက္တန္းဆန္တဲ့ပံုစံမ်ိဳးနဲ႔ Sony IMX 206 16.35MP 1/ 2.3 sensors ေတြ 190-degree f/2.0 lens ေတြေၾကာင့္ လုပ္ေဆာင္ခ်က္ကေတာ ပူစရာမလိုပါဘူး။

360 ပံုေတြဗီဒီယိုေတြရိုက္တာအျပင္ Mi Sphere ကင္မရာက ကိုယ္တုိင္ေျပာင္းလို႔ရတဲ့ Manual Control (exposure 32sec) , RAQ photo ေတြ၊ Slow-Motion, Time-Lapse နဲ႔ Bullet-Time ဗီဒီယိုေတြရိုက္ကူးလို႔ရိုက္ႏုိင္ပါေသးတယ္။ ကင္မရာကိုယ္တိုင္ Standalone လုပ္ေဆာင္ႏုိင္သလို Xiaomi ရဲ႕ iOS, Android App ေတြနဲ႔လည္း သံုးလို႔ရႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

360 Degree Camera အသစ်ကို ကြေညာတော့မယ့် Xiaomi

Xiaomi ဟာ စမတ်ဖုန်း ၊ တက်ဘလက်များသာမက Mi TVs , Mi Band , Mi Air Purifier , Mi Security Camera များလို Consumer Electronics များကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း အိန္ဒိယမှာ ထုတ်ကုန် အသစ်တစ်ခုကို ကြေညာမယ်လို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ တွစ်တာမှ ဓါတ်ပုံမှာ “ Never take your eyes off “ လို့ ရေးသားထားပြီး ဘယ်ဘက် အပေါ်ထောင့်မှာ Record Button တစ်ခုကို ပြသထားတဲ့ အတွက် ဒီထုတ်ကုန်ဟာ ကင်မရာ တစ်လုံး ဖြစ်နိုင်ပါတယ်။

ရှောင်မီက အိန္ဒိယမှာ Mi Action Camera, Mi Sphere Camera , Mi Home Security Camera တို့လို ကင်မရာ မျိုးစုံကို ရောင်းချပေးထားပါတယ်။ အဲဒီအထဲက မော်ဒယ်အသစ်တစ်လုံးကို ရှောင်မီက ကြေညာနိုင်ပါတယ်။ အထူးသဖြင့် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်များကို ရိုက်ကူးပေးနိုင်တဲ့ Mi Sphere Camera အသစ် ဖြစ်နိုင်ပါတယ်။

ယခင်မျိုးဆက် Xiaomi Mi Sphere Camera ဆိုတာက 23.88 MP ရှိတဲ့ Sphere ပုံတွေနဲ့ 3.5k ဗီဒီယိုတွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ့် 360-degree ကင်မရာလေးပါ။ 6-axis EIS( Electronic Image Stabilization) နဲ့ ရေစိုခံနိုင်မှုကတော့ IP 67 ရထားတဲ့ကင်မရာတစ်လုံးပါ။ တခြား 360-drgree ကင်မရာတွေနဲ့မတူတဲ့ သူ့ရဲ့ဒီဇိုင်းလေးက လေးထာင့်စက်စက်ကိုယ်ထည်နဲ့ ပြားပြားလေးဖြစ်နေတာပါ။ Dimension (3.07× 2.65× 0.47 inches) ရှိပြီး အလူမီနီယမ်နဲ့ ထိတွေ့ရနူးညံ့တဲ့ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အထက်တန်းဆန်တဲ့ပုံစံမျိုးနဲ့ Sony IMX 206 16.35MP 1/ 2.3 sensors တွေ 190-degree f/2.0 lens တွေကြောင့် လုပ်ဆောင်ချက်ကတော ပူစရာမလိုပါဘူး။

360 ပုံတွေဗီဒီယိုတွေရိုက်တာအပြင် Mi Sphere ကင်မရာက ကိုယ်တိုင်ပြောင်းလို့ရတဲ့ Manual Control (exposure 32sec) , RAQ photo တွေ၊ Slow-Motion, Time-Lapse နဲ့ Bullet-Time ဗီဒီယိုတွေရိုက်ကူးလို့ရိုက်နိုင်ပါသေးတယ်။ ကင်မရာကိုယ်တိုင် Standalone လုပ်ဆောင်နိုင်သလို Xiaomi ရဲ့ iOS, Android App တွေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။

Ref : gsmarena

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category