0 Shares 38 Views

Apple က အခေပး Apple News ၀န္ေဆာင္မႈကို မတ္လ ၂၅ ရက္မွာ ေၾကညာမည္

Feb 13, 2019
0 38

Apple က iPhone , iPad , PC နဲ႔ အျခား ဟာ့ဒ္၀ဲ ထုတ္ကုန္မ်ားကို ထုတ္လုပ္ေရာင္းခ်လာခဲ့ပါတယ္။ ၀န္ေဆာင္မႈ လုပ္ငန္းကို ျပဳလုပ္ခဲ့ျခင္း မရွိပါဘူး။ အခုေတာ့ အိုင္ဖုန္း ေရာင္းအားမ်ား က်ဆင္းလာတဲ့ အတြက္ ကုမၸဏီဟာ ၀န္ေဆာင္မႈ လုပ္ငန္းမ်ားကိုပါ တိုးခ်ဲ႕ လုပ္ကိုင္လာပါတယ္။ Apple Music က သက္ေသတစ္ခု ျဖစ္ပါတယ္။

Apple News ၀န္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ ဓါတ္ပံုမ်ားကို ၿပီးခဲ့တဲ့ လက ျဖန္႔ခ်ီတဲ့ iOS 12.2 Beta မွာ ထည့္သြင္းထားတဲ့ အတြက္ Apple ဟာ ဒီ၀န္ေဆာင္မႈကို မၾကာခင္မွာ ျဖန္႔ခ်ီေတာ့မယ္လို႔ ထင္ရပါတယ္။ အခုေတာ့ ကုမၸဏီက အခေပး သတင္း ၀န္ေဆာင္မႈကို မတ္လ ၂၅ ရက္ေန႔မွာ ျပဳလုပ္ေပးေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

Apple News မွာ အခေပး မဂၢဇင္းနဲ႔ သတင္းမ်ားကို ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အဲဒီ ၀န္ေဆာင္မႈဟာ တစ္လလွ်င္ ၁၀ ေဒၚလာ က်သင့္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Apple ဟာ သတင္း ကုမၸဏီမ်ားနဲ႔ ၀င္ေငြခြဲေ၀ယူတဲ့ အပိုင္းမွာ သေဘာတူညီမႈ မရေသးဘူးလို႔ The Wall Street Journal က ၿပီီးခဲ့တဲ့ ရက္က ေရးသားထားပါတယ္။ Apple က ၀င္ေငြရဲ႕ ၅၀ ရာခုိင္ႏႈန္းကို ေတာင္းဆိုထားတယ္လို႔ သတင္းထြက္ေနပါတယ္။

ပံုမွန္အားျဖင့္ေတာ့ Apple ဟာ မတ္လမွာ အိုင္ပတ္ အသစ္မ်ားကို ေၾကညာေလ့ ရွိပါတယ္။ လာမယ့္ မတ္လပြဲမွာေတာ့ ဟာ့ဒ္၀ဲ ထုတ္ကုန္ အသစ္မ်ားကို ေၾကညာမွာ မဟုတ္ဘဲ ၀န္ေဆာင္မႈ လုပ္ငန္းကိုသာ မိတ္ဆက္မယ္လို႔ သိရပါတယ္။

Ref : theverge

[Unicode]

Apple က အခပေး Apple News ဝန်ဆောင်မှုကို မတ်လ ၂၅ ရက်မှာ ကြေညာမည်

Apple က iPhone , iPad , PC နဲ့ အခြား ဟာ့ဒ်ဝဲ ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချလာခဲ့ပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းကို ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ အခုတော့ အိုင်ဖုန်း ရောင်းအားများ ကျဆင်းလာတဲ့ အတွက် ကုမ္ပဏီဟာ ဝန်ဆောင်မှု လုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ကိုင်လာပါတယ်။ Apple Music က သက်သေတစ်ခု ဖြစ်ပါတယ်။

Apple News ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဓါတ်ပုံများကို ပြီးခဲ့တဲ့ လက ဖြန့်ချီတဲ့ iOS 12.2 Beta မှာ ထည့်သွင်းထားတဲ့ အတွက် Apple ဟာ ဒီဝန်ဆောင်မှုကို မကြာခင်မှာ ဖြန့်ချီတော့မယ်လို့ ထင်ရပါတယ်။ အခုတော့ ကုမ္ပဏီက အခပေး သတင်း ဝန်ဆောင်မှုကို မတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်ပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

Apple News မှာ အခပေး မဂ္ဂဇင်းနဲ့ သတင်းများကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုဟာ တစ်လလျှင် ၁၀ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Apple ဟာ သတင်း ကုမ္ပဏီများနဲ့ ဝင်ငွေခွဲဝေယူတဲ့ အပိုင်းမှာ သဘောတူညီမှု မရသေးဘူးလို့ The Wall Street Journal က ပြီးခဲ့တဲ့ ရက်က ရေးသားထားပါတယ်။ Apple က ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို တောင်းဆိုထားတယ်လို့ သတင်းထွက်နေပါတယ်။

ပုံမှန်အားဖြင့်တော့ Apple ဟာ မတ်လမှာ အိုင်ပတ် အသစ်များကို ကြေညာလေ့ ရှိပါတယ်။ လာမယ့် မတ်လပွဲမှာတော့ ဟာ့ဒ်ဝဲ ထုတ်ကုန် အသစ်များကို ကြေညာမှာ မဟုတ်ဘဲ ဝန်ဆောင်မှု လုပ်ငန်းကိုသာ မိတ်ဆက်မယ်လို့ သိရပါတယ်။

Ref : theverge

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category