LG G8 ThinQ ဟာ ေဒၚလာ ၉၀၀ ေလာက္ ရွိမည္

LG G8 ThinQ ဟာ Samsung Galaxy S10 နဲ႔ iPhone XS တို႔ထက္ ေစ်းသက္သာမယ္လို႔ ကေနဒါကေန သတင္းထြက္လာပါတယ္။ သူဟာ ကေနဒါ ေဒၚလာ ၁၁၉၉.၉၉ က်သင့္မွာပါ။ ေဒၚလာ ၉၀၀ ေလာက္ ရွိမွာပါ။

သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔မွာ 3D ေရွ႕ကင္မရာစနစ္ ပါဝင္လာမွာပါတဲ့။ Infineon က ထုတ္လုပ္ေပးထားတဲ့ “Time of Flight (ToF) Image Sensor ကို အသုံးျပဳထားျပီး၊ မ်က္ႏွာဖတ္စနစ္၊ AR နဲ႔ အလင္းေရာင္အေျခအေနအမ်ိဳးမ်ိဳးမွာ ပိုမိုေကာင္းမြန္တဲ့ Selfie ပုံေတြ ေပးစြမ္းႏိုင္မွာ ျဖစ္တယ္လို႔ LG က ဆိုပါတယ္။ ဒါ့အျပင္ Apple ရဲ႕ FaceID လိုမ်ိုး တျခား နည္းပညာေတြထက္ ပါဝါသုံးစြဲမႈလည္း ပိုနည္းမယ္လို႔ သိရပါတယ္။

Apple ရဲ႕ FaceID မွာ သုံးထားတဲ့ TrueDepth ကင္မရာစနစ္ဟာ အနီေရာင္ေရာင္ျခည္ Dots ေလးေတြ သုံးေသာင္းေလာက္ကို မ်က္နွာမွာ ထိုးျပီး၊ 3D Facial Map ေဖာ္တဲ့ စနစ္တခု ျဖစ္ပါတယ္။ LG က သုံးမယ့္ ToF ကေတာ့ အနီေအာက္ေရာင္ျခည္ကို အရာဝတၳဳတခုေပၚ ထိုးျပီး ျပန္လာတဲ့ အလင္းကို ဖမ္းယူ ပုံေဖာ္တဲ့ စနစ္ျဖစ္ပါတယ္။ ပါဝါသုံးစြဲမႈနည္းျပီး ပိုမိုတိက်ေကာင္းမြန္တဲ့ ရလဒ္ေတြ ေပးစြမ္းႏိုင္မွာပါ။ Apple ကိုယ္တိုင္က ToF ဆန္ဆာကို iPhone ရဲ႕ ေက်ာကင္မရာမွာ ထည့္သြင္းဖို႔ စဥ္းစားေနတယ္လို႔ လည္း ေကာလာဟလေတြ ထြက္ေနပါတယ္။

ဒါေပမယ့္ LG G8 ဟာ ToF နည္းပညာသုံးတဲ့ ပထမဆုံးဖုန္းေတာ့ မဟုတ္ပါဘူး။ ဒီဖုန္းမွာ သုံးထားတဲ့ Infineon Real3 Chip ကိုပဲ Lenovo ရဲ႕ Project Tango စနစ္ပါ Phab 2 Pro ဖုန္းမွာ ေတြ႔ခဲ့ရတာ ေတာ္ေတာ္ၾကာျမင့္ခဲ့့ပါျပီ။ ဒါ့အျပင္ Vivo Nex Dual Display Edition နဲ႔ Honor View 20 တို႔မွာလည္း သုံးထားပါတယ္။

ToF ဆန္ဆာေၾကာင့္ AR နဲ႔ Facial Recognition ေတြ ပိုေကာင္းလာမွာ ျဖစ္သလို၊ G8 ThinQ ဖုန္းမွာ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ နည္းပညာတခုလည္း ပါဝင္လာမွာပါ။ Touch မလိုဘဲ လက္ဟန္အမူအရာ Gesture နဲ႔ ထိန္းခ်ဳပ္ႏိုင္မယ့္ စနစ္ ျဖစ္ပါတယ္။ ဒါ့အျပင္ ျဖဳတ္တပ္ႏိုင္တဲ့ စခရင္အပုိတခုလည္း G8 ThinQ ဖုန္းမွာ ပါဝင္လာဦးမယ္လုိ႔ သိထားရပါတယ္။LG G8 ThinQ ဖုန္းကို ယခုလအတြင္း က်င္းပမယ့္ MWC 2019 ပြဲမွာ ၂၄ ရက္ေန႔တြင္ ေၾကညာမွာပါ။

Ref : techradar

[Unicode]

LG G8 ThinQ ဟာ ဒေါ်လာ ၉၀၀ လောက် ရှိမည်

LG G8 ThinQ ဟာ Samsung Galaxy S10 နဲ့ iPhone XS တို့ထက် ဈေးသက်သာမယ်လို့ ကနေဒါကနေ သတင်းထွက်လာပါတယ်။ သူဟာ ကနေဒါ ဒေါ်လာ ၁၁၉၉.၉၉ ကျသင့်မှာပါ။ ဒေါ်လာ ၉၀၀ လောက် ရှိမှာပါ။

သူ့ရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့မှာ 3D ရှေ့ကင်မရာစနစ် ပါဝင်လာမှာပါတဲ့။ Infineon က ထုတ်လုပ်ပေးထားတဲ့ “Time of Flight (ToF) Image Sensor ကို အသုံးပြုထားပြီး၊ မျက်နှာဖတ်စနစ်၊ AR နဲ့ အလင်းရောင်အခြေအနေအမျိုးမျိုးမှာ ပိုမိုကောင်းမွန်တဲ့ Selfie ပုံတွေ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ LG က ဆိုပါတယ်။ ဒါ့အပြင် Apple ရဲ့ FaceID လိုမျိုး တခြား နည်းပညာတွေထက် ပါဝါသုံးစွဲမှုလည်း ပိုနည်းမယ်လို့ သိရပါတယ်။

Apple ရဲ့ FaceID မှာ သုံးထားတဲ့ TrueDepth ကင်မရာစနစ်ဟာ အနီရောင်ရောင်ခြည် Dots လေးတွေ သုံးသောင်းလောက်ကို မျက်နှာမှာ ထိုးပြီး၊ 3D Facial Map ဖော်တဲ့ စနစ်တခု ဖြစ်ပါတယ်။ LG က သုံးမယ့် ToF ကတော့ အနီအောက်ရောင်ခြည်ကို အရာဝတ္ထုတခုပေါ် ထိုးပြီး ပြန်လာတဲ့ အလင်းကို ဖမ်းယူ ပုံဖော်တဲ့ စနစ်ဖြစ်ပါတယ်။ ပါဝါသုံးစွဲမှုနည်းပြီး ပိုမိုတိကျကောင်းမွန်တဲ့ ရလဒ်တွေ ပေးစွမ်းနိုင်မှာပါ။ Apple ကိုယ်တိုင်က ToF ဆန်ဆာကို iPhone ရဲ့ ကျောကင်မရာမှာ ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ လည်း ကောလာဟလတွေ ထွက်နေပါတယ်။

ဒါပေမယ့် LG G8 ဟာ ToF နည်းပညာသုံးတဲ့ ပထမဆုံးဖုန်းတော့ မဟုတ်ပါဘူး။ ဒီဖုန်းမှာ သုံးထားတဲ့ Infineon Real3 Chip ကိုပဲ Lenovo ရဲ့ Project Tango စနစ်ပါ Phab 2 Pro ဖုန်းမှာ တွေ့ခဲ့ရတာ တော်တော်ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် Vivo Nex Dual Display Edition နဲ့ Honor View 20 တို့မှာလည်း သုံးထားပါတယ်။

ToF ဆန်ဆာကြောင့် AR နဲ့ Facial Recognition တွေ ပိုကောင်းလာမှာ ဖြစ်သလို၊ G8 ThinQ ဖုန်းမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာတခုလည်း ပါဝင်လာမှာပါ။ Touch မလိုဘဲ လက်ဟန်အမူအရာ Gesture နဲ့ ထိန်းချုပ်နိုင်မယ့် စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် ဖြုတ်တပ်နိုင်တဲ့ စခရင်အပိုတခုလည်း G8 ThinQ ဖုန်းမှာ ပါဝင်လာဦးမယ်လို့ သိထားရပါတယ်။LG G8 ThinQ ဖုန်းကို ယခုလအတွင်း ကျင်းပမယ့် MWC 2019 ပွဲမှာ ၂၄ ရက်နေ့တွင် ကြေညာမှာပါ။

Ref : techradar

%d bloggers like this: