iQOO အမည္ရ Sub-brand ကို တည္ေထာင္လိုက္တဲ့ Vivo
Vivo က Teaser တစ္ခုျဖင့္ iQOO အမည္ရ Mobile Phone Brand တစ္ခုကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္ျဖစ္တဲ့ iqoo.com ကိုလည္း ဖန္တီးထားပါတယ္။ ၀က္ဘ္ဆိုက္ကို အခု ဖြင့္ၾကည့္ရင္ ကုမၸဏီ အသစ္ရဲ႕ အေၾကာင္း ဘာမွ မရွိေသးဘဲ Vivo ရဲ႕ သတင္းအခ်က္အလက္မ်ားကိုသာ ျမင္ရမွာ ျဖစ္ပါတယ္။
iQOO ကို ဘယ္လို အသံထြက္လဲဆိုတာ သိခ်င္သူေတြ ေတာ္ေတာ္မ်ားေနပါတယ္။ အဲဒီ ဘရန္းရဲ႕ ၀ီဘို အေကာင့္မွာ အဲဒီ နာမည္ အသစ္ကို ဘယ္လို အသံထြက္သလဲ ဆိုတာ သိပါသလားလို႔ ပို႔စ္တင္ထားပါတယ္။ သံုးနာရီအတြင္းမွာ ကြန္းမန္႔ေပါင္း ၁၃၀၀ ေက်ာ္ ရွိသြားပါၿပီ။
Vivo ကေရာ iQOO ကပါ ဘရန္း အသစ္ရဲ႕ Device မ်ားအေၾကာင္းကို ဘာမွ မေျပာေသးပါဘူး။ Vivo က မနက္ျဖန္မွာ Follower တစ္ဦးကို iQOO Phone တစ္လံုး လက္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ မၾကာခင္မွာ ဘရန္း အသစ္ရဲ႕ ဖုန္းကို ျမင္ရေတာ့မွာပါ။
iQOO Phone မ်ားဟာ တန္ဖိုးျမင့္ ဂိမ္း ဖုန္းမ်ား ျဖစ္မယ္လို႔ ထင္ရပါတယ္။ ZTE ရဲ႕ Nubia Red Magic Devices မ်ားလိုပဲ ျဖစ္ပါတယ္။ OPPO ကလည္း Realme ကို တည္ေထာင္ထားပါတယ္။ Xiaomi ကလည္း Redmi ကို ခြဲထုတ္ထားပါတယ္။
ref : gsmarena
[Unicode]
iQOO အမည်ရ Sub-brand ကို တည်ထောင်လိုက်တဲ့ Vivo
Vivo က Teaser တစ်ခုဖြင့် iQOO အမည်ရ Mobile Phone Brand တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်တဲ့ iqoo.com ကိုလည်း ဖန်တီးထားပါတယ်။ ဝက်ဘ်ဆိုက်ကို အခု ဖွင့်ကြည့်ရင် ကုမ္ပဏီ အသစ်ရဲ့ အကြောင်း ဘာမှ မရှိသေးဘဲ Vivo ရဲ့ သတင်းအချက်အလက်များကိုသာ မြင်ရမှာ ဖြစ်ပါတယ်။
iQOO ကို ဘယ်လို အသံထွက်လဲဆိုတာ သိချင်သူတွေ တော်တော်များနေပါတယ်။ အဲဒီ ဘရန်းရဲ့ ဝီဘို အကောင့်မှာ အဲဒီ နာမည် အသစ်ကို ဘယ်လို အသံထွက်သလဲ ဆိုတာ သိပါသလားလို့ ပို့စ်တင်ထားပါတယ်။ သုံးနာရီအတွင်းမှာ ကွန်းမန့်ပေါင်း ၁၃၀၀ ကျော် ရှိသွားပါပြီ။
Vivo ကရော iQOO ကပါ ဘရန်း အသစ်ရဲ့ Device များအကြောင်းကို ဘာမှ မပြောသေးပါဘူး။ Vivo က မနက်ဖြန်မှာ Follower တစ်ဦးကို iQOO Phone တစ်လုံး လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ဘရန်း အသစ်ရဲ့ ဖုန်းကို မြင်ရတော့မှာပါ။
iQOO Phone များဟာ တန်ဖိုးမြင့် ဂိမ်း ဖုန်းများ ဖြစ်မယ်လို့ ထင်ရပါတယ်။ ZTE ရဲ့ Nubia Red Magic Devices များလိုပဲ ဖြစ်ပါတယ်။ OPPO ကလည်း Realme ကို တည်ထောင်ထားပါတယ်။ Xiaomi ကလည်း Redmi ကို ခွဲထုတ်ထားပါတယ်။
ref : gsmarena
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.