ဆိုက္ဘာ လံုျခံဳေရး အတြက္ တစ္ႏုိင္ငံလံုးကို အင္တာနက္ ျဖတ္ေတာက္ဖို႔ စမ္းသပ္မယ့္ ရုရွား

ရုရွားမွ အာဏာပိုင္မ်ားက ဆိုက္ဘာ လံုျခံဳေရးအတြက္ တစ္ႏိုင္ငံလံုးကို ကမာၻ႕ အင္တာနက္ ကြန္ယက္ကေန ျဖတ္ေတာက္ဖို႔ စမ္းသပ္မွာ ျဖစ္ပါတယ္။ တစ္ႏုိင္ငံလံုးကို အင္တာနက္ ျဖတ္ေတာက္မွာ ျဖစ္ၿပီး ႏုိင္ငံတကာ Ports နဲ႔ Servers မ်ား အားလံုးကေန အဆက္အသြယ္ ျဖတ္ေတာက္မွာ ျဖစ္ပါတယ္။

စမ္းသပ္မႈကို ျပဳလုပ္မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ဧၿပီလ ၁ ရက္ေန႔ မတိုင္ခင္မွာ ျပဳလုပ္မယ္လို႔ ထင္ရပါတယ္။ ဒါဟ သမၼတ ပူတင္ ေထာက္ခံအားေပးတဲ့ ၂၀၁၈ ခုႏွစ္မွာ အဆိုတင္သြင္းခဲ့တဲ့ Digital Economy National Program ရဲ႕ ဥပေဒ တစ္စိတ္တစ္ပိုင္းကို အေကာင္အထည္ ေဖာ္တာလည္း ျဖစ္ပါတယ္။ အဲဒါက ရုရွားမွ အင္တာနက္ ဆက္သြယ္ေရး ကုမၸဏီမ်ားဟာ အျခား ႏုိင္ငံမ်ားက ရုရွားရဲ႕ အင္တာနက္ကို ျဖတ္ေတာက္ဖို႔ ႀကိဳးစားတဲ့အခါမွာ လြတ္လပ္စြာ ရွင္သန္ႏုိင္ေအာင္ ျပဳလုပ္ထားရမယ္ ဆိုတဲ့ ဥပေဒ ျဖစ္ပါတယ္။

ရုရွားရဲ႕ အင္တာနက္ ကုမၸဏီအားလံုးဟာ ဒီဥပေဒကို သေဘာတူညီထားၾကပါတယ္။ ဒါေပမယ့္ ကုမၸဏီမ်ားစြာက အင္တာနက္ လံုး၀ ျပတ္ေတာက္သြားရင္ ျဖစ္ပြားမယ့္ အက်ိဳးဆက္မ်ားအတြက္ စိုးရိမ္မႈမ်ား ရွိတယ္လို႔ ေျပာၾကပါတယ္။

ရုရွားက ဒီစီမံကိန္းကို ျပဳလုပ္ေနတာ အခ်ိန္အနည္းငယ္ ၾကာပါၿပီ။ ရုရွားက ၂၀၂၀ ခုႏွစ္မွာ လြတ္လပ္စြာ ရွင္သန္ႏုိင္တဲ့ အင္တာနက္ ကြန္ယက္ကို ဖန္တီးဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အဲဒီ ရည္မွန္းခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ရုရွားဟာ ၂၀၁၄ ခုႏွစ္မွာ စမ္းသပ္ခဲ့တဲ့ Domain Name System (DNS) ကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ျခင္းျဖင့္ ရုရွားဟာ Local Internet ကို ခ်ိတ္ဆက္ႏုိင္မွာ ျဖစ္ၿပီး အျခား ႏုိင္ငံမ်ားက သူ႔ကြန္ယက္ကို ခ်ိတ္ဆက္ႏိုင္မွာ မဟုတ္ပါဘူး။

Ref : digitaltrends

[Unicode]

ဆိုက်ဘာ လုံခြုံရေး အတွက် တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်ဖို့ စမ်းသပ်မယ့် ရုရှား

ရုရှားမှ အာဏာပိုင်များက ဆိုက်ဘာ လုံခြုံရေးအတွက် တစ်နိုင်ငံလုံးကို ကမ္ဘာ့ အင်တာနက် ကွန်ယက်ကနေ ဖြတ်တောက်ဖို့ စမ်းသပ်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်မှာ ဖြစ်ပြီး နိုင်ငံတကာ Ports နဲ့ Servers များ အားလုံးကနေ အဆက်အသွယ် ဖြတ်တောက်မှာ ဖြစ်ပါတယ်။

စမ်းသပ်မှုကို ပြုလုပ်မယ့် အချိန်ကို မသိရသေးပါဘူး။ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်မှာ ပြုလုပ်မယ်လို့ ထင်ရပါတယ်။ ဒါဟ သမ္မတ ပူတင် ထောက်ခံအားပေးတဲ့ ၂၀၁၈ ခုနှစ်မှာ အဆိုတင်သွင်းခဲ့တဲ့ Digital Economy National Program ရဲ့ ဥပဒေ တစ်စိတ်တစ်ပိုင်းကို အကောင်အထည် ဖော်တာလည်း ဖြစ်ပါတယ်။ အဲဒါက ရုရှားမှ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီများဟာ အခြား နိုင်ငံများက ရုရှားရဲ့ အင်တာနက်ကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့အခါမှာ လွတ်လပ်စွာ ရှင်သန်နိုင်အောင် ပြုလုပ်ထားရမယ် ဆိုတဲ့ ဥပဒေ ဖြစ်ပါတယ်။

ရုရှားရဲ့ အင်တာနက် ကုမ္ပဏီအားလုံးဟာ ဒီဥပဒေကို သဘောတူညီထားကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီများစွာက အင်တာနက် လုံး၀ ပြတ်တောက်သွားရင် ဖြစ်ပွားမယ့် အကျိုးဆက်များအတွက် စိုးရိမ်မှုများ ရှိတယ်လို့ ပြောကြပါတယ်။

ရုရှားက ဒီစီမံကိန်းကို ပြုလုပ်နေတာ အချိန်အနည်းငယ် ကြာပါပြီ။ ရုရှားက ၂၀၂၀ ခုနှစ်မှာ လွတ်လပ်စွာ ရှင်သန်နိုင်တဲ့ အင်တာနက် ကွန်ယက်ကို ဖန်တီးဖို့ မျှော်လင့်ထားပါတယ်။ အဲဒီ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ စမ်းသပ်ခဲ့တဲ့ Domain Name System (DNS) ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းဖြင့် ရုရှားဟာ Local Internet ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး အခြား နိုင်ငံများက သူ့ကွန်ယက်ကို ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။

Ref : digitaltrends

%d bloggers like this: