0 Shares 1204 Views


Feb 12, 2019
0 1204





Ref : techradar

[Unicode]

ဒီနှစ်ထုတ် Xiaomi Phone များမှာ ကင်မရာများ အရမ်း လန်းလာမယ်လို့ စီအီးအို ပြော

Xiaomi က ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အလန်းစား ကင်မရာ ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ရှောင်မီ ဖုန်းများရဲ့ ကင်မရာ စွမ်းရည်များဟာ တိုးတက်လာပါတယ်။ ကုမ္ပဏီက ကင်မရာ ဌာနကို ပြီးခဲ့တဲ့ နှစ်က သီးခြား ဖွဲ့စည်းထားပြီး ကင်မရာ စွမ်းရည်နဲ့ လုပ်ဆောင်ချက်အသစ်များကို ဖန်တီးဖို့ သုတေသနလုပ်ငန်းများမှာ များစွာ ရင်းနှီးမြှပ်နှံထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ရှောင်မီရဲ့ စီအီးအို လီဂျွန်က ကင်မရာ ဌာနဟာ လုပ်ဆောင်ချက် အသစ်များကို စမ်းသပ်နေသလို ရှိပြီးသား လုပ်ဆောင်ချက်များကိုလည်း ပိုမို ကောင်းအောင် ပြုလုပ်နေတဲ့ အတွက် ဓါတ်ပုံ အရည်အသွေးဟာ အလွန် တိုးတက်လားမယ်လို့ ယုံကြည်ကြောင်း ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ပို့စ်မှာ ရှောင်မီ ဖုန်းများရဲ့ ကင်မရာများ တိုးတက်လာပုံများကို ပြောကြားထားပါတယ်။

Xiaomi Mi Mix 3 ဟာ DxOMark မှာ ၁၀၃ မှတ် ရရှိခဲ့ပြီး iPhone XR, Pixel 3 , Galaxy S9 Plus , OnePlus 6T တို့လို ဖုန်းများထက်တောင် အမှတ်များခဲ့ပါတယ်။ Night Mode နဲ့ 960fps Slow-motion Video တို့လို လုပ်ဆောင်ချက်များက Mi Mix 3 ရဲ့ အလွန် တိုးတက်လာတဲ့ ကင်မရာ စွမ်းရည်များ ဖြစ်ပါတယ်။

ဒီနှစ်မှာ ရှောင်မီ ထုတ်လုပ်ရောင်းချမယ့် Mi 9 ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး သူ့မှာ အလန်းစား ကင်မရာ လုပ်ဆောင်ချက်များ ပါလာနိုင်ပါတယ်။

Ref : techradar

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category