1062 Shares 313 Views

ဒီလ ၁၄ ရက္ေန႔မွာ ေၾကညာမယ့္ Meizu Note 9

Feb 12, 2019
1072 313

Meizu က ဒီလ ၁၄ ရက္ေန႔မွာ ထုတ္ကုန္ အသစ္တစ္ခုကို ေၾကညာဖို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီ ထုတ္ကုန္ဟာ Meizu Note 9 ျဖစ္ႏုိင္ပါတယ္။ Teaser Image မွာ ေနာက္ခံတြင္ ဖုန္း ပံုတစ္ခုကို ျပသထားပါတယ္။ Meizu Note 9 ကို အခ်ိဳ႕ႏုိင္ငံမ်ားမွာ Meizu M9 Note အမည္နဲ႔ ေရာင္းခ်ႏုိင္ပါတယ္။

သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔ကို တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ ( TENAA ) မွာ မွတ္ပံုတင္ထားပါတယ္။ သူ႔မွာ ၆.၂ လက္မ မ်က္ႏွာျပင္နဲ႔ အရြယ္ႀကီး 3900mAh Battery မ်ား ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ သူ႔မွာ အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းထားၿပီး တစ္လံုးမွာ 48MP ျဖစ္ပါတယ္။ အရြယ္အစား ႀကီးမားတဲ့ ½” Sensor ျဖစ္တယ္လို႔ မီဇူးရဲ႕ တည္ေထာင္သူ Huang Zhang က အတည္ျပဳထားပါတယ္။ ေနာက္တစ္လံုးက 5MP ျဖစ္ပါတယ္။

Qualcomm Snapdragon 675 Chipset ေမာင္းႏွင္ထားမယ္လို႔ ေျပာပါတယ္။ 11nm Process ျဖင့္ တည္ေဆာက္ထားတဲ့ ပေရာ္ဆက္ဆာ ျဖစ္ၿပီး Kryo 460 CPU Cores နဲ႔ Adreno 612 GPU မ်ား ပါပါတယ္။ Snapdragon 675 Chipset ဟာ AnTuTu Benchmark မွာ အမွတ္ ၁၇၀ ၀၀၀ ၀န္းက်င္ ရရွိထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ သူဟာ စြမ္းေဆာင္ရည္သင့္ထက္ ပိုသာလြန္ေနပါတယ္။

တန္ဖိုုး အနည္းဆံုး ေမာ္ဒယ္ဟာ ယြမ္ ၁၀၀၀ ၀န္းက်င္ ရွိႏုိင္ပါတယ္။ လက္ရွိ ေငြလဲလွယ္ႏႈန္းမ်ား အရ ၁၄၇ ေဒၚလာ ၀န္းက်င္ က်သင့္ႏိုင္ပါတယ္။ သူဟာ မၾကာခင္က ေၾကညာခဲ့တဲ့ Redmi Note 7 ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

ဒီလ ၁၄ ရက်နေ့မှာ ကြေညာမယ့် Meizu Note 9

Meizu က ဒီလ ၁၄ ရက်နေ့မှာ ထုတ်ကုန် အသစ်တစ်ခုကို ကြေညာဖို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ ထုတ်ကုန်ဟာ Meizu Note 9 ဖြစ်နိုင်ပါတယ်။ Teaser Image မှာ နောက်ခံတွင် ဖုန်း ပုံတစ်ခုကို ပြသထားပါတယ်။ Meizu Note 9 ကို အချို့နိုင်ငံများမှာ Meizu M9 Note အမည်နဲ့ ရောင်းချနိုင်ပါတယ်။

သူ့ရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့ကို တရုတ် ဆက်သွယ်ရေး ကော်မရှင် ( TENAA ) မှာ မှတ်ပုံတင်ထားပါတယ်။ သူ့မှာ ၆.၂ လက်မ မျက်နှာပြင်နဲ့ အရွယ်ကြီး 3900mAh Battery များ ပါမယ်လို့ ဖော်ပြထားပါတယ်။ သူ့မှာ အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး တစ်လုံးမှာ 48MP ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ ½” Sensor ဖြစ်တယ်လို့ မီဇူးရဲ့ တည်ထောင်သူ Huang Zhang က အတည်ပြုထားပါတယ်။ နောက်တစ်လုံးက 5MP ဖြစ်ပါတယ်။

Qualcomm Snapdragon 675 Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ 11nm Process ဖြင့် တည်ဆောက်ထားတဲ့ ပရော်ဆက်ဆာ ဖြစ်ပြီး Kryo 460 CPU Cores နဲ့ Adreno 612 GPU များ ပါပါတယ်။ Snapdragon 675 Chipset ဟာ AnTuTu Benchmark မှာ အမှတ် ၁၇၀ ၀၀၀ ဝန်းကျင် ရရှိထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် သူဟာ စွမ်းဆောင်ရည်သင့်ထက် ပိုသာလွန်နေပါတယ်။

တန်ဖိုး အနည်းဆုံး မော်ဒယ်ဟာ ယွမ် ၁၀၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။ လက်ရှိ ငွေလဲလှယ်နှုန်းများ အရ ၁၄၇ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ သူဟာ မကြာခင်က ကြေညာခဲ့တဲ့ Redmi Note 7 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category