Nubia က MWC 2019 မွာ ေခါက္ခ်ိဳး Device ကို ေၾကညာမည္

ZTE ရဲ႕ ဘရန္းခြဲ တစ္ခု ျဖစ္တဲ့ Nubia က ယခုလေႏွာင္းပိုင္းမွာ ဘာစီလိုနာတြင္ က်င္းပမယ့္ Mobile World Congress (MWC 2019) မွာ ျပသမယ့္ ေခါက္ခ်ိဳးု Device ရဲ႕ Teaser Image တစ္ခုကို ျပသလိုက္ပါတယ္။ ဓါတ္ပံုမွာ Flex Your Life လို႔ ေရးသားထားတဲ့ အတြက္ ဒါဟာ ေခါက္ခ်ိဳး ကိရိယာတစ္ခု ျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။ ေခါက္ခ်ိဳး စမတ္ဖုန္း ျဖစ္မလား ၊ အျခား ေခါက္ခ်ိဳး ကိရိယာ တစ္ခု ျဖစ္မလား ဆိုတာကို မသိရေသးပါဘူး။

Nubia က ၿပီးခဲ့တဲ့ ႏွစ္ ၾသဂုတ္လမွာ ဘာလင္တြင္ က်င္းပခဲ့တဲ့ IFA Show မွာ လက္ေကာက္၀တ္မွာ ၀တ္ဆင္ႏိုင္တဲ့ ေကြးညႊတ္ စမတ္ဖုန္းတစ္လံုးကို အရိပ္အျမြက္ ျပသခဲ့ပါတယ္။ အဲဒီအတြက္ MWC မွာ သူ႔ကို ျပသေကာင္း ျပသႏိုင္ပါတယ္။

ဒီႏွစ္ MWC ဟာ ပြဲႀကီးပြဲေကာင္း တစ္ခု ျဖစ္လာႏိုင္ပါတယ္။ Samsung , Sony , LG တို႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားကို ျမင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung , OPPO , LG, Huawei , Energizer တို႔ရဲ႕ ေခါက္ခ်ိဳး ကိရိယာမ်ားကိုလည္း ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]
Nubia က MWC 2019 မှာ ခေါက်ချိုး Device ကို ကြေညာမည်

ZTE ရဲ့ ဘရန်းခွဲ တစ်ခု ဖြစ်တဲ့ Nubia က ယခုလနှောင်းပိုင်းမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC 2019) မှာ ပြသမယ့် ခေါက်ချိုးု Device ရဲ့ Teaser Image တစ်ခုကို ပြသလိုက်ပါတယ်။ ဓါတ်ပုံမှာ Flex Your Life လို့ ရေးသားထားတဲ့ အတွက် ဒါဟာ ခေါက်ချိုး ကိရိယာတစ်ခု ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ခေါက်ချိုး စမတ်ဖုန်း ဖြစ်မလား ၊ အခြား ခေါက်ချိုး ကိရိယာ တစ်ခု ဖြစ်မလား ဆိုတာကို မသိရသေးပါဘူး။

Nubia က ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှာ ဘာလင်တွင် ကျင်းပခဲ့တဲ့ IFA Show မှာ လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ ကွေးညွှတ် စမတ်ဖုန်းတစ်လုံးကို အရိပ်အမြွက် ပြသခဲ့ပါတယ်။ အဲဒီအတွက် MWC မှာ သူ့ကို ပြသကောင်း ပြသနိုင်ပါတယ်။

ဒီနှစ် MWC ဟာ ပွဲကြီးပွဲကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ Samsung , Sony , LG တို့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung , OPPO , LG, Huawei , Energizer တို့ရဲ့ ခေါက်ချိုး ကိရိယာများကိုလည်း ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: