Galaxy S10 နဲ့ အတူ ခေါက်ချိုး ဖုန်းကို ပြသမယ့် SAMSUNG
REF : TECHRADAR
[Unicode]
Galaxy S10 နဲ့ အတူ ခေါက်ချိး ဖုန်းကို ပြသမယ့် SAMSUNG
SAMSUNG က တွစ်တာမှာ ခေါက်ချိုး ဖုန်းကို ဒီလ ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကို မျှဝေလိုက်ပါတယ်။ ၁၅ စက္ကန့်ကြာ ဗီဒီယိုမှာ “ THE FUTURE UNFOLDS “ နဲ့ 02.20.19 ရက်စွဲကို ဖော်ပြထားပါတယ်။ အဲဒီနေ့ဟာ SAMSUNG GALAXY S10 SERIES များကို ကြေညာမယ့် နေ့လည်း ဖြစ်ပါတယ်။
ဗီဒီယိုမှာ ကိုရီးယားစာများကိုလည်း ပြသထားပြီး CURVED FOLDABLE DISPLAY ပါမယ်လို့ အရိပ်အမြွက် ပြောကြားထားတာ ဖြစ်နိုင်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာပါ။
The future of mobile will unfold on February 20, 2019. #SamsungEvent pic.twitter.com/MHvwrt7Rf4
— Samsung Mobile (@SamsungMobile) February 11, 2019
ဆမ်ဆောင်း ခေါက်ချိုး ဖုန်းရဲ့ အမည်ကို အတိအကျ မသိရသေးပေမယ့် GALAXY X သိုမဟုတ် GALAXY F လို့ အမည်ပေးထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ GALAXY X အမည်က ဖြစ်နိုင်ခြေ ပိုများပါတယ်။ ယခင်က သူ့ရဲ့ ဗီဒီယိုများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ SAMSUNG ခေါက်ချိုးဖုန်းရဲ့ အပြင်ဘက်ကိုယ်ထည်ကလည်း DISPLAY ဖြစ်ပြီး၊ အတွင်းမှာလည်း ခေါက်ချိုးနိုင်တဲ့ စခရင်တခု ပါရှိပါသေးတယ်။ စာအုပ်တအုပ်လို အဖွင့်အပိတ် လုပ်နေတာကို တွေ့မြင်ရမှာပါ။ SDC 2018 မှာ ပြောကြားခဲ့ချက်အရဆိုရင် အပြင်ဘက် ကာဗာ DISPLAY က ၄.၉ လက်မ ရှိမှာဖြစ်ကာ 840×1960 PIXELS RESOLUTION နဲ့ ဖြစ်ပါတယ်။ အတွင်းဘက်စခရင်ကတော့ ၇.၃ လက်မအရွယ် 1536×2152 PIXELS, 4.2:3 ASPECT RATIO သုံး DISPLAY ဖြစ်ပါတယ်။
SNAPDRAGON 855 ဒါမှမဟုတ် EXYNOS 9820 CHIPSET ကို အသုံးပြုသွားဖို့ ရှိပြီး၊ 1TB STORAGE လည်း ပါဝင်လာနိုင်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၈၀၀ လောက် ရှိနိုင်တယ်ဆိုတော့ နည်းပညာအသစ်အဆန်းကို ဦးဦးဖျားဖျား ကိုင်ချင်သူတွေလောက်ပဲ စိတ်ဝင်စားမှာပါ။ SAMSUNG ကနေ နည်းပညာကြွားတဲ့သဘော၊ ဈေးကွက်ဦးတဲ့ သဘောနဲ့ ထုတ်မယ်လို့ ထင်ပါတယ်။
၂၀၁၉ ခုနှစ်ဟာ FOLDABLE PHONE တွေကို စတင်မြင်တွေ့ရမယ့် နှစ်တနှစ် ဖြစ်ဖို့ရှိပြီး၊ SAMSUNG နည်းတူ HUAWEI, XIAOMI တို့ကလည်း FOLDABLE PHONE တွေ ဖန်တီးနေကြပါတယ်။
REF : TECHRADAR
You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Most from this category

Xiaomi Mi 9 ရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.