0 Shares 336 Views

မထစ္ဘဲနဲ႔ YouTube Video မ်ားကို ၾကည့္နည္း

Feb 11, 2019
0 336

အရင္တုန္းက YouTube က Video ေတြၾကည့္ရင္ Buffer လုပ္တာကို ေစာင့္မေနခ်င္ရင္ Pause လုပ္ခုိင္းထားျပီး Buffer ျပီးေတာ့မွ ၾကည့္ရင္ Video ေတြကို မထစ္ဘဲ ၾကည့္ႏိုင္ပါတယ္။ ကြန္နက္ရွင္မေကာင္းတဲ့ ကြ်န္ေတာ္တို ့ႏုိင္ငံ က လူေတြ YouTube ကို မထစ္ဘဲနဲ ့ဒီနည္းနဲ ့ၾကည့္ႏုိင္ပါတယ္။သင္သတိထားမိရင္ သိပ္မၾကာခင္ က YouTube က Buffer Technology ကို ေျပာင္းလိုက္တဲ့အတြက္ Pause လုပ္ထားရင္လည္း Buffer လုပ္မေနတာကို ေတြ ့ျမင္ႏိုင္မွာပါ။ အဲဒီအတြက္ ကြန္နက္ရွင္မေကာင္းတဲ့ ကြ်န္ေတာ္တို ့ႏုိင္ငံကလူေတြ YouTube ၾကည့္ရင္ မထစ္ဘဲနဲ ့ ၾကည့္လို ့မရေတာ့ဘူးေပါ့။ အဲဒီအခက္အခဲကို ေျဖရွင္းေပးႏုိင္တဲ့ YouTube Center ဆိုတဲ့ Extension ရွိပါတယ္။

YouTube Center ကို Official Web Site မွာ သက္ဆိုင္ရာ Browser ေတြအတြက္ အင္စေတာလုပ္ပါ။ Chrome User ေတြ အတြက္ေတာ့ YouTube Center က Chrome Web Store မွာ မရွိတဲ့အတြက္ Manual Install လုပ္ရပါမယ္။ Extension ကို အင္စေတာလုပ္ျပီးရင္ သင့္အေကာင့္ပံုညာဘက္ေဘးက စက္သြား ပံုကိုႏွိ္ပ္ျပီး Player tab ကိုႏွိပ္ပါ။ Dash Playback မွာ အမွန္ျဖစ္ကို ျဖဳတ္ပါ။

ဒါဆိုရင္ YouTube Video ေတြကို အရင္အတိုင္းပဲ မထစ္ဘဲနဲ ့ၾကည့္ႏုိင္ပါျပီ။ YouTube Center မွာတစ္ျခားလုပ္ေဆာင္ခ်က္ေတြ လည္းရွိပါတယ္။ေၾကာ္ညာေတြ ေဖ်ာက္ေပးႏိုင္တာေတြ၊ resolution ကို auto ခ်ိန္ညွိႏုိင္တာေတြ ၊Player Theme, Color စတာေတြ ေျပာင္းႏုိင္တာေတြ၊Player ကို resize လုပ္ႏုိင္တာေတြ၊Video ကို ႏွစ္သက္တဲ့ ေဖာ္မက္နဲ ့ေဒါင္းႏုိင္တာေတြ ၊ Video to mp3 ေျပာင္းျပီးေဒါင္းႏုိင္တာေတြ အျပင္လုပ္ေပးႏုိင္တာေတြ အမ်ားၾကီး ပါရွိတဲ့ အသံုး၀င္တဲ့ extension တစ္ခုပါ။

YouTube Center Website
Ref : howtogeek

[Unicode]

မထစ်ဘဲနဲ့ YouTube Video များကို ကြည့်နည်း

အရင်တုန်းက YouTube က Video တွေကြည့်ရင် Buffer လုပ်တာကို စောင့်မနေချင်ရင် Pause လုပ်ခိုင်းထားပြီး Buffer ပြီးတော့မှ ကြည့်ရင် Video တွေကို မထစ်ဘဲ ကြည့်နိုင်ပါတယ်။ ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့နိုင်ငံ က လူတွေ YouTube ကို မထစ်ဘဲနဲ့ဒီနည်းနဲ့ကြည့်နိုင်ပါတယ်။သင်သတိထားမိရင် သိပ်မကြာခင် က YouTube က Buffer Technology ကို ပြောင်းလိုက်တဲ့အတွက် Pause လုပ်ထားရင်လည်း Buffer လုပ်မနေတာကို တွေ့မြင်နိုင်မှာပါ။ အဲဒီအတွက် ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့နိုင်ငံကလူတွေ YouTube ကြည့်ရင် မထစ်ဘဲနဲ့ ကြည့်လို့မရတော့ဘူးပေါ့။ အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ YouTube Center ဆိုတဲ့ Extension ရှိပါတယ်။

YouTube Center ကို Official Web Site မှာ သက်ဆိုင်ရာ Browser တွေအတွက် အင်စတောလုပ်ပါ။ Chrome User တွေ အတွက်တော့ YouTube Center က Chrome Web Store မှာ မရှိတဲ့အတွက် Manual Install လုပ်ရပါမယ်။ Extension ကို အင်စတောလုပ်ပြီးရင် သင့်အကောင့်ပုံညာဘက်ဘေးက စက်သွား ပုံကိုနှိပ်ပြီး Player tab ကိုနှိပ်ပါ။ Dash Playback မှာ အမှန်ဖြစ်ကို ဖြုတ်ပါ။

ဒါဆိုရင် YouTube Video တွေကို အရင်အတိုင်းပဲ မထစ်ဘဲနဲ့ကြည့်နိုင်ပါပြီ။ YouTube Center မှာတစ်ခြားလုပ်ဆောင်ချက်တွေ လည်းရှိပါတယ်။ကြော်ညာတွေ ဖျောက်ပေးနိုင်တာတွေ၊ resolution ကို auto ချိန်ညှိနိုင်တာတွေ ၊Player Theme, Color စတာတွေ ပြောင်းနိုင်တာတွေ၊Player ကို resize လုပ်နိုင်တာတွေ၊Video ကို နှစ်သက်တဲ့ ဖော်မက်နဲ့ဒေါင်းနိုင်တာတွေ ၊ Video to mp3 ပြောင်းပြီးဒေါင်းနိုင်တာတွေ အပြင်လုပ်ပေးနိုင်တာတွေ အများကြီး ပါရှိတဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။

YouTube Center Website
Ref : howtogeek

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category