AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန

ၿပီးခဲ့တဲ့ ႏွစ္ Google I/O Developer Conference မွာ ဂူဂယ္က Google Maps အတြက္ Augmented Reality Feature အသစ္ကို ေၾကညာခဲ့ပါတယ္။ သူက ဖုန္း ကင္မရာကေန လမ္းညႊန္ေပးႏုိင္တဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။

Google Maps မွာ လမ္းညႊန္မႈမ်ားကို ျပဳလုပ္တဲ့ အခါမွာ သာမာန္အားျဖင့္ ေျမပံုမွာ ျပသေပးတာ ျဖစ္ပါတယ္။ AR လုပ္ေဆာင္ခ်က္ကေတာ့ ဖုန္း ကင္မရာကေန လမ္းမ်ားကို သိရွိၿပီး လမ္းညႊန္ အမွတ္အသားမ်ားျဖင့္ အခ်ိန္နဲ႔ တစ္ေျပးညီ ျပသေပးတာ ျဖစ္ပါတယ္။ App က အသံုးျပဳသူရဲ႕ တည္ေနရာကို GPS ကေန သိရွိၿပီး အဲဒီေနာက္မွာ Street View Data ကို အသံုးျပဳၿပီး သင္ သြားမယ့္ တည္ေနရာကို လမ္းညႊန္ေပးတာ ျဖစ္ပါတယ္။

ဂူဂယ္က လက္ရွိ အဲဒီလုပ္ေဆာင္ခ်က္ရဲ႕ User Interface ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ ဂူဂယ္က ဒီလုပ္ေဆာင္ခ်က္ကို အမ်ားျပည္သူ အသံုးျပဳဖုိ႔ ဘယ္အခ်ိန္မွာ ျဖန္႔ခ်ီေပးမလဲ ဆိုတာကို မေျပာေသးပါဘူး။ Local Guide မ်ားအတြက္ အရင္ဆံုး ျဖန္႔ခ်ီေပးမွာ ျဖစ္ၿပီး အဆင္ေျပရင္ အမ်ားျပည္သူ အတြက္ ဂူဂယ္က ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။

AR လုပ္ေဆာင္ခ်က္ရဲ႕ အားသာခ်က္က သြားမယ့္ တည္ေနရာကို အတိအက် လမ္းညႊန္ေပးႏိုင္တာ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို စမတ္ဖုန္းမ်ားမွာ သာမက AR Glass မ်ားမွာလည္း အသံုးျပဳႏုိင္ပါတယ္။ Apple , Facebook, Google , North , Vuzix တို႔ကလည္း AR Glass မ်ားကို ဖန္တီးေနၾကပါတယ္။

Ref : theverge

[Unicode]

AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ

ပြီးခဲ့တဲ့ နှစ် Google I/O Developer Conference မှာ ဂူဂယ်က Google Maps အတွက် Augmented Reality Feature အသစ်ကို ကြေညာခဲ့ပါတယ်။ သူက ဖုန်း ကင်မရာကနေ လမ်းညွှန်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Google Maps မှာ လမ်းညွှန်မှုများကို ပြုလုပ်တဲ့ အခါမှာ သာမာန်အားဖြင့် မြေပုံမှာ ပြသပေးတာ ဖြစ်ပါတယ်။ AR လုပ်ဆောင်ချက်ကတော့ ဖုန်း ကင်မရာကနေ လမ်းများကို သိရှိပြီး လမ်းညွှန် အမှတ်အသားများဖြင့် အချိန်နဲ့ တစ်ပြေးညီ ပြသပေးတာ ဖြစ်ပါတယ်။ App က အသုံးပြုသူရဲ့ တည်နေရာကို GPS ကနေ သိရှိပြီး အဲဒီနောက်မှာ Street View Data ကို အသုံးပြုပြီး သင် သွားမယ့် တည်နေရာကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။

ဂူဂယ်က လက်ရှိ အဲဒီလုပ်ဆောင်ချက်ရဲ့ User Interface ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဂူဂယ်က ဒီလုပ်ဆောင်ချက်ကို အများပြည်သူ အသုံးပြုဖို့ ဘယ်အချိန်မှာ ဖြန့်ချီပေးမလဲ ဆိုတာကို မပြောသေးပါဘူး။ Local Guide များအတွက် အရင်ဆုံး ဖြန့်ချီပေးမှာ ဖြစ်ပြီး အဆင်ပြေရင် အများပြည်သူ အတွက် ဂူဂယ်က ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

AR လုပ်ဆောင်ချက်ရဲ့ အားသာချက်က သွားမယ့် တည်နေရာကို အတိအကျ လမ်းညွှန်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို စမတ်ဖုန်းများမှာ သာမက AR Glass များမှာလည်း အသုံးပြုနိုင်ပါတယ်။ Apple , Facebook, Google , North , Vuzix တို့ကလည်း AR Glass များကို ဖန်တီးနေကြပါတယ်။

Ref : theverge

%d bloggers like this: