104 Shares 21 Views
Feb 11, 2019
104 21
Ref : androidheadlines
[Unicode]
ဒီနှစ်ထဲမှာ မောင်းသူမဲ့ တက္ကစီများဖြင့် ဝန်ဆောင်မှုပေးမယ့် Uber
Uber ရဲ့ စီအီးအို ဖြစ်သူ Dara Khosrowshahi က ဒီနှစ်ထဲမှာ အမေရိကန်တွင် မောင်းသူမဲ့ တက္ကစီများဖြင့် ဝန်ဆောင်မှုပေးမယ်လို့ Bloomberg ကို ပြောပါတယ်။ အမေရိကန်ရဲ့ အများသုံးလမ်းမများမှာ စက်ရုပ် တက္ကစီများကို ၂၀၁၉ ခုနှစ်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
အူဘာရဲ့ စီအီးအိုက သူတို့ရဲ့ အနာဂတ် ကားများမှာ စွမ်းရည်သုံးခုပါရမယ်လို့ ပြောပါတယ်။ အဲဒါတွေကတော့ မောင်းသူမဲ့ စွမ်းရည်၊ အီလက်ထရစ် စွမ်းအင်နဲ့ စီးသူများ အတူတကွ မျှေ၀ အသုံးပြုနိုင်တဲ့ စွမ်းရည်တို့ ဖြစ်ပါတယ်။ အူဘာဟာ နိုင်ငံအချို့မှာ မောင်းသူမဲ့ကားများကို စမ်းသပ်နေပေမယ့် ကားအစီးရေနဲ့ တည်နေရာများကို အာဏာပိုင်များက ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ အူဘာက မောင်းသူမဲ့ တက္ကစီများကို ၂၀၁၉ ခုနှစ်မှာ အမေရိကန်တွင် ဝန်ဆောင်မှုပေးမယ်လို့ ပြောပေမယ့် အမေရိကန် အစိုးရဲ့ ဥပဒေများကို သတ်မှတ်ပြဌာန်းပေးမှုများ လိုအပ်နေပါသေးတယ်။
အနာဂတ် သယ်ယူပို့ဆောင်ရေး စနစ်များမှာ လူများဟာ ကိုယ်ပိုင်ကားများ မလိုအပ်တော့ဘဲ မောင်းသူမဲ့ ကားများကို အတူတကွ ဝေမျှ အသုံးပြုကြမယ့် အတွေးအခေါ်များကိုလည်း ပညာရှင်များက ပြောကြားနေကြပါတယ်။ အူဘာရဲ့ စီမံကိန်းကလည်း အဲဒီလို ရည်ရွယ်ချက်မျိုး ရှိနေပါတယ်။
လက်ရှိမှာတော့ အူဘာဟာ စွမ်းရည်ပြည့် မောင်းသူမဲ့ ကားများကို တီထွင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မောင်းသူမဲ့ ကားနည်းပညာဟာ အလွန်တိုးတက်လာနေတဲ့အတွက် လာမယ့်နှစ်မှာတော့ အူဘာရဲ့ မောင်းသူမဲ့ တက္ကစီများကို မြင်တွေ့ရလာနိုင်ပါတယ်။
Ref : androidheadlines
You may be interested
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019
နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019
Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Leave a Comment
Most from this category