0 Shares 52 Views

Pop-up Selfie Camera ပါတဲ့ OPPO F11 Pro ရဲ႕ ဓါတ္ပံု ထြက္ေပၚလာ

Feb 10, 2019
0 52

ၿပီးခဲ့တဲ့ လက တရုတ္မွ ေစ်းကြက္ ကြ်မ္းက်င္သူမ်ားက OPPO နဲ႔ Vivo တို႔ဟာ Pop-up Camera ပါတဲ့ ဖုန္းမ်ားကို ပိုမို ဖန္တီးေနတယ္လို႔ ေျပာပါတယ္။ အဲဒီ ကင္မရာမ်ားကို Vivo X25 နဲ႔ OPPO R19 တို႔မွာ ထည့္သြင္းထားမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ NEX လို Periscope Selfie Shooter ပါတဲ့ Vivo V15 Pro ရဲ႕ Official Teaser ကိုလည္း ျမင္ခဲ့ၾကရၿပီးပါၿပီ။

အခုေတာ့ Official လို႔ ထင္ရတဲ့ ပံုတစ္ခု ထြက္ေပၚလာပါတယ္။ ဒီတစ္ခါေတာ့ OPPO F1 Pro ျဖစ္ပါတယ္။ ဒီပံုရဲ႕ ကင္မရာ ဒီဇိုင္းဟာ ယခင္တစ္ပတ္က ေပါက္ၾကားထြက္လာတဲ့ ဒီဇိုင္းနဲ႔ တူပါတယ္။ အေရွ႕ကင္မရာဟာ အလယ္ကေန ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Vivo NEX S နဲ႔လည္း တူပါတယ္။

ပိုစတာမွာ 48MP နဲ႔ Brilliant Portrait in Low Light လို႔ ေရးသားထားတဲ့ အတြက္ OPPO F11 Pro မွာ Samsung ISOCELL GM1 or Sony IMX586 sensor ပါလာႏိုင္ပါတယ္။ ကင္မရာ အသစ္ကို အေနာက္ဘက္မွာ ထည့္သြင္းထားမွာျဖစ္ပါတယ္။ အေရွ႕ ကင္မရာက 32MP ျဖစ္ပါတယ္။

ပံုမွာ အေနာက္ကင္မရာ ႏွစ္လံုးကို LED Flash တစ္လံုးနဲ႔ ပူးတြဲတပ္ဆင္ထားတာကို ျမင္ရပါတယ္။ သာမာန္ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားပါတယ္။ အနီနဲ႔ အျပာေရာင္ကို ေပါင္းစပ္ထားတဲ့ ႏွစ္ေရာင္စပ္ ဒီဇိုင္း ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Pop-up Selfie Camera ပါတဲ့ OPPO F11 Pro ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ လက တရုတ်မှ ဈေးကွက် ကျွမ်းကျင်သူများက OPPO နဲ့ Vivo တို့ဟာ Pop-up Camera ပါတဲ့ ဖုန်းများကို ပိုမို ဖန်တီးနေတယ်လို့ ပြောပါတယ်။ အဲဒီ ကင်မရာများကို Vivo X25 နဲ့ OPPO R19 တို့မှာ ထည့်သွင်းထားမယ်လို့ ခန့်မှန်းထားကြပါတယ်။ NEX လို Periscope Selfie Shooter ပါတဲ့ Vivo V15 Pro ရဲ့ Official Teaser ကိုလည်း မြင်ခဲ့ကြရပြီးပါပြီ။

အခုတော့ Official လို့ ထင်ရတဲ့ ပုံတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါတော့ OPPO F1 Pro ဖြစ်ပါတယ်။ ဒီပုံရဲ့ ကင်မရာ ဒီဇိုင်းဟာ ယခင်တစ်ပတ်က ပေါက်ကြားထွက်လာတဲ့ ဒီဇိုင်းနဲ့ တူပါတယ်။ အရှေ့ကင်မရာဟာ အလယ်ကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Vivo NEX S နဲ့လည်း တူပါတယ်။

ပိုစတာမှာ 48MP နဲ့ Brilliant Portrait in Low Light လို့ ရေးသားထားတဲ့ အတွက် OPPO F11 Pro မှာ Samsung ISOCELL GM1 or Sony IMX586 sensor ပါလာနိုင်ပါတယ်။ ကင်မရာ အသစ်ကို အနောက်ဘက်မှာ ထည့်သွင်းထားမှာဖြစ်ပါတယ်။ အရှေ့ ကင်မရာက 32MP ဖြစ်ပါတယ်။

ပုံမှာ အနောက်ကင်မရာ နှစ်လုံးကို LED Flash တစ်လုံးနဲ့ ပူးတွဲတပ်ဆင်ထားတာကို မြင်ရပါတယ်။ သာမာန် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ အနီနဲ့ အပြာရောင်ကို ပေါင်းစပ်ထားတဲ့ နှစ်ရောင်စပ် ဒီဇိုင်း ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category