133 Shares 34 Views


Feb 10, 2019
133 34





Ref : gizmodo

[Unicode]

Multimedia Key များ သုံးနိုင်တော့မယ့် Google Chrome

Google Chrome မှာ ဗီဒီယိုများ ၊ သီချင်းများကို ကီးဘုတ်ကနေ ထိန်းချုပ်ရာမှာ ပိုမို အဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။ ကီးဘုတ်မှ Play , Pause စတဲ့ Multimedia Key များကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ကြောင့် Web Browsing ပြုလုပ်ရာမှာ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Background Pages များကနေလည်း မီဒီယာများကို ထိန်းချုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် အခြား Tab တစ်ခုကို ကြည့်နေစဉ်မှာ YouTube ဖွင့်ထားတဲ့ Tab မှ သီချင်းနဲ့ ဗီဒီယိုများကို Multimedia Key များနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် YouTube Tab ကို ပြန်သွားပြီး ထိန်းချုပ်စရာ မလိုတော့ပါဘူး။

Previous Track , Next Track , Seek Backward, Seek Forward စတဲ့ ဖန်ရှင်များကိုပါ အသုံးပြုနိုင်မယ်လို့ ZDNet က ပြောပါတယ်။ ခရုမ်းမှာ လက်ရှိတွင် YouTube မှ မီဒီယာများကို ထိန်းချုပ်နိုင်တဲ့ ခလုတ်များစွာ ရှိပါတယ်။ ဒါပေမယ့် YouTube Tab ထဲကို ရောက်နေမှသာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ကွန်မန်းများကို မှတ်သားထားရပါတယ်။ အခုလို ကီးဘုတ်မှ Multimedia Key များကို အသုံးပြုနိုင်တာက ပိုအဆင်ပြေပါတယ်။

Chrome OS , macOS, Windows များမှ ခရုမ်းမှာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ လာမယ့်လမှာ ဖြန့်ချီမယ့် Chrome 73 မှာ ပါလာမှာ ဖြစ်ပါတယ်။ Linux မှာလည်း ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးမှာ ဖြစ်ပေမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmodo

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category