0 Shares 22 Views

Ford က မီးအလင္းေရာင္မ်ားနဲ႔ ဆက္သြယ္ႏိုင္မယ့္ စက္ရုပ္ကားမ်ားကို စမ္းသပ္ေန

Feb 10, 2019
0 22

သာမာန္ အားျဖင့္ေတာ့ လမ္းေပၚမွာ ကားအခ်င္းခ်င္း၊ ကားမ်ားနဲ႔ လူမ်ား ဆက္သြယ္ဖို႔အတြက္ အခ်က္ျပမီးမ်ား၊ လက္အမူအယာမ်ားကို အသံုးျပဳၾကပါတယ္။ ဒါေပမယ့္ ေမာင္းသူမဲ့ ကားမ်ားမွာေတာ့ ယာဥ္ေမာင္း မပါတဲ့ အတြက္ ဆက္သြယ္ဖို႔ နည္းစနစ္မ်ား လိုအပ္လာပါတယ္။ အဲဒီအတြက္ ဖို႔ဒ္က အလင္းေရာင္ အေျချပဳ ဘာသာစကားနဲ႔ ဆက္သြယ္ႏိုင္မယ့္ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ေနပါတယ္။

ေမာင္းသူမဲ့ ကား နည္းပညာ ပါတဲ့ Transit Connect Van မ်ားမွာ ဒီနည္းစနစ္ကို ထည့္သြင္း စမ္းသပ္ေနတာပါ။ ကားရဲ႕ ေခါင္မိုးေပၚမွာ အျဖဴ၊ ခရမ္း စသျဖင့္ မတူညီတဲ့ အေရာင္မ်ားကို ျပသေပးတဲ့ ဘားတန္းတစ္ခု တပ္ဆင္ထားပါတယ္။ ကားေမာင္းျခင္း၊ လမ္းဘးခ်ရပ္ျခင္း၊ ေက်ာ္တက္ျခင္းမ်ားအတြက္ မတူညီတဲ့ အေရာင္မ်ားျဖင့္ ျပသ အသိေပးမွာ ျဖစ္ပါတယ္။

ဒီလို အခ်က္ျပေပးတဲ့ အတြက္ ေမာင္းသူမဲ့ ကားမ်ားကို လူေတြက ပိုၿပီး စိတ္ခ်ယံုၾကည္လာတယ္လို႔ သိရပါတယ္။ လူေတြက ေမာင္းသူမဲ့ ကားမ်ား ဘယ္လို ေမာင္းႏွင္မလဲ ဆိုတာကို သိရွိႏုိင္တဲ့ အတြက္ စိတ္ခ်ယံုၾကည္လာတာ ျဖစ္ပါတယ္။

ဖို႔ဒ္ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက “ လူေတြဟာ ေမာင္းသူမဲ့ ကားမ်ားကို ယံုၾကည္ဖို႔ လိုအပ္ပါတယ္။ အလင္းေရာင္မ်ားျဖင့္ အသိေပးတဲ့ စနစ္က အေရးပါလာမွာျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ အလားတူ နည္းပညာမ်ိဳးကို စမ္းသပ္ေနတဲ့ အျခား ကုမၸဏီတစ္ခုက Jaguar Land Rover ျဖစ္ပါတယ္။ သူ႔ရဲ႕ ေမာင္းသူမဲ့ ကားမ်ားမွာေတာ့ မ်က္လံုး ပံုသ႑ာန္ အခ်က္ျပ စနစ္ကို ထည့္သြင္းထားပါတယ္။ ဖို႔ဒ္ရဲ႕ ကားမ်ားကို အမ်ားသံုး လမ္းမမ်ားမွာ စမ္းသပ္ေနေပမယ့္ Jaguar Land Rover ရဲ႕ ကားမ်ားကိုေတာ့ စမ္းသပ္ကြင္းမ်ားမွာသာ စမ္းသပ္ေနပါတယ္။

Ref : techradar

[Unicode]

Ford က မီးအလင်းရောင်များနဲ့ ဆက်သွယ်နိုင်မယ့် စက်ရုပ်ကားများကို စမ်းသပ်နေ

သာမာန် အားဖြင့်တော့ လမ်းပေါ်မှာ ကားအချင်းချင်း၊ ကားများနဲ့ လူများ ဆက်သွယ်ဖို့အတွက် အချက်ပြမီးများ၊ လက်အမူအယာများကို အသုံးပြုကြပါတယ်။ ဒါပေမယ့် မောင်းသူမဲ့ ကားများမှာတော့ ယာဉ်မောင်း မပါတဲ့ အတွက် ဆက်သွယ်ဖို့ နည်းစနစ်များ လိုအပ်လာပါတယ်။ အဲဒီအတွက် ဖို့ဒ်က အလင်းရောင် အခြေပြု ဘာသာစကားနဲ့ ဆက်သွယ်နိုင်မယ့် မောင်းသူမဲ့ ကားများကို စမ်းသပ်နေပါတယ်။

မောင်းသူမဲ့ ကား နည်းပညာ ပါတဲ့ Transit Connect Van များမှာ ဒီနည်းစနစ်ကို ထည့်သွင်း စမ်းသပ်နေတာပါ။ ကားရဲ့ ခေါင်မိုးပေါ်မှာ အဖြူ၊ ခရမ်း စသဖြင့် မတူညီတဲ့ အရောင်များကို ပြသပေးတဲ့ ဘားတန်းတစ်ခု တပ်ဆင်ထားပါတယ်။ ကားမောင်းခြင်း၊ လမ်းဘးချရပ်ခြင်း၊ ကျော်တက်ခြင်းများအတွက် မတူညီတဲ့ အရောင်များဖြင့် ပြသ အသိပေးမှာ ဖြစ်ပါတယ်။

ဒီလို အချက်ပြပေးတဲ့ အတွက် မောင်းသူမဲ့ ကားများကို လူတွေက ပိုပြီး စိတ်ချယုံကြည်လာတယ်လို့ သိရပါတယ်။ လူတွေက မောင်းသူမဲ့ ကားများ ဘယ်လို မောင်းနှင်မလဲ ဆိုတာကို သိရှိနိုင်တဲ့ အတွက် စိတ်ချယုံကြည်လာတာ ဖြစ်ပါတယ်။

ဖို့ဒ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက “ လူတွေဟာ မောင်းသူမဲ့ ကားများကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ အလင်းရောင်များဖြင့် အသိပေးတဲ့ စနစ်က အရေးပါလာမှာဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ အလားတူ နည်းပညာမျိုးကို စမ်းသပ်နေတဲ့ အခြား ကုမ္ပဏီတစ်ခုက Jaguar Land Rover ဖြစ်ပါတယ်။ သူ့ရဲ့ မောင်းသူမဲ့ ကားများမှာတော့ မျက်လုံး ပုံသဏ္ဍာန် အချက်ပြ စနစ်ကို ထည့်သွင်းထားပါတယ်။ ဖို့ဒ်ရဲ့ ကားများကို အများသုံး လမ်းမများမှာ စမ်းသပ်နေပေမယ့် Jaguar Land Rover ရဲ့ ကားများကိုတော့ စမ်းသပ်ကွင်းများမှာသာ စမ်းသပ်နေပါတယ်။

Ref : techradar

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category