1227 Shares 283 Views

ဓါတ္ပံုမ်ား ထြက္ေပၚလာတဲ့ Sony Xperia XA3

Feb 10, 2019
1227 283

Sony က ဒီလေႏွာင္းပိုင္းမွာ က်င္းပမယ့္ MWC မွာ Xperia XZ4 ကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုလည္း Xperia XA3 လို႔ ယူဆရတဲ့ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။ သူ႔မွာ XZ4 မွာလိုပဲ 21:9 မ်က္ႏွာျပင္ အခ်ိဳး ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Sony က အဲဒီ မ်က္ႏွာျပင္ကို CinemaWide Display လို႔ အမည္ေပးထားမွာပါ။

သူ႔ရဲ႕ ဓါတ္ပံုမ်ားဟာ Sumahoinfo.com ကေန ထြက္လာတာပါ။ ဓါတ္ပံုမ်ားဟာ Live Video ကေန စကရင္ေရွာ့ ရိုက္ထားတာျဖစ္လို႔ မႈန္၀ါးေနပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးကို အလ်ားလိုက္ တပ္ဆင္ထားပါတယ္။ ကင္မရာ တစ္လံုးဟာ 23MP ျဖစ္မယ္လို႔ သိရပါတယ္။ ပါ၀ါနဲ႔ အသံခလုတ္မ်ားကို ညာဘက္ျခမ္းမွာ ထည့္သြင္းထားၿပီး သူတို႔ အၾကားမွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။ သူ႔မွာ 5.9” FHD+ Display , Qualcomm Snapdragon 660 Chipset, Android 8.0 Oreo ပါလာနိုင္ပါတယ္။

Xperia XZ4 ရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔မွာ ၆.၅ လက္မ 3360x1440p Display ထည့္သြင္းထားမွာျဖစ္ၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 21:9 ျဖစ္ပါတယ္။ 6GB RAM , 128GB Internal Storage မ်ား ထည့္သြင္းထားပါတယ္။ microSD Card စိုက္ႏိုင္ပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 4400mAh Battery ထည့္သြင္းထားတဲ့ အတြက္ ဘက္ထရီ သက္တမ္း ေကာင္းမြန္ပါတယ္။

Qualcomm ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855 Chipset ေမာင္းနွင္ထားပါတယ္။ သူ႔ကို လာမယ့္လမွာ က်င္းပမယ့္ Mobile World Congress 2019 မွာ ေၾကညာမွာ ျဖစ္ပါတယ္။ ေႏြရာသီမွာ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

ဓါတ်ပုံများ ထွက်ပေါ်လာတဲ့ Sony Xperia XA3

Sony က ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် MWC မှာ Xperia XZ4 ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုလည်း Xperia XA3 လို့ ယူဆရတဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ သူ့မှာ XZ4 မှာလိုပဲ 21:9 မျက်နှာပြင် အချိုး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Sony က အဲဒီ မျက်နှာပြင်ကို CinemaWide Display လို့ အမည်ပေးထားမှာပါ။

သူ့ရဲ့ ဓါတ်ပုံများဟာ Sumahoinfo.com ကနေ ထွက်လာတာပါ။ ဓါတ်ပုံများဟာ Live Video ကနေ စကရင်ရှော့ ရိုက်ထားတာဖြစ်လို့ မှုန်ဝါးနေပါတယ်။ အနောက်ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားပါတယ်။ ကင်မရာ တစ်လုံးဟာ 23MP ဖြစ်မယ်လို့ သိရပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ညာဘက်ခြမ်းမှာ ထည့်သွင်းထားပြီး သူတို့ အကြားမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ သူ့မှာ 5.9” FHD+ Display , Qualcomm Snapdragon 660 Chipset, Android 8.0 Oreo ပါလာနိုင်ပါတယ်။

Xperia XZ4 ရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့မှာ ၆.၅ လက်မ 3360x1440p Display ထည့်သွင်းထားမှာဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 21:9 ဖြစ်ပါတယ်။ 6GB RAM , 128GB Internal Storage များ ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4400mAh Battery ထည့်သွင်းထားတဲ့ အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။

Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ သူ့ကို လာမယ့်လမှာ ကျင်းပမယ့် Mobile World Congress 2019 မှာ ကြေညာမှာ ဖြစ်ပါတယ်။ နွေရာသီမှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category