0 Shares 82 Views


Feb 10, 2019
0 82




Ref : gsmarena

[Unicode]

၂၀၁၉ ထုတ် iPhone များမှာ အရွယ်အစား မတူတဲ့ Notch များ ပါလာနိုင်

ဒီနှစ်မှာ ကြေညာမယ့် အိုင်ဖုန်း အသစ်များရဲ့ သတင်းအချက်အလက်အချို့ ထွက်ပေါ်လာပါတယ်။ XS, XS Max, XR တို့ရဲ့ မျိုးဆက်များ ဖြစ်ပါတယ်။ XR ရဲ့ မျိုးဆက်ဟာ XS Max ရဲ့ မျိုးဆက်ထက် ပိုကျယ်တဲ့ Notch ပါလာမယ်လို့ ပြောပါတယ်။ အခြား သတင်းများကတော့ ကုမ္ပဏီဟာ အရွယ်သေး Notch ပါတဲ့ XR မျိုးဆက်ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ ဖိုင်နယ် ဒီဇိုင်းဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ သေချာ မသိရသေးပါဘူး။ Apple က Lightning Port အစား USB-C Connector ကိုလည်း ပြောင်းလဲ အသုံးပြုမယ်လို့ သတင်းထွက်နေပါတယ်။

iPhone XR မျိုးဆက်အတွက် အစိမ်းရောင်ကို ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ လက်ရှိ XR ရဲ့ အရောင်များ ဖြစ်တဲ့ Black , White , Yellow , Coral , Red , Blue တို့ကို XR မျိုးဆက်အတွက် ဆက်လက် ထုတ်လုပ်ပေးမလား ဆိုတာ မသိရသေးပါဘူး။

XS Max မျိုးဆက်မှာ အနောက်ကင်မရာ သုံးလုံး ပါလာမှာ ဖြစ်ပါတယ်။ XR မျိုးဆက်မှာ အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ရဲ့ ဈေးနှုန်းများက ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများနဲ့ တူနိုင်ပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်များ အတွက် XR မျိုးဆက်သစ်ဟာ ၇၄၉ ဒေါ်လာ ၊ XS မျိုးဆက်သစ်ဟာ ၉၉၉ ဒေါ်လာ၊ XS Max မျိုးဆက်သစ်ဟာ ၁၀၉၉ ဒေါ်လာ ရှိနိုင်ပါတယ်။ အိုင်ဖုန်း အသစ်များကို စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category