သီချင်းအပုဒ်ရေ 4GB ပမာဏကို နားကြပ်ထဲမှာတင် ထည့်နားထောင်နိုင်မယ့် Samsung ရဲ့ ကြိုးမဲ့နားကြပ် Gear IconX

Samsung ဟာ မကြာမီမှာ Gear IconX လို့ ခေါ်တဲ့ကြိုးမဲ့နားကြပ်တစ်လုံးကို ဖြန့်ချိသွားဖို့ှရှိပြီး၊ ဒီနားကြပ်ဟာ သီချင်းနားထောင်ဖို့တင်မဟုတ်ဘဲ၊ ခန္ဓာကိုယ်လှုပ်ရှားမှုအခြေအနေကိုပါလေ့လာမှတ်သားပေးနိုင်မယ့် activity tracker အနေနဲ့ပါ သုံးနိုင်မယ်လို့ သိရပါတယ်။

Gear IconX ကြိုးမဲ့နားကြပ်ကို touch စနစ်နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး၊ ရေစိုခံနိုင်စွမ်းရည်ပါ ပါဝင်လာဖို့ ရှိပါတယ်။ နောက်ထပ်ထူးခြားချက်အနေနဲ့ နားကြပ်ထဲမှာတင် storage 4GB ပါဝင်လာမှာဖြစ်တာကြောင့်၊ သီချင်းတွေကို အဆင်သင့်နားဆင်နိုင်မှာပါ။

ဒီနားကြပ်မှာ နောက်ထပ်ဘာတွေပါဝင်လာဦးမလဲဆိုတာ အတိအကျမသိရသေးပေမယ့်၊ နှလုံးခုန်တိုင်းကိရိယာ အပြင်၊ တခြားလှုပ်ရှားမှုအာရုံခံကိရိယာတွေပါ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

Samsung ဟာ ကြိုးမဲ့နားကြပ်အပြင်၊ Gear Fit ဒုတိယမြောက်မျိုးဆက် Gear Fit2 လက်ပတ်ကိုလည်း မကြာမီထုတ်လုပ်သွားဖို့ရှိပြီး၊ အရောင်သုံးရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Gear Fit2 လက်ပတ်မှာ ၁.၈၄ လက်မအရွယ် AMOLED မျက်နှာပြင်နဲ့ GPS စနစ်ပါ တပါတည်းပါဝင်လာမှာလည်း ဖြစ်ပါတယ်။

12906-5897d6f8a38e861d21a30dbd8f2b327b

Ref: wearable

 

%d bloggers like this: