Refurbished iPhone X ကို ၇၆၉ ဒေါ်လာနဲ့ ရောင်းချလိုက်တဲ့ Apple

Apple က အမေရိကန်နဲ့ ဗြိတိန်မှ သူ့ရဲ့ အွန်လိုင်း စတိုးများမှာ Refurbished iPhone X ကို တရားဝင် ရောင်းချပေးလိုက်ပါတယ်။ 64GB Storage Model ကို ၇၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Unlocked Model ကို ရရှိမှာပါ။

သူ့ရဲ့ ဈေးနှုန်းဟာ iPhone XR လောက် ဖြစ်သွားပါတယ်။ iPhone X ရဲ့ AMOLED Panel ထက် ကြီးမားတဲ့ LCD Panel ကို iPhone XR မှာ ထည့်သွင်းထားပါတယ်။ XR မှာ အနောက်ကင်မရာ တစ်လုံးသာ ထည့်သွင်းထားပါတယ်။ XR နဲ့ Refurbished iPhone X တို့ အကြားမှာ ရွေးချယ်ဖို့တော့ ခက်ခဲသွားမှာဖြစ်ပါတယ်။

XR ကို ဝယ်ရင်တော့ အသစ်ကို ရရှိမှာပါ။ ဒါပေမယ့် Refurbished iPhone X ကိုလည်း Apple က သေချာစေ့စပ်စွာ စစ်ဆေးထားပြီး ထုပ်ပိုးမှုကိုလည်း အသစ်များ ပြုလုပ်ထားပါတယ်။ လိုအပ်တဲ့ Manuals နဲ့ Accessories များလည်း ထည့်ပေးထားပါတယ်။ ဘက်ထရီနဲ့ ကိုယ်ထည် အသစ်များကိုလည်း ထည့်သွင်းပေးထားတဲ့ အတွက် အသစ်အတိုင်း ဖြစ်နေမှာပါ။

Refurbished iPhone X ရဲ့ 256GB Version ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အကန့်အသတ် ရှိနိုင်တဲ့ အတွက် စိတ်ဝင်စားသူများက မြန်မြန် ဝယ်ထားဖို့ လိုအပ်ပါတယ်။

Ref : gsmarena

Refurbished iPhone X ကို ၇၆၉ ဒေါ်လာနဲ့ ရောင်းချလိုက်တဲ့ Apple

%d bloggers like this: