0 Shares 21 Views

Vivo၏ Blu Vivo 5 နှင့် Vivo XL ဖုန်းနှစ်လုံးအား CES 2016 တွင်ကြေညာ

Blu Vivo 5

Blu Vivo 5

အမေရိကန်ပြည်ထောင်စု Las Vegas တွင်ကျင်းပနေသည့် CES 2016 တွင် Vivo ကသူတို့ရဲ့နောက်ဆုံးထွက်စမတ်ဖုန်း Blu Vivo 5 နဲ့ Vivo XL ကိုကြေငြာခဲ့ပါပြီး နောက်လမှာစတင်ရောင်းချမယ်လို့သိရပါတယ်။ ဈေးကတော့ ဒေါ်လာ၁၉၉ ရှိမှာဖြစ်ပြီး တစ်ဖက်မှလဲ Blu Vivo XL ဟာ ဈေးနှုန်း ၁၄၉ဒေါ်လာရှိမယ်လို့ဆိုပါတယ်။

တခြား ဈေးကွက်တွေထဲကိုဖြန့်ဖို့အတွက်အစီအစဉ်ကို မကြေညာသေးပေမယ့် အမေရိကန်နိုင်ငံမှာတော့ Amazon နဲ့ BestBuy.com တို့မှာရောင်းချနေပြီဖြစ်ပါတယ်။ Vivo XL ဖုန်းဟာ Liquid Metal သတ္တုပြည့်နဲ့ပြုလုပ်ထားတာ ဖြစ်ပြီး Vivo 5 ကတော့ Full Metal သတ္တုနဲ့ပြုလုပ်ထားတာပါ။

ဖုန်းနှစ်လုံးလုံးက တူညီတဲ့အတွင်းအစိတ်အပိုင်းတွေနဲ့တည်ဆောက်ထားတာပါ။ Blu Vivo 5 နဲ့ Blu Vivo XL ဖုန်းတွေဟာ ၅.၅လက်မ Super Amoled display စခရင်ဖြစ်ပြီး 720×1280 Pixels Resolution ဖြစ်ပါတယ်။ နှစ်လုံးစလုံးကို Corning Gorilla Glass 3 ဖန်သားပြင်ကိုအသုံးပြုထားပါတယ်။ octa-core MediaTek (MT6753) processor ပါဝင်ပြီး Android 5.1 Lollipop Version နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ Vivo က Android 6.0 Marshmallow ထိမြှင့်တင်နိုင်တယ်လို့ဆိုပါတယ်။

ဒီဖုန်းနှစ်ခုကြား ကြီးမားတဲ့ကွာဟချက်တစ်ခုကတော့ Vivo 5 ဟာ RAM 3GB နဲ့လာပြီး Inbuilt Storage 32GB ထိပါဝင်ပါတယ်၊ Vivo XL ကတော့ 2GB RAM, Inbuilt Storage 16GB သာပါဝင်တာဖြစ်ပါတယ်။ ဟန်းဆက်နှစ်ခုစလုံးဟာ နောက်ထပ် 64GB ထိ SD Storage တိုးမြှင့်နိုင်တာဖြစ်ပါတယ်။

Blu Vivo XL

Blu Vivo XL

Blu Vivo 5 နဲ့ Blu Vivo XL ဟာ 13 Megapixel ကင်မရာနဲ့ LED Flash, 5Megapixel အရှေ့ကင်မရာတို့ပါဝင်လို့ကင်မရာပိုင်းကတော့သင့်တင့်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ Blu Vivo 5 ရဲ့ ကင်မရာ(Rare Camera) ကို PDAF (Phase-Detection-Autofocus) စနစ်ထောက်ပံ့ပေးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးဟာ Dual-Sim ထည့်သွင်းနိုင်ပြီးတော့ 4G LTE ဆက်သွယ်မှုအဆင့်ရှိပါတယ်။ နှစ်မျိုးလုံး USB Type C ပေါက်၊ 3150mAh ဘက်ထရီတို့ပါဝင်ပါတယ်။

Blu Vivo 5 ဟာ အရွယ်အစား 151.2×82.2×7.5 ရှိပြီး အလေးချိန် 152ဂရမ်ရှိပါတယ်။ Blu Vivo XL ကတော့ အရောင်အနေနဲ့ Chrome Silver, Liquid Gold, Midnight Blue နဲ့ Rose Gold ဆိုပြီးလာတာဖြစ်ပြီး Blu Vivo 5 ကတော့ White-Silver နဲ့ Gold ဆိုပြီးနှစ်ရောင်သာလာတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category