ကွန်ပြူတာ သုံးရင် ရှောင်ကြဉ်ရမယ့် အချက်တွေ

ကွန်ပြူတာ နဲ့ ပတ်သက်ပြီး အယူအဆများစွာ ၊ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့ ဟာ မှားယွင်းနေပါတယ်။ အဲဒီအမှားတွေ ကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။

Default Installation ကို အသုံးပြုခြင်း

Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပိုဆော့ဝဲ တွေ ဟာ ကွန်ပြူတာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware , Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Registry ရှင်းလင်းခြင်း

Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူတာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်းပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလားအပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင် လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။

Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း

Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment ပြုလုပ်စရာမလိုပါဘူး။ Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင် Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။

ကွန်ပြူတာ ကို Restart မပြုလုပ်ခြင်း

ကွန်ပြူတာမှာ ပြဿနာ တစ်ခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ အလုပ်လုပ်ခြင်း၊ Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊ Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

Data များကို Back Up မပြုလုပ်ခြင်း

ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊ Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေတာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်ချက်ပါရှိပါတယ်။

Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း

Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်းဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။

Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်ထားနိုင်ပါတယ်။

Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။

ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။

ref : howtogeek

ကွန်ပြူတာ သုံးရင် ရှောင်ကြဉ်ရမယ့် အချက်တွေ

%d bloggers like this: