Nintendo နဲ့ Line တို့ ပူးပေါင်းကာ ‘Dr. Mario World’ မိုဘိုင်းဂိမ်း ဖန်တီးနေ

Nintendo ကတော့ နောက်ထပ် မိုဘိုင်းဂိမ်းသစ်တခုကို ဖန်တီးနေပါပြီ။ ဒီတခါတော့ Mario ကို ဓာတ်ခွဲခန်း ဝတ်စုံ ဝတ်ပေးပြီး Puzzle ဂိမ်းအမျိုးအစားဖြစ်တဲ့ Dr.Mario World ဂိမ်းကို ထုတ်သွားမှာပါ။ ဂျပန် Messaging App တခုဖြစ်တဲ့ LINE နဲ့ developer NHD Entertainment တို့နဲ့ ပူးပေါင်း ထုတ်သွားမှာ ဖြစ်ပါတယ်။

၁၉၉၀ လောက်က NES, SNES နဲ့ Game Boy တို့ ထုတ်ခဲ့တဲ့ Dr.Maro ဂိမ်းအတိုင်းပဲ ဖြစ်ဖို့များပါတယ်။ ဆေးတောင့်လေးတွေကို ဆက်ပြီး ဗိုင်းရပ်စ်တွေ သတ်ရမှာပါ။ အတုံးဆက်ဂိမ်း Tetris ပုံစံ လိုမျိုးပါ။

Nintendo ဟာ ယခုနောက်ပိုင်းနှစ်တွေမှာ မိုဘိုင်းဂိမ်းတွေ အထုတ်များလာပါတယ်။ ၂၀၁၆ ခုနှစ်မှာ Super Mario Run နဲ့ မိုဘိုင်းဂိမ်းဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး သူ့ရဲ့ နာမည်ကျော် Franchise တွေဖြစ်တဲ့ Fire Emblem တို့ Animal Crossing တို့ကိုလည်း မိုဘိုင်းဂိမ်းတွေ ထုတ်ပေးပြီး ပါပြီ။

ဖုန်းတွေအတွက် Dr. Mario World ကို ယခု ၂၀၁၉ ခုနှစ်၊ နွေရာသီအတွင်း iOS နဲ့ Android တို့မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Free-to-play ဆိုပေမယ့် In-App ဝယ်ယူနိုင်တာတွေ ပါဝင်လာမှာပါ။

Dr. Mario World ဟာ မိုဘိုင်းအတွက် Mario Kart Tour ဂိမ်းနဲ့ သိပ်မကွာဘဲ ထွက်လာဖို့ ရှိပါတယ်။

Ref: Engadget, The Verge

Nintendo နဲ့ Line တို့ ပူးပေါင်းကာ ‘Dr. Mario World’ မိုဘိုင်းဂိမ်း ဖန်တီးနေ

%d bloggers like this: