ဒေါ်လာ ၃၀ တန် SuperVOOC ကားချာဂျာကို OPPO စတင် ရောင်းချ

SuperVOOC အားအမြန်သွင်းစနစ်ဟာ ဖုန်းတလုံးကို ၃၆ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းပေးနိုင်တဲ့ အမြန်ဆုံးစနစ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် SuperVOOC စနစ်ပါတဲ့ ဖုန်းတလုံးကို ကားနဲ့ သွားလာနေရင်း အားသွင်းမယ်ဆိုရင်တော့ ဒီလောက် မြန်တော့မှာ မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် OPPO ဟာ ဒေါ်လာ ၃၀ တန် SuperVOOC ကားချာဂျာတခုကို မိတ်ဆက်လိုက်ပါတယ်။

OPPO SuperVOOC ကားချာဂျာ ရဲ့ အပေါ်ဘက် မျက်နှာပြင်ကို ကာဘွန်နဲ့ အချောသတ်ပြုလုပ်ထားပြီး၊ အပေါ်လက် လိမ္မော်ရောင်အဝိုင်းလေးက ဖုန်းအားသွင်းထားရင် မီး လင်းနေမှာ ဖြစ်ပါတယ်။

SuperVOOC အား အမြန်သွင်းစနစ် ပါဝင်တာကလွဲရင် USB Port နဲ့ သာမန် ကားချာဂျာတခု လိုပါပဲ။ 50W အား SuperVOOC အားအမြန်သွင်းစနစ် ရတာကြောင့်  OPPO Find X Flash Edition ၊ Find X Lamborghini Edition နဲ့ OPPO R17 ဖုန်းတွေကို အမြန်နှုန်းအပြည့်နဲ့ အားသွင်းနိုင်ပါတယ်။

ဒီဖုန်းတွေ မကိုင်တဲ့ တခြား OPPO အသုံးပြုသူတွေအတွက်လည်း အသုံးတည့်မှာပါ။ ရိုးရိုး VOOC အားအမြန်သွင်းစနစ်ရတဲ့ R17၊ R15, R15 Pro နဲ့ R11s ဖုန်းတွေကို 20W အား အမြန်နှုန်းအပြည့်နဲ့ အားသွင်းနိုင်ပါတယ်။ တခြားဖုန်းတွေ သွင်းရင်တော့ 5V/2A ပဲ ရမှာပါ။

OPPO SuperVOOC ကားချာဂျာကို တရုတ်ယွမ်ငွေ ၁၉၉ ( ဒေါ်လာ ၃၀ ခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အားသွင်းကြိုးတော့ ဝယ်ရင် ပါမှမာ မဟုတ်ပါဘူး။ အားသွင်းကြိုး လိုချင်ရင်တော့ ၁၀ ဒေါ်လာ သက်သက် ပေးပြီး ဝယ်နိုင်ပါတယ်။

Ref: GSM Arena

ဒေါ်လာ ၃၀ တန် SuperVOOC ကားချာဂျာကို OPPO စတင် ရောင်းချ

%d bloggers like this: