ေမာင္းသူမဲ့ကား လွ်ိဳ႕ဝွက္ခ်က္ေတြ ခိုးယူရန္ ၾကိဳးပမ္းမႈေၾကာင့္ Apple ဝန္ထမ္းတဦး တရားစြဲခံရ

(Zawgyi)

ေျခာက္လအတြင္းမွာ ဒုတိယအၾကိမ္ေျမာက္အျဖစ္ FBI ဟာ တရုတ္ႏိုင္ငံသားတဦးကို Apple ကုမၸဏီရဲ႕ ေမာင္းသူမဲ့ကားပေရာဂ်က္ဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ေတြ ခိုးယူရန္ ၾကိဳးပမ္းမႈေၾကာင့္ တရားစြဲဆိုလိုက္ပါတယ္။

Jizhong Chen ဆိုသူ တရုတ္ႏိုင္ငံသား၊ Apple ဝန္ထမ္းတဦးဟာ “Project Titan” လို႔ လူသိမ်ားတဲ့ Apple ေမာင္းသူမဲ့ကားပေရာဂ်က္ လုပ္ငန္းခြင္မွာ ဓာတ္ပုံေတြ ရိုက္ယူေနတာကို လုပ္ေဖာ္ကိုင္ဖက္ ဝန္္ထမ္းေတြက ေတြ႕ရွိျပီးေနာက္မွာ ကုမၸဏီက စတင္စုံစမ္းစစ္ေဆးခဲ့တာ ျဖစ္တယ္လုိ႔ ယခုတပတ္ အတြင္း ထုတ္ျပန္ခဲ့တဲ့ စြပ္စြဲခ်က္မွာ ေဖာ္ျပထားပါတယ္။

Chen ဟာ သူ႕ကိုယ္ပိုင္ကြန္ပ်ဴတာကို Apple ႏိုင္ငံတကာလုံျခဳံေရးဝန္ထမ္းေတြအား ရွာေဖြခြင့္ ျပဳခဲ့ပါတယ္။ ကြန္ပ်ဴတာထဲမွာေတာ့ Apple ရဲ႕ ဉာဏမူပိုင္ခြင့္ဆိုင္ရာ ဖိုင္ေပါင္း ေထာင္ေက်ာ္ကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ Apple အေဆာက္အအုံအတြင္း ရိုက္ကူးထားတဲ့ ဓာတ္ပုံေပါင္း ရာေက်ာ္ကိုလည္း ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Chen ဟာ မၾကာေသးမီကတင္ တရုတ္အေျခစိုက္ ေမာင္းသူမဲ့ကားကုမၸဏီတခုမွာ အလုပ္ေလွ်ာက္ထားခဲ့ပါေသးတယ္။ Chen ကြန္ပ်ဴတာအတြင္းက ေတြ႕ရွိခဲ့တဲ့ ဓာတ္ပုံတပုံမွာ ေမာင္းသူမဲ့ကားအတြက္ Apple က ဒီဇိုင္းထုတ္ထားတဲ့ ဝါယာၾကိဳးတပ္ဆင္မႈဒီဇိုင္း ပုံစံေတြပါ ပါဝင္တယ္လို႔ ဆိုပါတယ္။

Chen ကိုေတာ့ တရုတ္ႏိုင္ငံကို မထြက္ခြာမီ တရက္အလိုမွာ ဖမ္းဆီးခဲ့တာပါ။ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ဆယ္ႏွစ္နဲ႔ ဒဏ္ေၾကး ေဒၚလာ ၂ သိန္းခြဲထိ ေပးေဆာင္ရဖို႔ ရွိပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ဂ်ဴလိုင္လတုန္းကလည္း Xiaolang Zhang ဆိုသူ Apple ဝန္ထမ္းေဟာင္းတဦးဟာ ကုမၸဏီရဲ႕ ေမာင္းသူမဲ့ကားပေရာဂ်က္ဆိုင္ရာ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို ခုိးယူမႈေၾကာင့္ စုံစမ္းစစ္ေဆးေရးအရာရွိေတြက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

Ref: NBC

(Unicode)

မောင်းသူမဲ့ကား လျှို့ဝှက်ချက်တွေ ခိုးယူရန် ကြိုးပမ်းမှုကြောင့် Apple ဝန်ထမ်းတဦး တရားစွဲခံရ

ခြောက်လအတွင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် FBI ဟာ တရုတ်နိုင်ငံသားတဦးကို Apple ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားပရောဂျက်ဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရားစွဲဆိုလိုက်ပါတယ်။

Jizhong Chen ဆိုသူ တရုတ်နိုင်ငံသား၊ Apple ဝန်ထမ်းတဦးဟာ “Project Titan” လို့ လူသိများတဲ့ Apple မောင်းသူမဲ့ကားပရောဂျက် လုပ်ငန်းခွင်မှာ ဓာတ်ပုံတွေ ရိုက်ယူနေတာကို လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေက တွေ့ရှိပြီးနောက်မှာ ကုမ္ပဏီက စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ယခုတပတ် အတွင်း ထုတ်ပြန်ခဲ့တဲ့ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

Chen ဟာ သူ့ကိုယ်ပိုင်ကွန်ပျူတာကို Apple နိုင်ငံတကာလုံခြုံရေးဝန်ထမ်းတွေအား ရှာဖွေခွင့် ပြုခဲ့ပါတယ်။ ကွန်ပျူတာထဲမှာတော့ Apple ရဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ဖိုင်ပေါင်း ထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Apple အဆောက်အအုံအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ရာကျော်ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Chen ဟာ မကြာသေးမီကတင် တရုတ်အခြေစိုက် မောင်းသူမဲ့ကားကုမ္ပဏီတခုမှာ အလုပ်လျှောက်ထားခဲ့ပါသေးတယ်။ Chen ကွန်ပျူတာအတွင်းက တွေ့ရှိခဲ့တဲ့ ဓာတ်ပုံတပုံမှာ မောင်းသူမဲ့ကားအတွက် Apple က ဒီဇိုင်းထုတ်ထားတဲ့ ဝါယာကြိုးတပ်ဆင်မှုဒီဇိုင်း ပုံစံတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

Chen ကိုတော့ တရုတ်နိုင်ငံကို မထွက်ခွာမီ တရက်အလိုမှာ ဖမ်းဆီးခဲ့တာပါ။ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ဆယ်နှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၂ သိန်းခွဲထိ ပေးဆောင်ရဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့နှစ် ဂျူလိုင်လတုန်းကလည်း Xiaolang Zhang ဆိုသူ Apple ဝန်ထမ်းဟောင်းတဦးဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားပရောဂျက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ခိုးယူမှုကြောင့် စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Ref: NBC

%d bloggers like this: