အလန္းစား ဓါတ္ပံုမ်ား ရိုက္ကူးႏိုင္မယ့္ Moment Pro Camera

Android Phone မ်ားအတြက္ အလြန္ အစြမ္းထက္တဲ့ Camera Apps မ်ားစြာ Google Play Store မွာ ရွိပါတယ္။ iOS အတြက္ေတာ့ Moment Pro Camera ဟာ အလြန္နာမည္ႀကီးပါတယ္။ အခုေတာ့ သူ႔ကို အန္းဒရြိဳက္အတြက္ ျဖန္႔ခ်ီေပးလိုက္ပါၿပီ။ သူ႔မွာ အလြန္ေကာင္းတဲ့ လုပ္ေဆာင္ခ်က္မ်ားစြာပါပါတယ္။ RAW ကိုေထာက္ပံ့တဲ့အတြက္ ဓါတ္ပံုရိုက္ကူးနည္းကို ကြ်မ္းက်င္သူမ်ား၊ ပေရာ္ဖက္ရွင္နယ္ ဓါတ္ပံု သမားမ်ားအတြက္အလြန္ အသံုး၀င္ၿပီး ဓါတ္ပံုမ်ားကို ပိုမို လွပေစဖို႔ Edit လုပ္နုိင္ပါတယ္။

Live Histogram လုပ္ေဆာင္ခ်က္ စကရင္ကေန လွ်င္ျမန္စြာ Brightness ကို ခ်ိန္ညွိႏုိင္ပါတယ္။ Level Function မ်ားကို ကစားႏုိင္ပါတယ္။ EXIF ကို ေထာက္ပံ့ပါတဲ့အတြက္ ဓါတ္ပံုမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို သိမ္းထားႏုိင္ပါတယ္။ Full Manual Mode ကေန သင္ႏွစ္သက္သလို ကစားႏုိင္ပါတယ္။ Exposure , ISO မ်ားကို လိုသလို ေျပာင္းလဲခ်ိန္ညွိႏုိင္ပါတယ္။ Shutter Speed ကို အဆင္ေျပသလို ေျပာင္းလဲႏိုင္ပါတယ္။ Focus စြမ္းရည္က အလြန္ေကာင္းပါတယ္။

White Balance ကို ခ်ိန္ညွိနိုင္ပါတယ္။ ဓါတ္ပံုမ်ားရဲ႕ ေဖာ္မက္မ်ားကိုလည္း ေျပာင္းလဲႏုိင္ပါတယ္။ Settings အားလံုးကို Auto ေျပာင္းခ်င္ရင္ Viewfinder ကို ႏွစ္ခ်က္ႏွိပ္ပါ။ Horizon ,Macro , Sky Levels မ်ားျဖင့္ အေကာင္းဆံုး ရိုက္ခ်က္မ်ား ရရွိႏုိင္ပါတယ္။ လက္ရွိမွာ သူဟာ ဓါတ္ပံုမ်ားကိုသာ ရိုက္ကူးေပးႏုိင္ပါတယ္။ အနာဂတ္မွာ ဗီဒီယို ရိုက္ကူးႏိုင္ေအာင္ ဖန္တီးေပးမွာ ျဖစ္ပါတယ္။

သူဟာ Manual Controls မ်ား မွန္ကန္စြာ အလုပ္လုပ္ဖို႔ Google ရဲ႕ Camera 2 API ကို အျပည့္အ၀ ေထာက္ပံ့ဖုိ႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ယခု အေစာပိုင္းထြက္တဲ့ ဗားရွင္းမွာ Bugs မ်ားစြာ ပါတယ္လို႔ သိရပါတယ္။ Developers မ်ားက အဲဒီ Bugs မ်ားကို ျပင္ဆင္ေနၾကပါတယ္။ ေနာက္ပိုင္း Updates မ်ားကို အသံုးျပဳရင္ေတာ့ စိတ္ခ်ရမွာ ျဖစ္ပါတယ္။ သူဟာ အခမဲ့ Android App မဟုတ္ဘဲ ၁.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ေစ်းႏႈန္းက အလြန္ ခ်ိဳသာပါတယ္။ သူ႔ကို Moment Inc. က ဖန္တီးထားတာ ျဖစ္ပါတယ္။ Android 7.0 နဲ႔ သူ႕အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

[Unicode]

အလန်းစား ဓါတ်ပုံများ ရိုက်ကူးနိုင်မယ့် Moment Pro Camera

Android Phone များအတွက် အလွန် အစွမ်းထက်တဲ့ Camera Apps များစွာ Google Play Store မှာ ရှိပါတယ်။ iOS အတွက်တော့ Moment Pro Camera ဟာ အလွန်နာမည်ကြီးပါတယ်။ အခုတော့ သူ့ကို အန်းဒရွိုက်အတွက် ဖြန့်ချီပေးလိုက်ပါပြီ။ သူ့မှာ အလွန်ကောင်းတဲ့ လုပ်ဆောင်ချက်များစွာပါပါတယ်။ RAW ကိုထောက်ပံ့တဲ့အတွက် ဓါတ်ပုံရိုက်ကူးနည်းကို ကျွမ်းကျင်သူများ၊ ပရော်ဖက်ရှင်နယ် ဓါတ်ပုံ သမားများအတွက်အလွန် အသုံးဝင်ပြီး ဓါတ်ပုံများကို ပိုမို လှပစေဖို့ Edit လုပ်နိုင်ပါတယ်။

Live Histogram လုပ်ဆောင်ချက် စကရင်ကနေ လျှင်မြန်စွာ Brightness ကို ချိန်ညှိနိုင်ပါတယ်။ Level Function များကို ကစားနိုင်ပါတယ်။ EXIF ကို ထောက်ပံ့ပါတဲ့အတွက် ဓါတ်ပုံများရဲ့ သတင်းအချက်အလက်များကို သိမ်းထားနိုင်ပါတယ်။ Full Manual Mode ကနေ သင်နှစ်သက်သလို ကစားနိုင်ပါတယ်။ Exposure , ISO များကို လိုသလို ပြောင်းလဲချိန်ညှိနိုင်ပါတယ်။ Shutter Speed ကို အဆင်ပြေသလို ပြောင်းလဲနိုင်ပါတယ်။ Focus စွမ်းရည်က အလွန်ကောင်းပါတယ်။

White Balance ကို ချိန်ညှိနိုင်ပါတယ်။ ဓါတ်ပုံများရဲ့ ဖော်မက်များကိုလည်း ပြောင်းလဲနိုင်ပါတယ်။ Settings အားလုံးကို Auto ပြောင်းချင်ရင် Viewfinder ကို နှစ်ချက်နှိပ်ပါ။ Horizon ,Macro , Sky Levels များဖြင့် အကောင်းဆုံး ရိုက်ချက်များ ရရှိနိုင်ပါတယ်။ လက်ရှိမှာ သူဟာ ဓါတ်ပုံများကိုသာ ရိုက်ကူးပေးနိုင်ပါတယ်။ အနာဂတ်မှာ ဗီဒီယို ရိုက်ကူးနိုင်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။

သူဟာ Manual Controls များ မှန်ကန်စွာ အလုပ်လုပ်ဖို့ Google ရဲ့ Camera 2 API ကို အပြည့်အ၀ ထောက်ပံ့ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ယခု အစောပိုင်းထွက်တဲ့ ဗားရှင်းမှာ Bugs များစွာ ပါတယ်လို့ သိရပါတယ်။ Developers များက အဲဒီ Bugs များကို ပြင်ဆင်နေကြပါတယ်။ နောက်ပိုင်း Updates များကို အသုံးပြုရင်တော့ စိတ်ချရမှာ ဖြစ်ပါတယ်။ သူဟာ အခမဲ့ Android App မဟုတ်ဘဲ ၁.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းက အလွန် ချိုသာပါတယ်။ သူ့ကို Moment Inc. က ဖန်တီးထားတာ ဖြစ်ပါတယ်။ Android 7.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

%d bloggers like this: