ရောင်းအား မကောင်းလို့ iPhone တွေကို ဈေးလျှော့ရောင်းချမယ့် Tim Cook

Apple CEO Tim Cook က ရောင်းအား ကောင်းစေဖို့ အချို့ နိုင်ငံများမှာ အိုင်ဖုန်းတွေကို ဈေးလျှော့ရောင်းချမယ်လို့ ပြောပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ နောက်ဆုံး ကွာတားမှာ အိုင်ဖုန်း ကနေ ဝင်ငွေ ဒေါ်လာ ၅၁.၉ ဘီလီယမ် ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ရောင်းအား ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဒီလို ကြေညာအပြီးမှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဒေါ်လာဈေးဟာ မာနေတဲ့ အတွက် Apple ဟာ အိုင်ဖုန်းများကို ဈေးလျှော့ရောင်းချဖို့ စဉ်းစားနေတယ်လို့ Cook က Reuters ကို ပြောပါတယ်။ Apple က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှာ အဆုံးသတ်တဲ့ ကွာတားမှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၈၄.၃ ဘီလီယမ် ရရှိခဲ့ပြီး ယခင်နှစ်က အဲဒီ ကွာတားထက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကြေညာပါတယ်။ ဆယ်စုနှစ်အတွင်းမှာ အမြတ်ငွေနဲ့ ဝင်ငွေ ကျဆင်းခြင်းဟာ Apple အတွက် ဒါ ပထမဆုံး ဖြစ်ပါတယ်။

ယခုလ အစောပိုင်းကတည်းက တင်ကွတ်က အိုင်ဖုန်း ရောင်းအားများ ကျဆင်းနိုင်တယ်ဆိုတာကို ရှယ်ယာရှင်များအား အသိပေးခဲ့ပါတယ်။ ယခုလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တင်ကွတ်က “ ကမ္ဘာ့ စီးပွားရေး ကျဆင်းနေပါတယ်။ အထူးသဖြင့် တရုတ်မှာပါ။ ဒေါ်လာဈေးလည်း မာနေတဲ့ အတွက် ရောင်းအား ကျဆင်းနိုင်ပါတယ်။ ဒါ့အပြင် အိုင်ဖုန်း ဘက်ထရီ လဲလှယ်ခများကို လျှော့ချပေးခဲ့တာကလည်း အိုင်ဖုန်း အသစ်များ ရောင်းအား ကျစေတဲ့ အချက်ပါ။ “ လို့ ရေးသားထားပါတယ်။

Ref : digitaltrends

ရောင်းအား မကောင်းလို့ iPhone တွေကို ဈေးလျှော့ရောင်းချမယ့် Tim Cook

%d bloggers like this: