Ooredoo Group မှ ပထမဆုံးအကြိမ် 5G ဖြင့် ဖုန်းခေါ်ဆိုခြင်းအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

Ooredoo Group မှ ပထမဆုံးသော နိုင်ငံတကာ 5G ဖုန်းခေါ်ဆိုမှု အား အောင်မြင်စွာ လက်တွေ့စမ်းသပ်နိုင်ခဲ့ကြောင်း ယနေ့တွင် အတည်ပြုကြေညာခဲ့သည်။

ဤ အူရီဒူး၏ ဖုန်းခေါ်ဆိုမှုအား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ တွင် Ooredoo Group၏ အမှုဆောင်အရာရှိချုပ် နှင့် အူရီဒူး ကူဝိတ်၏ အမှုဆောင်အရာရှိချုပ် ကြားတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ 5G ဖြင့် ဖုန်းခေါ်ဆိုပွဲအခမ်းအနားသို့ Ooredoo Group၊ အူရီဒူးကာတာ နှင့် အူရီဒူးကူဝိတ်မှ အကြီးတန်းအရာရှိများ အပြင် သက်ဆိုင်ရာ အစိုးရဝန်ထမ်းများ နှင့် ဖိတ်ကြားထားသော မီဒီယာများမှလည်း တက်ရောက်ခဲ့ပါသည်။

5G CPEs နှင့် ချိတ်ဆက်ပြီး 5G အမြန်နှုန်း 1 Gbps နှင့် အထက်ကို အသုံးပြု၍ များပြားထူးခြားသော အလားအလာရှိသည့် 5G ကွန်ရက်အား လက်တွေ့အသုံးပြုပြသခဲ့ပါသည်။

အူရီဒူးကာတာသည် 5G ကွန်ရက်အား စတင်ဖြန့်ကြက်နိုင်သည့် ကမ္ဘာ့  ပထမဆုံးသော အော်ပရေတာဖြစ်လာခဲ့ပြီး ၂၀၁၈ခုနှစ် မေလမှ စတင်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ 5G ကွန်ရက်သုံး ဟန်းဆက်များ ဈေးကွက်အတွင်းတွင် ရရှိလာနိုင်ရန်တွက် အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။ 5G သည် အလွန် မြန်ဆန်သော အင်တာနက်အမြန်နှုန်း၊ အလွန်များပြားသော throghput နှင့် latency နည်းပါးမှု တို့ကြောင့်   မိုဘိုင်းဖုန်းကဏ္ဍနှင့် ကြိုးဖြင့် ချိတ်ဆက်မှုများကိုပါ ပြောင်းလဲနိုင်သော ကွန်ရက်တစ်ခုဖြစ်လာသည်။

ထို့အပြင် အူရီဒူးကူဝိတ်သည် ၎င်းတို့၏ သုံးစွဲသူပြည်သူများအတွက်၂၀၁၈ခုနှစ် ဇွန်လတွင် 5G ကနဦး စတင်မှုကို ကြေညာခဲ့ပါသည်။ ထို 5G  ကနဦး စတင်မှုသည် ၂၀၁၉ခုနှစ်တွင် အနာဂတ် အင်တာနက်တိုးတက်ပြောင်းလဲရေး အတွက်  ကုမ္ပဏီအနေနှင့် ကူဝိတ်နိုင်ငံအနှံ့ ၌ အကြီးမားဆုံးသော ကွန်ရက်ဖြန့်ကြက်နိုင်ရန်  ပြင်ဆင်ခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်မှာ Ooredoo Group ၏ စီမံကိန်းများထဲမှ ဒေသအတွင်း 5Gကွန်ရက် အား ဖြန့်ကြက်နိုင်ရန်အတွက် စီစဉ်ထားသော စီမံကိန်းတစ်ခု ဖြစ်ပြီး ဒိုဟာတွင် မြင့်မားသော နည်းပညာစွမ်းရည်အသစ် အားစတင်နိုင်ရန်လည်း လုပ်ဆောင်လျက်ရှိသည်။

ယခုလက်ရှိတွင် ကာတာ နှင့် ကူဝိတ် 5G ကွန်ရက် များတစ်လျှောက် 5G စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ပြီး အူရီဒူးမှလည်း 5G ၏ များပြားထူးခြားသောလုပ်ဆောင်နိုင်မှုများကို လက်တွေ့သရုပ် ပြသခဲ့ပြီးဖြစ်သည်။ ထိုလက်တွေ့သရုပ်ပြမှုများအနက် မောင်းသူမဲ့ လေကြောင်းပို့ဆောင်မှု၊ ရွေ့လျားမော်တော်ယာဉ် အတွက် 5G Broadband နှင့် သူမတူထူးခြားသော ဂိမ်းအရည်အသွေး များပါဝင်သည်။

ဤကြေညာချက်အရ အူရီဒူးသည် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် အပြိုင် 5G ဖုန်းခေါ်ဆိုမှုအား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဖြစ်သည်။

Ooredoo Group၏ အမှုဆောင်အရာရှိချုပ်  ဖြစ်သူ Sheikh Saud Bin Nasser Al Thani  မှ ဤမှတ်တိုင်အကြောင်းနှင့် စပ်လျဉ်း၍ ယခုလိုပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ 5G ကွန်ရက်ကို စတင်ဖြန့်ကြက်နိုင်တဲ့ ကမ္ဘာ့  ပထမဆုံးသော အော်ပရေတာဖြစ်လာခဲ့ပြီး ဈေးကွက်တွင်း ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့်အရမ်းကို ဝမ်းသာပါတယ်။ ဒီနေ့မှာလဲ ပထမဆုံးသော နိုင်ငံတကာ 5G ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာ ခေါ်ဆိုနိုင်ခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေ့တန်းကနေ ရပ်တည်ပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ 5G ရဲ့စွမ်းဆောင်ရည်တွေကို ပထမဆုံးခံစားခွင့်ရနိုင်အောင်လုပ်ဖို့က ကျွန်တော်တို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ဒီဖုန်းခေါ်ဆိုမှုကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာဟာ 5G ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေးအတွက် အရမ်းကိုအရေးပါတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်မိပါတယ်။” ဟုပြောခဲ့သည်။

အူရီဒူး၏ အသေးစိတ်သတင်းအချက်အလက်များ နှင့် 5G ကွန်ရက်နှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို သိရှိလိုပါက ooredoo.qa. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

#ooredoo

%d bloggers like this: