0 Shares 196 Views

ဂိမ်းသမားတွေရဲ့ အိပ်မက်ကို အထောင်အထည်ဖော်ပေးလိုက်တဲ့ Razer ရဲ့ Blade Stealth လက်ပ်တော့

razer-stealth-ultrabook-desktop-graphics-1

ဂိမ်းနဲ့ သက်ဆိုင်တဲ့ hardware ပစ္စည်းတွေကို ထုတ်လုပ်ရာမှာနာမည်ကျော်တဲ့ Razer ဟာ ယခုအခါ ၁၂.၅ လက်မ အရွယ် Razer Blade Stealth လက်ပ်တော့ကို ထုတ်လုပ်လိုက်ပါပြီ။ Stealth ဟာ တခြား gaming laptop တွေနဲ့ မတူဘဲ ပါးလျ၊ပေါ့ပါးရုံသာမက၊ desktop ကွန်ပြုတာမှာတပ်ဆင်နိုင်တဲ့ graphic card ဘယ်အမျိုးအစား ကိုမဆို ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် စွမ်းဆောင်ရည်အမြင့်စား လက်ပ်တော့တစ်လုံးလို့ ဆိုရမှာပါ။

Razer က ထုတ်လုပ်တဲ့တခြားလက်ပ်တော့တွေလိုပဲ Stealth ကို အလူမီနီယမ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထား ပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာက လက်ပ်တော့ဟာ ၀.၅၂ လက်မပဲ အထူရှိပြီး Apple ရဲ့ MacBook Air ထက် ပိုမိုပါးလျပါတယ်။ အလေးချိန်မှာ Stealth ဟာ ၂.၇၅ ပေါင်သာရှိပြီး MacBook Air ကတော့ ၂.၉၆ ပေါင် ရှိပါတယ်။

ဒီလို ပါးလျ၊ပေါ့ပါးရတဲ့အကြောင်းရင်းကတော့ Razer ဟာ လက်ပ်တော့မှာ ဂိမ်းအတွက် graphic card သက်သက်ထပ်မစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကွန်ပြူတာ RAM ကနေ မျှသုံးမယ့် integrated graphic card Intel HD Graphics 520 ပဲ စိုက်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မပျက်လိုက်ပါနဲ့ ။ Razer ရဲ့ ယခု လက်ပ်တော့မှာ USB Type-C အပေါက်ပါဝင်ပြီး graphic card ထည့်ပြီး လက်ပ်တော့ကိုချိတ်ဆက်နိုင်တဲ့ Razer Core ပုံးကနေတဆင့် လက်ပ်တော့ကို ချိတ်ဆက်ကာ အမြင့်စားဂိမ်းတွေကို ဆော့နိုင်မှာဖြစ်ပါတယ်။

Razer Core ဆိုတာ ဂရပ်ဖစ်ကတ်နှစ်ကတ်တစ်ပြိုင်တည်းစိုက်သုံးနိုင်တဲ့ သီးသန့် စက်ပုံးတစ်ခုဖြစ်ပါတယ်။ USB-C ကနေတဆင့် Stealth နဲ့ Core ဂရပ်ဖစ်ပုံးတို့ ကိုချိတ်ဆက်လိုက်တဲ့အခါမှာ Laptop ဟာ Core ထဲမှာ ထည့်သွင်းထားတဲ့ ဂရပ်ဖစ်ကတ်အတိုင်းစွမ်းဆောင်ရည်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီနည်းနဲ့ ဂိမ်းသမားတွေဟာ နောက်ဆုံးပေါ်နဲ့ အမြင့်ဆုံး ကွန်ပြုတာဂိမ်းတွေကို လက်ပ်တော့ပေါ်မှာတင် desktop ပေါ်မှာ ဆော့နေရတဲ့ ခံစားမှုအလား ဆော့နိုင်ပြီဖြစ်ပါတယ်။

ဒီထက်ပိုမိုက်တာတစ်ခုကတော့ Core external graphic card စက်မှာ Nvidia ဖြစ်ဖြစ် AMD ဖြစ်ဖြစ် ကြိုက်တဲ့ ကတ်ကို စိုက်သုံးနိုင်သလို ကိုယ့် ဂရပ်ဖစ်ကတ်က ခေတ်မမီတော့ရင်လည်း အသစ်တစ်ခုအလွယ်တကူ လဲသုံးနိုင်မှာဖြစ်ပါတယ်။

Stealth လက်ပ်တော့ဟာ 2.5 GHz အနည်းဆုံးရှိပြီး 3.1 GHz အထိအမြင့်ဆုံးစွမ်းဆောင်နိုင်တဲ့ Core i7 ပရိုဆက်ဆာကို အသုံးပြုထားပြီး DDR3 8GB ၊ storage 512 GB ပါရှိပါတယ်။ QHD ရုပ်ထွက်ပြတ်သားမှု နဲ့ Stealth လက်ပ်တော့ကို ဒေါ်လာ ၁၀၀၀ နဲ့ ဝယ်ယူနိုင်ပြီး 4K resolution ရှိတဲ့ Stealth လက်ပ်တော့ကို တော့ ဒေါ်လာ ၁၄၀၀ နဲ့ ဝယ်ယူနိုင်ပါတယ်။ Core ရဲ့ ဈေးနှုန်းကိုတော့ ကြေငြာရခြင်းမရှိသေးပါဘူး။

Capture

Ref: Extremetech

 

 

 

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category