0 Shares 1217 Views

Apple AirPods ကို လွ်ိဳ႕၀ွက္ အသံဖမ္း စက္ အျဖစ္ သံုးေနၾက

Jan 14, 2019
0 1217

Apple AirPods ရဲ႕ လုပ္ေဆာင္ခ်က္ တစ္ခုကေန အျခား လူမ်ားရဲ႕ ေျပာစကားမ်ားကို ခိုးနားေထာင္ေနတဲ့ ျဖစ္ရပ္မ်ား ျဖစ္ပြားေနပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလက ျဖန္႔ခ်ီခဲ့တဲ့ iOS 12 Update မွာ AirPods အတြက္ Live Listen Feature ကို ထည့္သြင္းေပးခဲ့ပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ဟာ Made for iPhone Hearing Aid Program ေအာက္မွာ မွတ္ပံုတင္ထားတဲ့ နားၾကား အေထာက္အကူျပဳ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။

Live Listen က အသံဆူညံတဲ့ ေနရာမ်ားမွာ အိုင္ဖုန္းကို Directional Microphone အျဖစ္ အသံုးျပဳႏုိင္ၿပီး AirPods ကို နားၾကား အကူကိရိယာ အျဖစ္ အသံုးျပဳႏုိင္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို အသံုးျပဳဖို႔ အတြက္ Settings> Control Center Menu > Customize Controls ထဲသြားပါ။ Hearing Icon ရဲ႕ ေဘးမွ Plus Sign ကို ႏွိပ္ၿပီး Control Center မွာ ထည့္သြင္းပါ။

Apple က အၾကား အာရံု မေကာင္းသူမ်ား အတြက္ ဒီလုပ္ေဆာင္ခ်က္ကို AirPods မွာ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူအခ်ိဳ႕က အျခား လူမ်ားရဲ႕ ေျပာစကားမ်ားကို ခိုးနားေထာင္ေနၾကပါတယ္။ ဥပမာအားျဖင့္ အခန္းတစ္ခုထဲမွာ အိုင္ဖုန္းကို ထားသြားၿပီး အေ၀းတစ္ေနရာကေန AirPods ျဖင့္ ခိုးနားေထာင္ႏုိင္ပါတယ္။

ဒီလို တလြဲ အသံုးျပဳလို႔ ရတဲ့ နည္းလမ္းကို တြစ္တာမွာ မွ်ေ၀မႈေပါင္း အႀကိမ္ ၅၀ ၀၀၀ ေက်ာ္ ရွိေနၿပီး Likes ေပါင္း ၁၅၂ ၀၀၀ ရရွိေနပါတယ္။ အဲဒီ Tweet ကို တင္ခဲ့သူကပဲ စာေမးပြဲမ်ားမွာ ဒီနည္းလမ္းနဲ႔ စာခိုးခ်လို႔ရတယ္ဆိုတာကိုလည္း လမ္းညႊန္ထားပါတယ္။

Ref : digitaltrends

[Unicode]

Apple AirPods ကို လျှို့ဝှက် အသံဖမ်း စက် အဖြစ် သုံးနေကြ

Apple AirPods ရဲ့ လုပ်ဆောင်ချက် တစ်ခုကနေ အခြား လူများရဲ့ ပြောစကားများကို ခိုးနားထောင်နေတဲ့ ဖြစ်ရပ်များ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြန့်ချီခဲ့တဲ့ iOS 12 Update မှာ AirPods အတွက် Live Listen Feature ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ Made for iPhone Hearing Aid Program အောက်မှာ မှတ်ပုံတင်ထားတဲ့ နားကြား အထောက်အကူပြု လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Live Listen က အသံဆူညံတဲ့ နေရာများမှာ အိုင်ဖုန်းကို Directional Microphone အဖြစ် အသုံးပြုနိုင်ပြီး AirPods ကို နားကြား အကူကိရိယာ အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ အတွက် Settings> Control Center Menu > Customize Controls ထဲသွားပါ။ Hearing Icon ရဲ့ ဘေးမှ Plus Sign ကို နှိပ်ပြီး Control Center မှာ ထည့်သွင်းပါ။

Apple က အကြား အာရုံ မကောင်းသူများ အတွက် ဒီလုပ်ဆောင်ချက်ကို AirPods မှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအချို့က အခြား လူများရဲ့ ပြောစကားများကို ခိုးနားထောင်နေကြပါတယ်။ ဥပမာအားဖြင့် အခန်းတစ်ခုထဲမှာ အိုင်ဖုန်းကို ထားသွားပြီး အဝေးတစ်နေရာကနေ AirPods ဖြင့် ခိုးနားထောင်နိုင်ပါတယ်။

ဒီလို တလွဲ အသုံးပြုလို့ ရတဲ့ နည်းလမ်းကို တွစ်တာမှာ မျှဝေမှုပေါင်း အကြိမ် ၅၀ ၀၀၀ ကျော် ရှိနေပြီး Likes ပေါင်း ၁၅၂ ၀၀၀ ရရှိနေပါတယ်။ အဲဒီ Tweet ကို တင်ခဲ့သူကပဲ စာမေးပွဲများမှာ ဒီနည်းလမ်းနဲ့ စာခိုးချလို့ရတယ်ဆိုတာကိုလည်း လမ်းညွှန်ထားပါတယ်။

Ref : digitaltrends

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category