1033 Shares 104 Views

စတင္ ထုတ္လုပ္ေနၿပီ ျဖစ္တဲ့ Apple AirPower Wireless Charging Mat

Jan 14, 2019
1033 104

Apple က AirPower Charging Mat ကို ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ iPhone 8 , 8 Plus , iPhone X မ်ားနဲ႔အတူ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Apple မွာဆို iPhone X, iPhone 8 နဲ႔ iPhone 8 Plus တုိ႔က ပထမဆံုးၾကိဳးမဲ့အားသြင္းစနစ္ကိုေထာက္ပံ့ေပးတဲ့ဖုန္းေတြျဖစ္ျပီး သတၱဳကိုယ္ထည္ကေန ဖန္ကိုယ္ထည္ေျပာင္းဖို႔ေတာင္ အခ်ိန္ေတာ္ေတာ္ယူလိုက္ရပါတယ္။ ၾကိဳးမဲ့အားသြင္းစနစ္ကိုေထာက္ပံ့ေပးေပမယ့္ သူ႔ရဲ႕ကိုယ္ပုိင္ Wireless Charger Pad ေတြထြက္မလာႏုိင္ေသးတဲ့အတြက္ Third-Party Device ေတြကိုပဲသံုးလို႔ရေသးတာပါ။

ႀကိဳးမဲ့ အားသြင္းစက္ကို ေၾကညာတဲ့ အခ်ိန္မွာ Apple က သူ႔ကို ၂၀၁၈ ခုႏွစ္က်မွသာ ေရာင္းခ်မယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ မတ္လမွာ သူ႔ကို ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ မထြက္ျဖစ္ခဲ့ပါဘူး။ နည္းပညာ အခက္အခဲမ်ားေၾကာင့္ ထုတ္လုပ္ေရာင္းခ်ႏုိင္ျခင္း မရွိေသးဘူးလို႔ ဇြန္လမွာ သတင္းထြက္လာပါတယ္။

အခုေတာ့ ChargerLAB က Luxshare Precision က Apple ရဲ႕ ႀကိဳးမဲ့ အားသြင္းစက္ကို စတင္ ထုတ္လုပ္ေနၿပီလို႔ ေျပာပါတယ္။ Luxshare Precision ဟာ Apple USB-C Cables နဲ႔ AirPods မ်ားကို ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။ Apple က သူ႔ကို ေရာင္းခ်မယ့္ သတင္းကို မၾကာခင္မွာ ေၾကညာႏုိင္တယ္လို႔လည္း ေျပာပါတယ္။

Apple AirPower Wireless Charging Mat ဟာ iPhone , Apple Watch နဲ႔ AirPods မ်ားကို တစ္ၿပိဳင္နက္ အားသြင္းေပးႏုိင္ပါတယ္။ iPhone, Apple Watch 3 နဲ႔ AirPod ေတြကို ဒီ AirPower နဲ႔အားသြင္းဖို႔ ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့မသိေသးပါဘူး။ ေစ်းႏႈန္းအတိအက်လည္း မသိရေသးေပမယ့္ $199 ဝန္းက်င္ေလာက္ရိွမယ္လို႔ေတာ့ မွန္းထားပါတယ္။

Ref : gsmarena

[Unicode]

စတင် ထုတ်လုပ်နေပြီ ဖြစ်တဲ့ Apple AirPower Wireless Charging Mat

Apple က AirPower Charging Mat ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ iPhone 8 , 8 Plus , iPhone X များနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Apple မှာဆို iPhone X, iPhone 8 နဲ့ iPhone 8 Plus တို့က ပထမဆုံးကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးတဲ့ဖုန်းတွေဖြစ်ပြီး သတ္တုကိုယ်ထည်ကနေ ဖန်ကိုယ်ထည်ပြောင်းဖို့တောင် အချိန်တော်တော်ယူလိုက်ရပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးပေမယ့် သူ့ရဲ့ကိုယ်ပိုင် Wireless Charger Pad တွေထွက်မလာနိုင်သေးတဲ့အတွက် Third-Party Device တွေကိုပဲသုံးလို့ရသေးတာပါ။

ကြိုးမဲ့ အားသွင်းစက်ကို ကြေညာတဲ့ အချိန်မှာ Apple က သူ့ကို ၂၀၁၈ ခုနှစ်ကျမှသာ ရောင်းချမယ်လို့ ပြောသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ သူ့ကို ရောင်းချတော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် မထွက်ဖြစ်ခဲ့ပါဘူး။ နည်းပညာ အခက်အခဲများကြောင့် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ ဇွန်လမှာ သတင်းထွက်လာပါတယ်။

အခုတော့ ChargerLAB က Luxshare Precision က Apple ရဲ့ ကြိုးမဲ့ အားသွင်းစက်ကို စတင် ထုတ်လုပ်နေပြီလို့ ပြောပါတယ်။ Luxshare Precision ဟာ Apple USB-C Cables နဲ့ AirPods များကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Apple က သူ့ကို ရောင်းချမယ့် သတင်းကို မကြာခင်မှာ ကြေညာနိုင်တယ်လို့လည်း ပြောပါတယ်။

Apple AirPower Wireless Charging Mat ဟာ iPhone , Apple Watch နဲ့ AirPods များကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ iPhone, Apple Watch 3 နဲ့ AirPod တွေကို ဒီ AirPower နဲ့အားသွင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာတော့မသိသေးပါဘူး။ ဈေးနှုန်းအတိအကျလည်း မသိရသေးပေမယ့် $199 ဝန်းကျင်လောက်ရှိမယ်လို့တော့ မှန်းထားပါတယ်။

Ref : gsmarena

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category