48 Shares 55 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jan 14, 2019
48 55

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Knister Grill

အသားကင္စက္မ်ားဟာ ေလးလံ၊ ႀကီးမားၿပီး ေပ်ာ္ပြဲစားထြက္ဖို႔အတြက္ေတာ့ အဆင္မေျပပါဘူး။ သိပ္သည္းက်စ္လစ္ၿပီး သြားေလရာ လြယ္ကူစြာ ယူေဆာင္သြားခ်င္ရင္ေတာ့ Knister Grill ကို အသုံုးျပဳပါ။ သူ႔ကိုစက္ဘီး လက္ကိုင္ဘားတန္းမွာ လြယ္ကူစြာ ခ်ိတ္ဆြဲသြားႏုိင္ပါတယ္။ သူဟာ ၄.၅ ကီလိုဂရမ္သာ အေလးခ်ိန္ရွိပါတယ္။ သူ႔ထဲမွာ မီးေသြးမ်ား၊ ထင္းမ်ား၊ လက္သုတ္ပ၀ါမ်ား၊ အစားအစာမ်ားကို ထည့္သြင္းထားႏုိင္ပါတယ္။ အဲဒီအတြက္ အစားအစာမ်ား သယ္ေဆာင္ဖို႔ အပိုျခင္းမ်ား မလိုေတာ့ပါဘူး။

လူ ၁၀ ေယာက္အထိ အသားကင္စားဖို႔ သူက အဆင္ေျပပါတယ္။ လူ ၂ ေယာက္၊ ၃ ေယာက္သာ စားမယ္ဆိုရင္ေတာ့ သူ႔ထဲမွာ ေနရာလြတ္မ်ား ရွိေနပါေသးတယ္။ သူ႔မွာ အခန္းႏွစ္ခုပါၿပီး က်ယ္တဲ့ အခန္းမွာ အသား၊ ငါးမ်ား ထည့္ထားႏုိင္ပါတယ္။ အခန္းငယ္ထဲမွာ ဟင္းသီးဟင္းရြက္မ်ားကို ထည့္သြင္းႏုိင္ပါတယ္။ သူ႔ကို သန္႔ရွင္းေရး ျပဳလုပ္ဖို႔အတြက္လည္း အဆင္ေျပပါတယ္။ အစိတ္အပိုင္းမ်ားကို တစ္စစီ ျဖဳတ္ၿပီး သန္႔စင္ႏုိင္ပါတယ္။

Lynq

သင့္ သူငယ္ခ်င္း ၊ မိသားစုမ်ားနဲ႔အတူ ခရီးထြက္ရတာ ေပ်ာ္စရာေကာင္း ပါတယ္။ စြန္႔စားခရီးမ်ားသြားရင္ေတာ့ ပိုၿပီး စိတ္လႈပ္ရွားေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ မေမွ်ာ္လင့္တဲ့ အႏၱရာယ္မ်ားဟာ က်ေရာက္လာတတ္ပါတယ္။ လူေပ်ာက္သြားျခင္းမ်ား ၊ ဖုန္းလိုင္း မမိျခင္းမ်ားလည္း ျဖစ္သြားႏုိင္ပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ Lynq က ကူညီေပးႏုိင္ပါတယ္။ သူက တည္ေနရာ ညႊန္ျပတဲ့ ကိရိယာေလး ျဖစ္ပါတယ္။ သူ႔ကို သင့္ကိုယ္မွာ ခ်ိတ္ဆြဲထားရင္ သင့္တည္ေနရာကို သင့္ သူငယ္ခ်င္း၊ မိသားစုမ်ားက သိႏုိင္ပါတယ္။ လူမ်ားမွာသာမက သင့္ ကေလးငယ္မ်ား၊ အိ္မ္ေမြးတိရိစာၦန္မ်ားမွာလည္း သူ႔ကို ခ်ိတ္ဆြဲထားႏုိင္ပါတယ္။

လူမ်ားလြန္းတဲ့ ပြဲေတာ္မ်ားမွာလည္း လူမေပ်ာက္သြားေအာင္ သူက သင့္္ေတာ္ပါတယ္။ အယ္ဇိုင္းမား ေ၀ဒနာရွင္ လူႀကီးမ်ားအတြက္လည္း သူ႔ကို သုံးႏုိင္ပါတယ္။ သူက တည္ေနရာကို အခ်ိန္နဲ႔ တစ္ေျပးညီ ျပသေပးပါတယ္။ အကြာအေ၀းနဲ႔ လမ္းညႊန္မႈမ်ားလည္း ပါပါတယ္။ သူ႔ကို သံုးဖို႔ ဖုန္းလိုင္း၊ ေျမပံုမ်ားလည္း မလိုအပ္ပါဘူး။ သူ႔ရဲ႕ ဘက္ထရီဟာ ၃ ရက္ေလာက္ ခံပါတယ္။ ေရစိုခံၿပီး မာေက်ာပါတယ္။ သူဟာ App , Bluetooth မ်ားကို မွီခိုထားျခင္း မရွိပါဘူး။ ၁၅၄ ေဒၚလာ တန္ေၾကးရွိပါတယ္။

MClimate Maya Smart Robot Vacuum Cleaner

MClimate Maya Smart Robot Vacuum Cleaner က စက္ရုပ္ ဖုန္စုပ္စက္ ျဖစ္ပါတယ္။ သူ႔ကို ၀ယ္ထားရင္ေတာ့ သင့္ အိမ္ရဲ႕ သန္႔ရွင္းေရး ကိစၥမ်ားကို လွည့္ေတာင္ ၾကည့္စရာ မလိုေတာ့ပါဘူး။ သူဟာ သန္႔ရွင္းေရး အလုပ္ကို အလိုအေလွ်ာက္ ျပဳလုပ္ႏိုင္ပါတယ္။ သင္ ေနအိမ္ ျပင္ပ ေရာက္ေနရင္ေတာင္ သူ႔ကို ထိန္းခ်ဳပ္ႏုိင္မယ့္ App တစ္ခုကို ဖန္တီးေပးထားပါတယ္။

သူက အတားအဆီးမ်ားကို ေရွာင္လႊားၿပီး သန္႔ရွင္းေရး ျပဳလုပ္ေပးပါတယ္။ ဒီလို ေရွာင္လႊားဖို႔အတြက္ သူက Bionic Sound Wave နည္းပညာကို အသံုးျပဳထားပါတယ္။ App ကေန အခ်ိန္ဇယား သတ္မွတ္ၿပီးလည္း သူ႔ကို ခိုင္းေစႏုိင္ပါတယ္။ သန္႔ရွင္းေရး လုပ္ရမယ့္ ေနရာကိုပါ သတ္မွတ္ႏုိင္ပါတယ္။ သူ႔မွာ ကင္မရာ တပ္ဆင္ထားတဲ့အတြက္ သန္႔ရွင္းေရး အေျခအေနကို သင္က App ကေန ေစာင့္ၾကည့္ႏုိင္ပါတယ္။ ကင္မရာ ကေန ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားေတာင္ ရိုက္ႏုိင္ပါတယ္။ ၃၇၇.၇၇ ေဒၚလာ သတ္မွတ္ထားပါတယ္။

[Unicode]

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Knister Grill

အသားကင်စက်များဟာ လေးလံ၊ ကြီးမားပြီး ပျော်ပွဲစားထွက်ဖို့အတွက်တော့ အဆင်မပြေပါဘူး။ သိပ်သည်းကျစ်လစ်ပြီး သွားလေရာ လွယ်ကူစွာ ယူဆောင်သွားချင်ရင်တော့ Knister Grill ကို အသုံးပြုပါ။ သူ့ကိုစက်ဘီး လက်ကိုင်ဘားတန်းမှာ လွယ်ကူစွာ ချိတ်ဆွဲသွားနိုင်ပါတယ်။ သူဟာ ၄.၅ ကီလိုဂရမ်သာ အလေးချိန်ရှိပါတယ်။ သူ့ထဲမှာ မီးသွေးများ၊ ထင်းများ၊ လက်သုတ်ပဝါများ၊ အစားအစာများကို ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီအတွက် အစားအစာများ သယ်ဆောင်ဖို့ အပိုခြင်းများ မလိုတော့ပါဘူး။

လူ ၁၀ ယောက်အထိ အသားကင်စားဖို့ သူက အဆင်ပြေပါတယ်။ လူ ၂ ယောက်၊ ၃ ယောက်သာ စားမယ်ဆိုရင်တော့ သူ့ထဲမှာ နေရာလွတ်များ ရှိနေပါသေးတယ်။ သူ့မှာ အခန်းနှစ်ခုပါပြီး ကျယ်တဲ့ အခန်းမှာ အသား၊ ငါးများ ထည့်ထားနိုင်ပါတယ်။ အခန်းငယ်ထဲမှာ ဟင်းသီးဟင်းရွက်များကို ထည့်သွင်းနိုင်ပါတယ်။ သူ့ကို သန့်ရှင်းရေး ပြုလုပ်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ အစိတ်အပိုင်းများကို တစ်စစီ ဖြုတ်ပြီး သန့်စင်နိုင်ပါတယ်။

Lynq

သင့် သူငယ်ချင်း ၊ မိသားစုများနဲ့အတူ ခရီးထွက်ရတာ ပျော်စရာကောင်း ပါတယ်။ စွန့်စားခရီးများသွားရင်တော့ ပိုပြီး စိတ်လှုပ်ရှားပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ အန္တရာယ်များဟာ ကျရောက်လာတတ်ပါတယ်။ လူပျောက်သွားခြင်းများ ၊ ဖုန်းလိုင်း မမိခြင်းများလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ Lynq က ကူညီပေးနိုင်ပါတယ်။ သူက တည်နေရာ ညွှန်ပြတဲ့ ကိရိယာလေး ဖြစ်ပါတယ်။ သူ့ကို သင့်ကိုယ်မှာ ချိတ်ဆွဲထားရင် သင့်တည်နေရာကို သင့် သူငယ်ချင်း၊ မိသားစုများက သိနိုင်ပါတယ်။ လူများမှာသာမက သင့် ကလေးငယ်များ၊ အိမ်မွေးတိရိစ္ဆာန်များမှာလည်း သူ့ကို ချိတ်ဆွဲထားနိုင်ပါတယ်။

လူများလွန်းတဲ့ ပွဲတော်များမှာလည်း လူမပျောက်သွားအောင် သူက သင့်တော်ပါတယ်။ အယ်ဇိုင်းမား ဝေဒနာရှင် လူကြီးများအတွက်လည်း သူ့ကို သုံးနိုင်ပါတယ်။ သူက တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးပါတယ်။ အကွာအဝေးနဲ့ လမ်းညွှန်မှုများလည်း ပါပါတယ်။ သူ့ကို သုံးဖို့ ဖုန်းလိုင်း၊ မြေပုံများလည်း မလိုအပ်ပါဘူး။ သူ့ရဲ့ ဘက်ထရီဟာ ၃ ရက်လောက် ခံပါတယ်။ ရေစိုခံပြီး မာကျောပါတယ်။ သူဟာ App , Bluetooth များကို မှီခိုထားခြင်း မရှိပါဘူး။ ၁၅၄ ဒေါ်လာ တန်ကြေးရှိပါတယ်။

MClimate Maya Smart Robot Vacuum Cleaner

MClimate Maya Smart Robot Vacuum Cleaner က စက်ရုပ် ဖုန်စုပ်စက် ဖြစ်ပါတယ်။ သူ့ကို ဝယ်ထားရင်တော့ သင့် အိမ်ရဲ့ သန့်ရှင်းရေး ကိစ္စများကို လှည့်တောင် ကြည့်စရာ မလိုတော့ပါဘူး။ သူဟာ သန့်ရှင်းရေး အလုပ်ကို အလိုအလျှောက် ပြုလုပ်နိုင်ပါတယ်။ သင် နေအိမ် ပြင်ပ ရောက်နေရင်တောင် သူ့ကို ထိန်းချုပ်နိုင်မယ့် App တစ်ခုကို ဖန်တီးပေးထားပါတယ်။

သူက အတားအဆီးများကို ရှောင်လွှားပြီး သန့်ရှင်းရေး ပြုလုပ်ပေးပါတယ်။ ဒီလို ရှောင်လွှားဖို့အတွက် သူက Bionic Sound Wave နည်းပညာကို အသုံးပြုထားပါတယ်။ App ကနေ အချိန်ဇယား သတ်မှတ်ပြီးလည်း သူ့ကို ခိုင်းစေနိုင်ပါတယ်။ သန့်ရှင်းရေး လုပ်ရမယ့် နေရာကိုပါ သတ်မှတ်နိုင်ပါတယ်။ သူ့မှာ ကင်မရာ တပ်ဆင်ထားတဲ့အတွက် သန့်ရှင်းရေး အခြေအနေကို သင်က App ကနေ စောင့်ကြည့်နိုင်ပါတယ်။ ကင်မရာ ကနေ ဓါတ်ပုံနဲ့ ဗီဒီယိုများတောင် ရိုက်နိုင်ပါတယ်။ ၃၇၇.၇၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category