119 Shares 626 Views
Jan 14, 2019
119 626
Ref : digitaltrends
[Unicode]
PicoBrew က နေအိမ်သုံး ဘီယာချက် စက်များကို ပြသ
PicoBrew က နေအိမ်သုံး ဘီယာချက် စက်များ ထုတ်လုပ်တဲ့ နယ်ပယ်မှာ နာမည်ကြီးပါတယ်။ သူ့ရဲ့ စွမ်းရည်မြင့် Zymatic စက်များကို ရောင်းချနေတာ နှစ်အနည်းငယ် ရှိပါပြီ။ အခုလည်း CES 2019 မှာ သူ့ရဲ့ စွမ်းရည်မြင့် Z Series များကို ပြသလိုက်ပါတယ်။ သူတို့ကို နေအိမ်များမှာ သာမက စားသောက်ဆိုင်များ၊ ဘားများ၊ ဘီယာဆိုင်များမှာပါ အသုံးပြုနိုင်ပါတယ်။
အဲဒီ စက်များကို ယခင်နှစ် မတ်လက Digital Trends ကို ပြသထားပေမယ့် ယခုမော်ဒယ် အသစ်များမှာ တိုးတက်ကောင်းမွန်မှုများ ပါလာပါတယ်။ ယခင်က ဒေါ်လာ ၁၅၀၀ တန်ကြေးရှိပေမယ့် အခုတော့ ဒေါ်လာ ၂၂၀၀ အထိ မြင့်တက်သွားပါတယ်။ PicoBrew Z Series အသစ်များဟာ ဘီယာများ သာမက ကော်ဖီများကိုပါ ဖျော်နိုင်လာပါတယ်။
Z Series များကို မော်ဒယ် လေးခု ထုတ်လုပ်ထားပါတယ်။ Z1 ကို ဒေါ်လာ ၂၅၀၀ သတ်မှတ်ထားပြီး ၁၀ ဂါလန် ဝင်ဆန့်တဲ့ Z4 Model ဟာ ဒေါ်လာ ၈၅၀၀ အထိ တန်ကြေးရှိပါတယ်။ ကြိုတင်မှာယူမယ်ဆိုရင် ၇၃၀၀ ဒေါ်လာနဲ့ ရရှိမှာ ဖြစ်ပါတယ်။ PicoBrew Website ကနေ ဖေဖော်ဝါရီလ ၁၃ ရက်မှာ စတင် မှာယူနိုင်မှာ ဖြစ်ပါတယ်။
Z4 ဟာ ဘီယာ ၁၀ ဂါလန်ကို ချက်နိုင်ရုံ သာမက ၂.၅ ဂါလန် ဘီယာ လေးမျိုးုကို တစ်ပြိုင်နက် ချက်ပေးနိုင်ပါတယ်။ ကိုယ်ပိုင် ဘီယာချက်နည်းများကို အသုံးပြုနိုင်သလို ကမ္ဘာအဝန်းမှ ဘီယာချက်နည်း ၂၀၀ ကျော် ပါဝင်တဲ့ PicoPaks ကိုလည်း အသုံးပြုနိုင်ပါတယ်။
Ref : digitaltrends
You may be interested
မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား
NEWS, Softwares & Application, Tech Update
0 shares0 views
မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား
Ko Thuya - Mar 25, 2019
ရုရှားက စက်ရုပ် စစ်သားများကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းကို ဗီဒီယိုတစ်ခုကနေ မျှဝေလိုက်ပါတယ်။ ကရင်မလင်က မျှဝေလိုက်တဲ့ ဗီဒီယိုမှာ ရုရှားရဲ့ နောက်ဆုံးထုတ် ဒရုန်းနည်းပညာကို ပြသထားပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ တင့်ကားကို မြင်ရပါတယ်။ တင့်ကားဟာ သူ့ဘေးမှ စစ်သားရဲ့ သေနတ် ချိန်ရွယ်ရာ…
Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox
Ko Thuya - Mar 25, 2019
Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
141 shares67 views
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
Ko Thuya - Mar 25, 2019
ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…
Leave a Comment
Most from this category