306 Shares 101 Views

Xiaomi က Mi Soundbar ကို ကြေညာ

Jan 14, 2019
306 101





Ref : gsmarena

[Unicode]

Xiaomi က Mi Soundbar ကို ကွညော

ရှောင်မီက အိန္ဒိယမှာ Soundbar အသစ်ကို ကြေညာလိုက်ပါတယ်။ Mi Soundbar လို့ အမည်ပေးထားပြီး ရူပီး ၄၉၉၉ ( ၇၁ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီလ ၁၆ ရက်ကနေစပြီး Mi.com နဲ့ Mi Home Stores များကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Mi Soundbar မှာ Tweeter နဲ့ Woofer ၂ ခုစီ ထည့်သွင်းထားပါတယ်။ 28W Amplifier ပံ့ပိုးပေးထားပါတယ်။ ကြိုးမဲ့ ဆက်သွယ်မှု အတွက် Bluetooth 4.2 ပါပါတယ်။ သူ့ အတွက် Remote Control ကိုတော့ ထုတ်လုပ်ထားခြင်း မရှိပါဘူး။ ယခင် Soundbar များရဲ့ Remote Control ကို သူနဲ့ တွဲဖက် အသုံးပြုနိုင်မလား ဆိုတာကို မသိရသေးပါဘူး။ ဒီဇိုင်းက လှပပြီး ဈေးနှုန်းက ချိုသာပါတယ်။ အသံအရည်အသွေးကတော့ အခြား Soundbar များလိုပဲ သင့်တင့်ရုံသာ ရှိပါတယ်။

ရှောင်မီက တီဗီ အသစ် နှစ်လုံးကိုလည်း ကြေညာလိုက်ပါတယ်။ ပထမတစ်ခုက Mi LED TV 4X PRO 55 ဖြစ်ပြီး သူ့မှာ 4K HDR Display , 20W Speakers , Android TV OS အခြေပြု Xiaomi PatchWall UI , 64-bit Quad-core Amlogic Processor , 2GB RAM , 8GB Storage များ ပါပါတယ်။ Image Processing က ပိုကောင်းလာပါတယ်။ ရူပီး ၃၉ ၉၉၉ ( ၅၆၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

နောက်တစ်လုံးမှာ Mi LED TV 4A PRO 43 ဖြစ်ပြီး Full HD Display , 20W Speakers , PatchWall UI , Quad-core Amlogic Processor , 1GB RAM , 8GB Storage များ ထည့်သွင်းထားပါတယ်။ ရူပီး ၂၂ ၉၉၉ ( ၃၂၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ

Ko Thuya - Mar 25, 2019

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Apple, Gadgets, NEWS
40 shares24 views

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်

Nigma - Mar 25, 2019

Apple ပိုင်တဲ့ Beats က ကြိုးလုံးဝမပါတော့မယ့် Powerbeats earbuds နားကြပ်အသစ်ကို ဧပြီလအတွင်း မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ အရင် Powerbeats Wireless တွေတုန်းကလည်း ကြိုးမဲ့နားကြပ်ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ချိတ်ဆက်ထားတော့ ကြိုးတော့ ပါရှိပါသေးတယ်။ အသစ်ထွက်မယ့် Powerbeats က…

Leave a Comment

Most from this category